သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်နဲ့ချိန် Selfie ရိုက်သူ ကျည်ထိ သေဆုံး


Selfie ရိုက်နေသူတစ်ဦး။ ( ၂၀၁၅၊ Times Square၊ နယူးယောက်)
Selfie ရိုက်နေသူတစ်ဦး။ ( ၂၀၁၅၊ Times Square၊ နယူးယောက်)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်မှာ အမျိုးသားတဦးဟာ ကျည်ဆံမရှိဘူး လို့ အထင်နဲ့ မျက်နှာကို သေနတ်နဲ့ချိန်ရွယ်ပြီး ပစ်တဲ့ပုံစံမျိုး အိုင်တင်လုပ် အပျော်တမ်း Selfie ဓာတ်ပုံရိုက်ရင်း သေဆုံးသွားပါတယ်။ အဲ့ဒီလို သူ့မျက်နှာသူ သေနတ်နဲ့ မပစ်မိခင်က - သူနဲ့ သူ့ချစ်သူ မိန်းကလေးတို့ အတူတူ အပျော်တမ်း Selfie ဓာတ်ပုံ ရိုက်နေကြတာလို့ The Skagit Valley Herald သတင်းက ဖော်ပြပါတယ်။

အခင်းဖြစ်ဖြစ်ချင်း ချစ်သူမိန်းကလေးဟာ ရဲကို အကြောင်းကြားခဲ့ပြီး၊ ရဲက စုံစမ်းစစ်ဆေးတဲ့အခါ သဘာဝအကျဆုံး Selfie ဓာတ်ပုံလေးတပုံဖြစ်လာဖို့ အတွက် သေနတ်ထဲမှာ ကျည်ဆံတတောင့် ကျန်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီအမှုကို ရဲတွေဘက်က “မတော်တဆမှု” အဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။ Washington Post သတင်းစာကြီးကတော့ - အခုဖြစ်ရပ်ဟာ ပထမဆုံးဖြစ်ရပ်တော့ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

အလားတူ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာလည်း Selfie ဓာတ်ပုံမရိုက်ကူးရ နေရာအဖြစ် ၁၆ နေရာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတ်မှတ်လိုက်ပါတယ်။ အပျော်တမ်း ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ကူးရင်း မတော်တဆ သေဆုံးမှုတွေ များလာတဲ့အတွက် အခုလို သတ်မှတ်ခဲ့တာဖြစ်ပြီး၊ အခုနှစ်ဆန်းပိုင်းမှာပဲ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦး ဟာ Selfie ဓာတ်ပုံရိုက်ရင်း မွန်ဘိုင်းမြို့ရဲ့ Bandstand ခံတပ်အနီးက သမုဒ္ဒရာထဲ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG