သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

နယူးေယာက္မွာ ျမန္မာအမ်ဳိးသမီး ေသဆုံးတဲ့ လုယက္မႈ သံသယတရားခံ ဖမ္းဆီးမိ


နယူးေယာက္ၿမိဳ႕မွာ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲ႔ဝင္ ၂ ဦး။ (မတ္ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ ေျမေအာက္ရထား ဘူတာ႐ုံတခုမွာ လြန္ခဲ့တဲ့ ဇူလုိင္လထဲက ျမန္မာအမ်ိဳးသမီးတဦး ေသဆုံးခဲ့တဲ့ လုယက္မႈနဲ႔ပတ္သက္ၿပီး သံသယရွိသူကုိ ဖမ္းဆီးထားေၾကာင္း ရဲတပ္ဖဲြ႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

အသက္ ၅၃ ႏွစ္အရြယ္ David Robinson ကုိ လူသတ္မႈ၊ လူေသေစမႈေတြနဲ႔ ေသာၾကာေန႔က ဖမ္းဆီးခဲ့တာလုိ႔ နယူးေယာက္ရဲတပ္ဖဲြ႔က စေနေန႔မွာ ေျပာဆိုလိုက္တာပါ။

အသက္ ၅၈ ႏွစ္အရြယ္ ေဒၚသန္းသန္းေထြး ၿပီးခဲ့တဲ့ ဇူလုိင္လ ၁၇ ရက္ေန႔တုန္းက နယူးေယာက္ Manhattan တ႐ုတ္တန္းမွာရွိတဲ့ ေျမေအာက္ရထားဘူတာ႐ုံမွာ သားျဖစ္သူနဲ႔အတူ လမ္းေလွ်ာက္လာစဥ္ သားျဖစ္သူရဲ႕ ေက်ာပုိးအိတ္ကုိ လုယက္ခံရခ်ိန္မွာ ေဒၚသန္းသန္းေထြး ေလွခါးကေန လိမ့္က်ခဲ့တဲ့ ဒဏ္ရာနဲ႔ ရက္အေတာ္ၾကာ သတိလစ္ ေမ့ေျမာေနခဲ့ၿပီး ေနာက္ဆုံးမွာ ကြယ္လြန္သြားခဲ့ပါတယ္။

ေဒၚသန္းသန္းေထြးဟာ လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္က ျမန္မာႏုိင္ငံကေန အေမရိကန္ျပည္ေထာင္စုကုိ ေရာက္ရွိလာခဲ့တာျဖစ္တယ္လုိ႔ ၿပီးခဲ့တဲ့ ဇူလုိင္လအတြင္းက မိသားစုက ေျပာဆုိတာကုိ WABC ႐ုပ္ျမင္သံၾကားက ေဖာ္ျပခဲ့ပါတယ္။

ဒါဟာ အေတာ္ကုိပဲ ဆုိးဝါးတဲ့ ရာဇဝတ္မႈတခု ျဖစ္ပါတယ္။ က်န္ရစ္သူမိသားစုအတြက္ မ်ားစြာ စိတ္မေကာင္းျဖစ္မိပါတယ္လုိ႔ နယူးေယာက္ ၿမိဳ႕ပတ္ရထားပုိ႔ေဆာင္ေရး တာဝန္ရွိသူက စေနေန႔မွာ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

နယူးယောက်မှာ မြန်မာအမျိုးသမီး သေဆုံးတဲ့ လုယက်မှု သံသယတရားခံ ဖမ်းဆီးမိ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြေအောက်ရထား ဘူတာရုံတခုမှာ လွန်ခဲ့တဲ့ ဇူလိုင်လထဲက မြန်မာအမျိုးသမီးတဦး သေဆုံးခဲ့တဲ့ လုယက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် David Robinson ကို လူသတ်မှု၊ လူသေစေမှုတွေနဲ့ သောကြာနေ့က ဖမ်းဆီးခဲ့တာလို့ နယူးယောက်ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောဆိုလိုက်တာပါ။

အသက် ၅၈ နှစ်အရွယ် ဒေါ်သန်းသန်းထွေး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့တုန်းက နယူးယောက် Manhattan တရုတ်တန်းမှာရှိတဲ့ မြေအောက်ရထားဘူတာရုံမှာ သားဖြစ်သူနဲ့အတူ လမ်းလျှောက်လာစဉ် သားဖြစ်သူရဲ့ ကျောပိုးအိတ်ကို လုယက်ခံရချိန်မှာ ဒေါ်သန်းသန်းထွေး လှေခါးကနေ လိမ့်ကျခဲ့တဲ့ ဒဏ်ရာနဲ့ ရက်အတော်ကြာ သတိလစ် မေ့မြောနေခဲ့ပြီး နောက်ဆုံးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဒေါ်သန်းသန်းထွေးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မိသားစုက ပြောဆိုတာကို WABC ရုပ်မြင်သံကြားက ဖော်ပြခဲ့ပါတယ်။

ဒါဟာ အတော်ကိုပဲ ဆိုးဝါးတဲ့ ရာဇဝတ်မှုတခု ဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုအတွက် များစွာ စိတ်မကောင်းဖြစ်မိပါတယ်လို့ နယူးယောက် မြို့ပတ်ရထားပို့ဆောင်ရေး တာဝန်ရှိသူက စနေနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG