သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီးတီး ချန်ပီယံဖြစ်သွားပြီ


ဝက်စ်ဘရွမ်းနှင့်ပွဲတွင် ဂိုးသွင်းယူနေသည့် မန်စီးတီးတိုက်စစ်မှူး Gabriel Jesus ။ ၁၄ ဧပြီ ၂၀၁၈။
ဝက်စ်ဘရွမ်းနှင့်ပွဲတွင် ဂိုးသွင်းယူနေသည့် မန်စီးတီးတိုက်စစ်မှူး Gabriel Jesus ။ ၁၄ ဧပြီ ၂၀၁၈။

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို မန်စီးတီးအသင်း ရသွားပါပြီ။ တနင်္ဂနွေနေ့က အိုးလ်ဒ် ထရက်ဖို့ဒ်မှာကန် တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဘရွမ်းတို့ပွဲမှာ မန်ချက်အသင်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားတာကြောင့် မန်စီးတီး ချန်ပီယံဖြစ် သွားတာပါ။

စနေနေ့ကပွဲမှာ မန်စီးတီးအသင်းက စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ၃၃ ပွဲစီကန်ပြီးချိန်မှာ မန်စီးတီးက ၈၇ မှတ် နဲ့ မန်ချက်က ၇၁ မှတ် ရထားပါတယ်။ ဂိုးအရေအတွက် ကွာခြားချက်ကလည်း ရှိနေတာကြောင့် မန်ချက်အနေနဲ့ အခုရှုံးသွားတဲ့ ဝက်စ်ဘရွမ်းနဲ့ပွဲအပါအဝင် လက်ကျန်ပွဲအားလုံးကို အနိုင်ရဖို့ လိုတာပါ။ ဒါ့အပြင် မန်စီးတီးက လက်ကျန်ပွဲအားလုံးကို ရှုံးဖို့လည်း လိုပါသေးတယ်။ ဒါကြောင့်လည်း အခုရှုံးပွဲဟာ မန်ချက်အတွက် ချန်ပီယံဖြစ်ဖို့အိပ်မက်ကို လုံးဝ ရိုက်ချိုးလိုက်တာဖြစ်သလို မန်စီးတီးအတွက်တော့ ချန်ပီယံဖလားကို ပိုင်ပိုင်ဆုပ်ကိုင်ခွင့် ရသွားစေတာပါပဲ။

မန်စီးတီးအသင်း ချန်ပီယံဖြစ်သွားတဲ့အတွက် အသင်းမန်နေဂျာ ပက် ဂွါဒီယိုလာဟာလည်း အင်္ဂလန် ပရီးမီးလိဂ်ဖလားကို ရအောင်ယူပေးနိုင်တဲ့ ပထမဆုံး စပိန်နိုင်ငံသား မန်နေဂျာ ဖြစ်သွားပါတယ်။

ဒီနှစ်ဘောလုံးရာသီတလျှောက် မန်စီးတီးဟာ ၉၃ ဂိုး သွင်းယူခဲ့ပြီး အခုချိန်ထိဆိုရင် ရှုံးပွဲ နှစ်ပွဲပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လနဲ့ ဒီဇင်ဘာလအတွင်း ၁၈ ပွဲဆက်တိုက် အနိုင်ရခဲ့တာက ချန်ပီယံဖြစ်ဖို့လမ်းကြောင်းပေါ် ရောက်သွားစေခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီယားလိဂ်မှာ နောက်ထပ်စံချိန်သစ်တွေတင်ဖို့ အခွင့်အလန်းတွေလည်း ရှိနေပါတယ်။ လက်ကျန်ပွဲ ငါးပွဲမှာ ၉ မှတ်ရတယ်ဆိုရင်ကိုပဲ ပရီးမီးယားလိဂ်သက်တမ်းတလျှောက် အမှတ်အများဆုံးရတဲ့စံချိန် တင်မှာဖြစ်သလို နောက်ထပ် ၁၁ ဂိုး ထပ်သွင်းနိုင်တာနဲ့ ဂိုးအများဆုံးသွင်းတဲ့စံချိန်သစ်ကိုလည်း တင်မှာဖြစ်ပါတယ်။

၂၀၁၂ နဲ့ ၂၀၁၄ ဘောလုံးရာသီတွေမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ မန်စီးတီးအတွက် အခုတကြိမ်ဟာ ချန်ပီယံဖလားကို သုံးကြိမ်မြောက် အနိုင်ရလိုက်တာပဲဖြစ်ပါတယ်။

မန်စီးတီး ချန်ပီယံဖြစ်သွားပြီ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG