သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ယူ အသင်းနည်းပြ ရာထူးကဖယ်ရှားခံရ


Manchester United ကလပ်အသင်းနည်းပြ Jose Mourinho
Manchester United ကလပ်အသင်းနည်းပြ Jose Mourinho

အင်္ဂလန်က ကမ္ဘာကျော်ဘောလုံးအသင်းတခုဖြစ်တဲ့ Manchester United ကလပ်အသင်းနည်းပြ Jose Mourinho ကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ အခု အင်္ဂလိပ် Premier League ဘောလုံးရာသီမှာ Manchester United အသင်း အတော်လေး အခြေအနေမကောင်း ဖြစ်နေချိန်မှာ မန်နေဂျာ Mourinho ကို ချက်ချင်းထုတ်လိုက်ပြီဆိုတာ Manchester United ကဒီကနေ့ ကြေညာချက်ထုတ်ပြန်အတည်ပြုပါတယ်။

Mourinho နေရာမှာ ဘယ်သူနဲ့ လူစားထိုးမလဲဆိုတာကို မကြေညာသေးပါဘူး။ ယာယီနည်းပြမခန့်ခင်အထိ မန်ယူ လက်ထောက်နည်းပြ Michael Carrick က အသင်းကို ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

အရင်က ပရီးမီးယားလိဂ် ဇယားမှာ ထိပ်တန်းနေရာယူခဲ့တဲ့မန်ယူ အသင်းက လောလောဆယ် နံပါတ် ၆ နေရာမှာ ရောက်နေပြီး အသင်းရဲ့ ကစားပုံတွေနဲ့ပတ်သက်လို့ နည်းပြ Mourinho တော်တော်လေးဝေဖန်ခံခဲ့ရပါတယ်။ မန်ယူရဲ့ နည်းပြတာဝန်ယူထားစဉ် သူ့ရဲ့ဆောင်ရွက်ခဲ့မှုတွေအတွက် ကလပ်က ကျေးဇူးတင်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Mau U အသင်းနည်းပြ ရာထူးကဖယ်ရှားခံရ
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG