သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ဘော်နီယိုသူပုန်နှိမ်နင်းမှုပြင်းထန်


မလေးရှားအစိုးရတပ်ဖွဲ့တွေ ဘော်နီယိုကျွန်းမှာ သူပုန်အဖွဲ့တွေကို ချေမုန်းနေစဉ်။ (မတ်လ ၈ ရက်၊ ၂၀၁၃)။
မလေးရှားအစိုးရတပ်ဖွဲ့တွေ ဘော်နီယိုကျွန်းမှာ သူပုန်အဖွဲ့တွေကို ချေမုန်းနေစဉ်။ (မတ်လ ၈ ရက်၊ ၂၀၁၃)။
မလေးရှားအာဏာပိုင်တွေက ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ ဆာဘားပြည်နယ်အတွင်း လူပေါင်း ၈၀ နီးပါးကို ဖမ်းဆီး လိုက်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း သယံဇာတပေါကြွယ်ဝတဲ့ ကျေးရွာ တရွာကို ဖိလစ်ပိုင် မူစလင် မျိုးနွယ်သူပုန်တွေက သိမ်းပိုက်ခဲ့တာကို ပြန်လည်ရှင်းလင်းခြေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း အခုလိုကြေညာလိုက်တာပါ။

စစ်သွေးကြွတယောက်ကို စနေနေ့မှာ ပစ်သတ်လိုက်တဲ့အကြောင်းလည်း ပြည်ထောင်စုရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ အစ္စမေးလ် အိုမာ ကပြောပါတယ်။ ဒါကြောင့် ကျူးကျော်သူတွေ ကို ချေမှုန်းနေတဲ့၊ ပြုလုပ်နေဆဲ စစ်ဆင်ရေးအတွင်း သေဆုံးသူ ဦးရေ ၆၀ ကျော်သွားပြီဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်ခိုက်မှုတွေကို ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်း နှိုးဆော်တဲ့ကြေညာချက် ထုတ်ပြန်လိုက်ပြီးတဲ့နောက် သူ့ကိုယ်သူ ဒီဒေသရဲ့ ဘုရင်ဖြစ်တယ်လို့ ပြောဆိုတဲ့ မူစလင်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျမာလူး ကီရမ်က အပစ်အခတ်ရပ်စဲဖို့ ကြာသပတေးနေ့မှာ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ မလေးရှားအာဏာပိုင်တွေကတော့ အခုလို အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး လုံး၀ လက်နက်ချတာကိုပဲ လက်ခံမယ်လို့ ပြောပါတယ်။
XS
SM
MD
LG