သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာလီမြို့တော်အနီး မြို့ သူပုန်တွေ သိမ်းယူ


သူပုန်တွေ သိမ်းပိုက်လိုက်နိုင်တဲ့ Diabaly မြို့ကို အသွားလမ်းမပေါ်မှာ ခရီးသည်တင်ကားများကို Marli စစ်သားတွေ စစ်ဆေးနေစဉ်။ (ဇန်နဝါရီ ၁၄၊ ၂၀၁၃)
သူပုန်တွေ သိမ်းပိုက်လိုက်နိုင်တဲ့ Diabaly မြို့ကို အသွားလမ်းမပေါ်မှာ ခရီးသည်တင်ကားများကို Marli စစ်သားတွေ စစ်ဆေးနေစဉ်။ (ဇန်နဝါရီ ၁၄၊ ၂၀၁၃)
Mali နိုင်ငံမြောက်ပိုင်းမှာ ပြင်သစ်နိုင်ငံက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ကြားကဘဲ အစ္စလာမ်စစ်သွေးကြွတွေဟာ တောင်ဘက်ခြမ်းကိုပါ တိုးချဲ့ထိန်းချုပ်လာပြီးတော့ မြို့တော်နားက မြို့ငယ်တစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ သူပုန်တပ်တွေဟာ မာလီ အစိုးရ တပ်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးတဲ့နောက်မှာ Bamako မြို့မြောက်ဘက် မိုင် ၂၅၀လောက် အကွာမှာ ရှိတဲ့ Diabaly မြို့ကို သိမ်းပိုက်နိုင်လိုက်ပြီလို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drian က ပြောဆိုပါတယ်။

ဒါပေမဲ့ ပြင်သစ် သမ္မတ Francois Hollande ရဲ့ အစီအစဉ်အတိုင်း ပြင်သစ်တပ်ဖွဲ့တွေဟာ Mali မှာ စစ်ဆင်ရေးဆင်နွဲနေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။ မာလီအစိုးရတပ်တွေဟာ သူပုန်တွေရဲ့ လက်ကနေ Diabalyမြို့ကို သိမ်းနိုင်ဖို့ နောက်ထပ် တပ်ဖွဲ့တွေကို ထပ်ပြီး စေလွှတ်နေတယ်လို့ ဗွီအိုအေသတင်းထောက် Anne Lookက Bamako မြို့နားကနေ သတင်းပေးပို့ထားပါတယ်။
XS
SM
MD
LG