သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲစောလုပ်ဖို့ မော်လဒိုက်သမ္မတဟောင်း တောင်းဆို

ရွေးကောက်ပွဲစောလုပ်ဖို့ မော်လဒိုက်သမ္မတဟောင်း တောင်းဆို
ရွေးကောက်ပွဲစောလုပ်ဖို့ မော်လဒိုက်သမ္မတဟောင်း တောင်းဆို

မော်လဒိုက်နိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေချိန်မှာ ရွေးကောက်ပွဲတွေ စောပြီးကျင်းပပေးဖို့ သမ္မတဟောင်း Mohamed Nasheed က တောင်းဆိုလိုက်သလို လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့လည်း သတိပေးလိုက်ပါတယ်။ မြို့တော် မာလေးက သောကြာနေ့ ဝတ်ပြုပွဲကို တက်ရောက်အပြီး လုံခြုံရေး အစောင့်အရှောက်တွေ ထူထူထဲထဲကြားက သမ္မတဟောင်းက ပြောလိုက်တာပါ။

နေအိမ်မှာပဲ အချိန်အတော်များများ နေထိုင်နေတဲ့ သမ္မတဟောင်းက သူ့ကို အာဏာသိမ်းပြီး ရာထူးက အတင်းဖယ်ရှားခံခဲ့ရတာ လို့လည်း ပြောဆိုထားတာ ဖြစ်ပါတယ်။ သူ့အပေါ် ဖမ်းဝရမ်း ထုတ်ပြန်ထားပေမဲ့လည်း အိန္ဒိယသမုဒ္ဒရာထဲက တိုင်းပြည်ငယ်တစ်ခုဖြစ်တဲ့ မော်လဒိုက်နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီစနစ်နဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်ဟောင်းကတော့ နိုင်ငံမှာပဲ ဆက်လက် နေထိုင်သွားမယ်လို့ ကြေညာထားတာပါ။

ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Oscar Fernandez-Taranco ဟာ မော်လဒိုက်နိုင်ငံမှာ ရောက်ရှိနေပြီး နိုင်ငံရေးအရ မပြေမလည် ဖြစ်နေရတာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ အနေနဲ့ သမ္မတသစ် Mohammad Washeed Hassan နဲ့သာမက သမ္မတဟောင်းနဲ့ပါ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင် နှစ်ယောက်နဲ့ တွေ့ဆုံဖို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး တစ်ဦးဖြစ်သူ Robert Blake ဟာလည်း မော်လဒိုက်နိုင်ငံကို စနေနေ့မှာ ရောက်လာဖို့ စီစဉ်ထားတာပါ။ အမေရိကန် အနေနဲ့ သမ္မတသစ်ကို မော်လဒိုက်ရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Vitoria Nuland က ကြာသပတေးနေ့မှာ ပြောဆိုထားပါတယ်။

This item is part of
XS
SM
MD
LG