သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီးတီး ၅ ဂိုးပြတ် နိုင်ပွဲနဲ့ ဇယားထိပ်အဆင့် ထိန်းထားနိုင်ဆဲ


မန်စီးတီးအတွက် လေးလုံးမြောက်ဂိုးကို Mahrez က သွင်းယူပါတယ်။ ၂၀ အောက်တိုဘာ ၂၀၁၈။
မန်စီးတီးအတွက် လေးလုံးမြောက်ဂိုးကို Mahrez က သွင်းယူပါတယ်။ ၂၀ အောက်တိုဘာ ၂၀၁၈။

အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၉ ကို အသင်းအများစု ကစားပြီးသွားချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီး အသင်း နိုင်ပွဲဆက်ရပြီး ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့ အဆင့်ပြောင်းသွားပါတယ်။

မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘန်လေကို ၅ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရပြီး ဂိုးကွာခြားချက် ၂၃ ဂိုး အသာရထားပါတယ်။ ဒါကြောင့်လည်း ဒုတိယနေရာက လီဗာပူးလ်နဲ့ ၂၃ မှတ်ချင်းတူပေမဲ့ ရဂိုး ၁၀ ဂိုးအကွာနဲ့ ပထမနေရာကို ဆက်ထိန်းထား နိုင်တာပါ။ လီဗာပူးလ်အသင်းက အဝေးကွင်းမှာ ဟတ်ဒါစ်ဖီးလ်ဒ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။

လီဗာပူးလ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ဆာလက သွင်းယူပါတယ်။ ၂၀ အောက်တိုဘာ ၂၀၁၈။
လီဗာပူးလ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ဆာလက သွင်းယူပါတယ်။ ၂၀ အောက်တိုဘာ ၂၀၁၈။

ချယ်လ်ဆီးအသင်းကတော့ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပထမပိုင်းမှာ ၁ ဂိုးရပြီး ဦးဆောင်ကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ၂ ဂိုး ဆက်တိုက်ပေးလိုက် ရပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုအတွင်းမှာမှ ချေပဂိုးသွင်းလိုက်နိုင်တဲ့အတွက် တဘက် ၂ ဂိုးစီနဲ့ သရေကျသွားတာကြောင့် မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ၂ မှတ်စီကွာသွားပြီး ၂၁ မှတ် နဲ့ တတိယနေရာရောက်သွားပါတယ်။

ချယ်လ်ဆီးအတွက် ပထမဂိုးကို Rudiger က သွင်းယူပါတယ်။ ၂၀ အောက်တိုဘာ ၂၀၁၈။
ချယ်လ်ဆီးအတွက် ပထမဂိုးကို Rudiger က သွင်းယူပါတယ်။ ၂၀ အောက်တိုဘာ ၂၀၁၈။

တခြားပွဲတွေမှာတော့ စပါးက ဝက်စ်ဟမ်းမ်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိ၊ ဘရိုက်တန်က နယူးကက်ဆယ်လ်ကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိ၊ ကားဒ်ဖ်စီးတီးက ဖူလ်ဟမ်းမ်ကို အိမ်ကွင်းမှာ ၄ ဂိုး ၂ ဂိုး၊ ဝတ်ဒ်ဖို့ဒ်က ဝို့လ်ဗ်စ်ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရကြပါတယ်။

ဘုန်းန်မောက်သ်နဲ့ ဆောက်သမ်ပ်တန်တို့ကတော့ ဘုန်းန်မောက်သ်ကွင်းမှာ ဂိုးမရှိ သရေကျပါတယ်။

တနင်္ဂနွေနေ့မှာတော့ အယ်ဗာတန်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်၊ အာဆင်နယ်လ်နဲ့ လက်စတာစီးတီးတို့ ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG