သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာလီ Gao မြို့ကို သူပုန်တွေ တန်ပြန်ထိုးစစ်ဆင်


အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားရာ Gao မြို့ အဝင်ဂိတ်မှာ ပြင်သစ်စစ်သားများ လုံခြုံရေးယူထားစဉ်။ (ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၁၃။)
အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားရာ Gao မြို့ အဝင်ဂိတ်မှာ ပြင်သစ်စစ်သားများ လုံခြုံရေးယူထားစဉ်။ (ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၁၃။)
မာလီနိုင်ငံ အနောက်ဘက် Gao မြို့မှာ ပြင်သစ်နဲ့ မာလီတပ်တွေဟာ ဝတ်ရုံမဲ ခြုံထားတဲ့ အစ္စလာမ်ဝါဒီ သူပုန်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်သွေးကြွတွေရဲ့ မထင်မှတ်တဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေကို ထိခိုက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာလည်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

မြောက်ပိုင်း မာလီမှာ အကြီးဆုံးမြို့ဖြစ်တဲ့ Saharan မြို့တလွှားမှာလည်း ကြီးမားတဲ့ ပေါက်ကွဲသံတွေ နဲ့ သေနတ်သံတွေ မနေ့က ကြားနေရပါတယ်။ အစိုးရ ပူးပေါင်းစစ်ဆင်ရေး တပ်တွေဟာ Movement for Oneness နဲ့ မြောက်ပိုင်း အာဖရိကဒေသ ဂျီဟတ်အဖွဲ့တွေကို တိုက်ခိုက်နေပါ တယ်။ ဝေဟင်မှာတော့ ပြင်သစ်တပ်တွေက ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်ပေးပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က မြို့ကို ပြင်သစ်ဦးဆောင်တဲ့ တပ်တွေ ထိန်းချုပ်ရယူခဲ့ပြီးနောက်၊ အခုတကြိမ်ဟာ အစ္စလာမ် အစွန်းရောက်အုပ်စုတွေ Gao မြို့ထဲအထိ အောင်အောင်မြင်မြင် ဝင်လာနိုင်ခဲ့တဲ့ ပထမဆုံး တန်ပြန်ထိုးစစ်ဖြစ်ခဲ့ပါတယ်။ မြို့အပြင်ဘက်ဒေသတွေ မှာတော့ တိုက်ပွဲတွေက ရက်နဲ့ချီပြီး ရှိနေခဲ့တာပါ။

စစ်ဆေးရေးဂိတ်တခုကို အသံခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့တဲ့နောက်၊ ပြင်သစ်နဲ့ မာလီတပ်တွေ အဲဒီစခန်းကို အင်အားဖြည့်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ စစ်သွေးကြွတွေဟာ မြို့ထဲအထိ ထိုးဖောက်ဝင်ရောက်လာတာ ဖြစ်တယ်လို့ မာလီ စစ်အရာရှိတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းကတော့ အသေခံဗုံးခွဲ တိုက်ခိုက်သူတဦးဟာ မြို့အဝင်က စစ်တပ်စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပါတယ်။ ဒီမတိုင်ခင် အခြားနေရာမှာလည်း အလားတူ တိုက်ခိုက်မှု ရှိခဲ့ပါတယ်။ အခုလို အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ မာလီမှာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
XS
SM
MD
LG