သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပစ်ချမှု ရုရှားနဲ့အပေါင်းပါတွေကို အရေးယူပေးဖို့ မလေးရှား ပြည်သူတွေ တောင်းဆို


မလေးရှားလေယာဉ် ပေါ်မှာ ပါသွားတဲ့ ဘယ်လ်ဂျီယံကလေးငယ် Steven Noreilde ရဲ့ ဓာတ်ပုံနဲ့ လွမ်းသူ့အမှတ်တရများ။
မလေးရှားလေယာဉ် ပေါ်မှာ ပါသွားတဲ့ ဘယ်လ်ဂျီယံကလေးငယ် Steven Noreilde ရဲ့ ဓာတ်ပုံနဲ့ လွမ်းသူ့အမှတ်တရများ။

မလေးရှားနိုင်ငံသားအများအပြားဟာ နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ပစ်ချခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ ရုရှားကိုလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေအပေါ် ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့ သူတို့ရဲ့အစိုးရနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တောင်းဆိုနေကြပါတယ်။

တချို့ကလည်း စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုကြပါတယ်။

ကြာသပတေးနေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားနယ်စပ်အနီးမှာ လေယာဉ်ပစ်ချခဲ့မှုအပေါ် သူပုန်တွေနဲ့ ယူကရိန်းအစိုးရတို့ကြားမှာ အပြန်အလှန် စွပ်စွဲနေကြတာပါ။ ရုရှားအစိုးရကိုတော့ လေယာဉ်ပျက်နဲ့ပတ်သက်ပြီး လုံလောက်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင် ပြည့်ပြည့်၀၀ ဆောင်ရွက်မပေးဘူးဆိုပြီး စွပ်စွဲကြပါတယ်။

စိတ်ဆိုးဒေါသထွက်ကြသူအများစုဟာ မွတ်ဆလင်ဘာသာဝင်တွေဖြစ်ကြပြီး သေဆုံးသွားသူတွေကို ဘာသာရေး ထုံးစံအတိုင်း အမြန်ဆုံး မြေမြှုပ်သင်္ဂြိုဟ်နိုင်ဖို့ မဆောင်ရွက်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၉၈ ယောက်အနက် ၄၃ ယောက်ဟာ မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မလေးရှားနိုင်ငံသားတွေနဲ့ ၁၂ ဦးဟာ မွတ်ဆလင်ဘာသာဝင် အများဆုံးရှိတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဖြစ်ကြပါတယ်။

မလေးရှားနိုင်ငံသားတွေဟာ ရုရှားသမ္မတ မစ္စတာ ဗလာဒီမီယာ ပူတင်ကို ဝေဖန်ပြစ်တင်နေကြပြီး နိုင်ငံရေးသမား အများစုကလည်း ဘယ်သူဘယ်ဝါရယ်လို့ တိုက်ရိုက် စွပ်စွဲတာမျိုးမရှိပေမဲ့ စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

XS
SM
MD
LG