သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး အက်ဥပဒေ ပြင်ဆင်ရေး မလေးရှားအစိုးရကြိုးပမ်း

လုံခြုံရေး အက်ဥပဒေ ပြင်ဆင်ရေး မလေးရှားအစိုးရကြိုးပမ်း
လုံခြုံရေး အက်ဥပဒေ ပြင်ဆင်ရေး မလေးရှားအစိုးရကြိုးပမ်း

မလေးရှားနိုင်ငံမှာ တင်းကျပ်လှတဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေနှစ်ခုကိုပြင်ဆင်ဖို့ ဥပဒေကြမ်းကို မလေးရှားအစိုးရက ဒီကနေ့ တနင်္လာနေ့မှာ တင်သွင်းဖို့ရှိပါတယ်။ နောက်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် အစိုးရက ပြင်ဆင်နေတာနဲ့အမျှ ကျယ်ပြန့်တဲ့ ပြင်ဆင်ရေးဆိုင်ရာ အစီအစဉ်တရပ်ရဲ့ တစိတ်တပိုင်းအဖြစ် အခုလို လုပ်လိုက်တာဖြစ်ပါတယ်။

လူတယောက်ချင်းစီကို အသက်ရှင်နေထိုင်ခွင့် ပြု-မပြုအပေါ် ဆုံးဖြတ်ဖို့ ရဲတပ်ဖွဲ့ကို အခွင့်အာဏာအပ်နှင်းထားတဲ့ ၁၉၃၃ ခုနှစ် ဥပဒေတရပ်နဲ့ မလေးရှားလူမျိုးမဟုတ်သူတွေကို ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ၁၉၅၉ ခုနှစ် ဥပဒေတရပ်ကို ပယ်ဖျက်ပေးဖို့ အဆိုတွေကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်က် (Najib Razak) က လွှတ်တော်မှာ တင်သွင်းဖို့ စီစဉ်ထားပါတယ်။

မလေးရှားမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ပြည်တွင်းလုံခြုံရေးဥပဒေကိုလည်း နောက်နှစ်အစောပိုင်းမှာ ဖျက်သိမ်းပစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီဥပဒေအရ လူထောင်ပေါင်းများစွာကို တရားစစ်ဆေးတာမျိုး မလုပ်ဘဲ ထိန်းသိမ်းထားတာပါ။

အစိုးရရဲ့ ဒီကနေ့ကြေညာချက်ကို အတိုက်အခံတွေက ကြိုဆိုလိုက်ကြပေမဲ့ ခေတ်မမီတော့တဲ့ ဥပဒေတွေကို ဘာ ဥပဒေတွေနဲ့ အစားထိုးမှာလဲဆိုတာ စောင့်ကြည့်နေတုန်းပဲလို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG