သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရာထူးကႏုတ္ထြက္သူ မေလးရွားဝန္ႀကီးခ်ဳပ္ အိမ္ေစာင့္အစိုးရအႀကီးအကဲအျဖစ္ဆက္ရွိ


မေလးရွားဝန္ႀကီးခ်ဳပ္ Muhyiddin Yassin

Zawgyi/Unicode

မေလးရွားႏိုင္ငံမွာ ႏိုင္ငံေရးျပႆနာေတြ လနဲ႔ခ်ီ ေပၚေပါက္ခဲ့ၿပီးတဲ့ေနာက္ တနလၤာေန႔က ႏုတ္ထြက္လိုက္တဲ့ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin ကို မေလးရွားဘုရင္က ေလာေလာဆယ္ အိမ္ေစာင့္အစိုးရ ဝန္ႀကီးခ်ဳပ္အျဖစ္ ယာယီဆက္ခန႔္ ထားပါတယ္။

ဝန္ႀကီးခ်ဳပ္ Yassin နဲ႔ သူ႔ရဲ႕ဝန္ႀကီးအဖြဲ႔ ႏုတ္ထြက္လႊာေတြကိုေတာ့ အေရးေပၚကတ္ဘိနက္ အစည္းအေဝးအၿပီး မၾကာခင္မွာပဲ ဘုရင္ Al-Sultan Abdullah ကို တင္သြင္းခဲ့တာပါ။ သူ႔အေပၚ လႊတ္ေတာ္အမတ္အမ်ားစုရဲ႕ ေထာက္ခံမႈမရေတာ့တဲ့အတြက္ ခုလို ႏုတ္ထြက္တာျဖစ္တဲ့အေၾကာင္း ဝန္ႀကီးခ်ဳပ္ Yassin က ႏုတ္ထြက္စာ တင္အၿပီး တႏိုင္ငံလုံးကိုထုတ္လႊင့္တဲ့ ႐ုပ္သံမိန႔္ခြန္းမွာ ေျပာဆိုသြားခဲ့ပါတယ္။

လႊတ္ေတာ္အမတ္ေတြကိုေတာ့ ႏိုင္ငံေရးအာဏာကို အသုံးခ်သူေတြ၊ သီးျခား လြတ္လပ္တဲ့ တရားစီရင္မႈေတြမွာ ဝင္စြက္ဖို႔ႀကိဳးစားသူေတြလို႔ ေျပာဆိုၿပီး သူ႔အေနနဲ႔ လႊတ္ေတာ္အမတ္ေတြနဲ႔အတူ ရပ္တည္မွာမဟုတ္ေၾကာင္းလည္း မေလးရွားျပည္သူေတြကို ေျပာဆိုခဲ့ပါတယ္။

ခုလို ဝန္ႀကီးခ်ဳပ္ Yassin ရာထူးက ႏုတ္ထြက္လိုက္ေပမဲ့ လတ္တေလာ မေလးရွားမွာ ကိုဗစ္ကပ္ေဘးေၾကာင့္ ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔ မျဖစ္ႏိုင္တာေၾကာင့္ လတ္တေလာ အိမ္ေစာင့္အစိုးရထဲမွာ ဝန္ႀကီးခ်ဳပ္ Yassin ကပဲ ဝန္ႀကီးခ်ဳပ္အျဖစ္ ဘုရင္က ယာယီဆက္ထားတာျဖစ္တဲ့အေၾကာင္း ဘုရင့္နန္းေတာ္က ေျဖရွင္းခ်က္ ထုတ္ထားပါတယ္။ ဝန္ႀကီးခ်ဳပ္သစ္ မခန႔္ခင္အခ်ိန္အထိေတာ့ Yassin ကပဲ အိမ္ေစာင့္အစိုးရ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္ တာဝန္ယူမွာျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Yassin ကေတာ့ အစိုးရလုပ္ငန္းေဆာင္တာေတြ ရပ္တန႔္မသြားေအာင္ အစိုးရအဖြဲ႕သစ္ ခ်က္ျခင္း ဖြဲ႔စည္းႏိုင္မယ္လို႔ေမွ်ာ္လင့္တဲ့အေၾကာင္း ႐ုပ္သံမိန႔္ခြန္းမွာ ေျပာဆိုထားပါတယ္။

======

Unicode

ရာထူးကနုတ်ထွက်သူ မလေးရှားဝန်ကြီးချုပ် အိမ်စောင့်အစိုးရအကြီးအကဲအဖြစ်ဆက်ရှိ

မလေးရှားနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ လနဲ့ချီ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် တနင်္လာနေ့က နုတ်ထွက်လိုက်တဲ့ ဝန်ကြီးချုပ် Muhyiddin Yassin ကို မလေးရှားဘုရင်က လောလောဆယ် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ယာယီဆက်ခန့် ထားပါတယ်။

ဝန်ကြီးချုပ် Yassin နဲ့ သူ့ရဲ့ဝန်ကြီးအဖွဲ့ နုတ်ထွက်လွှာတွေကိုတော့ အရေးပေါ်ကတ်ဘိနက် အစည်းအဝေးအပြီး မကြာခင်မှာပဲ ဘုရင် Al-Sultan Abdullah ကို တင်သွင်းခဲ့တာပါ။ သူ့အပေါ် လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုမရတော့တဲ့အတွက် ခုလို နုတ်ထွက်တာဖြစ်တဲ့အကြောင်း ဝန်ကြီးချုပ် Yassin က နုတ်ထွက်စာ တင်အပြီး တနိုင်ငံလုံးကိုထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောဆိုသွားခဲ့ပါတယ်။

လွှတ်တော်အမတ်တွေကိုတော့ နိုင်ငံရေးအာဏာကို အသုံးချသူတွေ၊ သီးခြား လွတ်လပ်တဲ့ တရားစီရင်မှုတွေမှာ ဝင်စွက်ဖို့ကြိုးစားသူတွေလို့ ပြောဆိုပြီး သူ့အနေနဲ့ လွှတ်တော်အမတ်တွေနဲ့အတူ ရပ်တည်မှာမဟုတ်ကြောင်းလည်း မလေးရှားပြည်သူတွေကို ပြောဆိုခဲ့ပါတယ်။

ခုလို ဝန်ကြီးချုပ် Yassin ရာထူးက နုတ်ထွက်လိုက်ပေမဲ့ လတ်တလော မလေးရှားမှာ ကိုဗစ်ကပ်ဘေးကြောင့် ရွေးကောက်ပွဲတွေကျင်းပဖို့ မဖြစ်နိုင်တာကြောင့် လတ်တလော အိမ်စောင့်အစိုးရထဲမှာ ဝန်ကြီးချုပ် Yassin ကပဲ ဝန်ကြီးချုပ်အဖြစ် ဘုရင်က ယာယီဆက်ထားတာဖြစ်တဲ့အကြောင်း ဘုရင့်နန်းတော်က ဖြေရှင်းချက် ထုတ်ထားပါတယ်။ ဝန်ကြီးချုပ်သစ် မခန့်ခင်အချိန်အထိတော့ Yassin ကပဲ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Yassin ကတော့ အစိုးရလုပ်ငန်းဆောင်တာတွေ ရပ်တန့်မသွားအောင် အစိုးရအဖွဲ့သစ် ချက်ခြင်း ဖွဲ့စည်းနိုင်မယ်လို့မျှော်လင့်တဲ့အကြောင်း ရုပ်သံမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

#MalaysiaPolitics #Malaysia #VOABurmese#မလေးရှားဝန်ကြီးချုပ်ယူဆင်#ရာထူးကနုတ်ထွက်#ဘုရင်အယ်လ်ဆူလ်တန်အဘ္ဘဒူလာ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG