သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးဝန်ကြီးချုပ် နုတ်ထွက်ဖို့ ဒုတိယနေ့ ဆက်ဆန္ဒပြ


်မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြသူများ။ (သြဂုတ် ၃၀၊ ၂၀၁၅)
်မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြသူများ။ (သြဂုတ် ၃၀၊ ၂၀၁၅)

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြနေပါတယ်။ ငွေကြေးအလွဲသုံးစားလုပ်မှုကြောင့် ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ အခုလို ဆန္ဒပြတောင်းဆိုနေကြတာပါ။

အစိုးရပိုင် 1MDB ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကနေ ဝန်ကြီးချုပ် Najib Razak ရဲ့ ကိုယ်ပိုင်ဘဏ်ထဲကို ဒေါ်လာ သန်း ၇၀၀ လွှဲပြောင်းထည့်ပေးခဲ့တဲ့ကိစ္စ လူသိရှင်ကြား ထွက်ပေါ်လာခဲ့ပြီးနောက် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဓိကဆောင်ရွက်နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ ဘာဆီ (Bersih) က ဝန်ကြီးချုပ်ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုနေတာပါ။ စီစဉ်သူတွေက ဒီဆန္ဒပြပွဲမှာ လူ ၂ သိန်းလောက်ပါဝင်တယ်လို့ ပြောပေမယ့် ရဲတပ်ဖွဲ့က ဆန္ဒပြသူဦးရေဟာ ၃ သောင်း အောက်မှာရှိတယ်လို့ ဆိုပါတယ်။

စနေနေ့က ဆန္ဒပြပွဲကို ခဏတာလာရောက်တဲ့ အသက် ၉ဝ အရွယ် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ကလည်း ဝန်ကြီးချုပ် နဂျစ်ဘ် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဝါရောင်ဝတ် ဆန္ဒပြသူတွေဟာ အာဏာပိုင်တွေ တားမြစ်ထားတဲ့ကြားက ကွာလာလမ်ပူက လွတ်လပ်ရေးရင်ပြင်မှာ ညအိပ်ပြီး စခန်းချခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့ Bersih အဖွဲ့ Website ထဲဝင်ကြည့်လို့မရအောင် အစိုးရကပိတ်ထားခဲ့သလို ဆန္ဒပြမှုကိုလည်း တရားမဝင်အဖြစ် ကြေညာထားပြီး လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြဖို့လည်း ခွင့်ပြုချက်မပေးခဲ့ပါဘူး။ ဒါ့အပြင် Bersih အဖွဲ့ရဲ့အထိမ်းအမှတ် အဝါရောင်နဲ့ အဖွဲ့ရဲ့ အမှတ်တံဆိပ် သုံးစွဲမှုကို အစိုးရက တင်းကျပ်စွာ တားဆီးပိတ်ပင်ထားပေမယ့် ဆန္ဒပြသူတွေက လက်မခံဘဲ ဆက်လက် ဝတ်ဆင် အသုံးပြုခဲ့ကြပါတယ်ခင်ဗျာ။

XS
SM
MD
LG