သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံ Manchester ဗုံးပေါက်ကွဲမှု လူအသေအပျောက်ရှိ


ဗြိတိန်နိုင်ငံ Manchester ဗုံးပေါက်ကွဲမှု
ဗြိတိန်နိုင်ငံ Manchester ဗုံးပေါက်ကွဲမှု

ဗြိတိန်နိုင်ငံ၊ Manchester မြို့ အားကစားရုံအတွင်း ကျင်းပနေတဲ့ အမေရိကန်အဆိုကျော် Ariana Grande ရဲ့ Rock ဂီတ ဖျော်ဖြေပွဲ ပြီးခါစမှာ ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်သွားခဲ့တဲ့အတွက် လူအသေအပျောက် ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အသေအပျောက်စာရင်းနဲ့ ထိခိုက် ဒဏ်ရာရသူ ဘယ်နှစ်ဦး ရှိတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒေသစံတော်ချိန် တနင်္လာနေ့ညမှာ ဖြစ်သွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ပေါက်ကွဲမှုဖြစ်ပြီး နောက်ဆက်တွဲအဖြစ် သေနတ်သံလို ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ ဗြိတိန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Manchester အားကစားကွင်းအနီးက Victoria ရထားဘူတာရုံကိုလည်း အခုချိန်မှာ ပိတ်ထားလိုက်ပြီး အများပြည်သူတွေ အနေနဲ့လည်း ဒီဒေသကို မလာကြဖို့ ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အားကစားကွင်းအတွင်း Rock ဂီတကို လာကြည့်ကြသူတွေနဲ့ ပွဲပြီးလို့ အပြင်ကို ထွက်လာနေကြတဲ့အချိန်မှာပဲ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာကြောင်း အားလုံး ကြောက်လန့်တကြားနဲ့ အော်ဟစ် ထွက်ပြေးကြကြောင်းလည်း မျက်မြင် သက်သေတွေက ပြောပါတယ်။

XS
SM
MD
LG