သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာကိစ္စ မြန်မာကို မလေးရှား ကန့်ကွက်


ရိုဟင်ဂျာအရေး မလေးရှားနိုင်ငံမှာ ဆန္ဒပြနေကြစဉ် (နိုဝင်ဘာလ ၂၅ ရက် ၂၀၁၆)
ရိုဟင်ဂျာအရေး မလေးရှားနိုင်ငံမှာ ဆန္ဒပြနေကြစဉ် (နိုဝင်ဘာလ ၂၅ ရက် ၂၀၁၆)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် ပြုလုပ်နေတဲ့ အကြမ်းဖက် မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ မလေးရှားမှာရှိနေတဲ့ မြန်မာသံအမတ်ထံ မလေးရှား အစိုးရက ကန့်ကွက်စာ ပေးပို့မယ်လို့ မလေးရှားနိုင်ငံထုတ် New Straits Times အွန်လိုင်း သတင်းစာမှာ ရေးသားထားပါတယ်။

ကန့်ကွက်စာ ပေးပို့မယ့်အကြောင်း သောကြာနေ့က ပြုလုပ်တဲ့ အပတ်စဉ် အစိုးရဝန်ကြီးအဖွဲ့ စည်းဝေးပွဲမှာ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း မလေးရှား ဒုတိယဝန်ကြီးချုပ် ဒေါက်တာ Ahmad Zahid Hamidi က ပြောကြောင်း သတင်းစာမှာ ကိုးကား ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် တခြား အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခွင့် မရှိပေမယ့် မလေးရှားနိုင်ငံအနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စအ တွက် အထူး စိုးရိမ်ပူပန်မိတယ်ဆိုတာကို ကမ္ဘာကသိစေချင်ကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ ညစာစားပွဲ တခုမှာ ဒုဝန်ကြီးချုပ် က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေ၊ ရိုဟင်ဂျာတွေနဲ့ သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၉ နာရီမှာ လူတွေ စုဝေးကြဖို့ စီစဉ်ထားကြောင်းလည်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။

အဲဒီ စုဝေးပွဲ အခမ်းအနားကို ဝန်ကြီးချုပ် Najib Razak ၊ သူနဲ့ တခြား ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီးချုပ် ဒေါက်တာ Hamidi က ပြောပါတယ်။

တက္ကသိုလ်ကျောင်းသားဟောင်းတွေနဲ့ တခြား အစိုးရမဟုတ်တဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းတွေလည်း အဲဒီ စုဝေးပွဲကို တက်ရောက်ကြဖို့ ဒုဝန်ကြီးချုပ် Hamidi က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG