သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာနှစ်သင်း အနိုင်ရတဲ့ တနင်္ဂနွေ ပရီးမီးယားလိဂ်ပွဲများ


မန်စီးတီးအသင်းအတွက် တတိယဂိုးကိုသွင်းယူနေသည့် Gabriel Jesus ။ ၂၉ ဧပြီ ၂၀၁၈။
မန်စီးတီးအသင်းအတွက် တတိယဂိုးကိုသွင်းယူနေသည့် Gabriel Jesus ။ ၂၉ ဧပြီ ၂၀၁၈။

တနင်္ဂနွေနေ့က ကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေမှာ မန်ချက်စတာနှစ်သင်းလုံး အနိုင်ရသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဒ်က အိမ်ကွင်းမှာ အာဆယ်နယ်လ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။

Man U အသင်းအတွက် ဒုတိယနှင့် အနိုင်ဂိုးကို သွင်းယူနေသည့် Marouane Fellaini ။ ၂၉ ဧပြီ ၂၀၁၈။
Man U အသင်းအတွက် ဒုတိယနှင့် အနိုင်ဂိုးကို သွင်းယူနေသည့် Marouane Fellaini ။ ၂၉ ဧပြီ ၂၀၁၈။

ချန်ပီယံဖလား ရထားပြီးသားဖြစ်တဲ့ မန်စီးတီးအသင်းဟာလည်း အဝေးကွင်းမှာ ဝက်စ်ဟမ်းမ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ပထမနှစ်ဂိုး သွင်းပြီးချိန် ပွဲပေါင်း ၃၅ ပွဲမှာ စုစုပေါင်း ဂိုးအရေအတွက် ၁၀၀ သွင်းယူတဲ့ စံချိန်တင် သွားတဲ့အပြင် နောက်ထပ် နှစ်ဂိုး ထပ်သွင်းနိုင်တဲ့အတွက် အခုဆို စုစုပေါင်းသွင်းဂိုး ၁၀၂ ဂိုး ရှိသွားပါပြီ။

ဒါကြောင့် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း စံချိန်တင်ထားတဲ့ ရာသီတခုအတွင်း စုစုပေါင်းသွင်းဂိုး ၁၀၃ ဂိုးကို စံချိန်ချိုးနိုင်ဖို့ နောက်ထပ် နှစ်ဂိုးပဲလိုပါတော့တယ်။ လက်ရှိမှာ မန်စီးတီးရဲ့ စုစုပေါင်း ရမှတ်က ၃၅ ပွဲကစား ၉၃ မှတ် ရထားပြီး ဖြစ်တာမို့ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းပဲ စံချိန်တင်ထားတဲ့ ဘောလုံးရာသီတခုအတွင်း စုစုပေါင်းရမှတ် ၉၅ မှတ်ကို စံချိန်ချိုးဖို့ နောက်ထပ် နိုင်ပွဲတပွဲပဲ လိုပါတော့တယ်။

အနိုင်ရတဲ့ပွဲအရေအတွက်ကို ကြည့်မယ်ဆိုရင်လည်း အခုချိန်ထိ ပွဲပေါင်း ၃၀ ကို အနိုင်ရထားပြီးဖြစ်တာမို့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ချယ်လ်ဆီးစံချိန်ကို မီနေပြီဖြစ်ပြီး စံချိန်ချိုးဖို့အတွက် နောက်ထပ် နိုင်ပွဲတပွဲပဲ လိုပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာ ၇၇ မှတ်နဲ့ ဒုတိယနေရာကလိုက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးအကြား ၁၆ မှတ် ကွာနေပြီး ၁၉၉၉-၂၀၀၀ ဘောလုံးရာသီမှာ မန်ချက်အသင်း စံချိန်တင်ထားတဲ့ ကွာခြားမှတ် ၁၈ မှတ်ကို စံချိန်ချိုးနိုင်မယ့် အလား အလာလည်းရှိနေပါတယ်။ ဒါကြောင့် လက်ကျန်ပွဲ သုံးပွဲကိုသာ မန်စီးတီးအနေနဲ့ ရှုံးပွဲမရှိ၊ နိုင်ပွဲအများစုနဲ့ ကစားနိုင်မယ်ဆိုရင် တော့ ပရီးမီးယားလိဂ် လက်ရှိစံချိန်တွေကိုချိုးပြီး စံချိန်သစ်တွေ တင်နိုင်မယ့်အလားအလာ အပြည့်ရှိနေပါတယ်။

XS
SM
MD
LG