သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Manchester United ယာယီနည်းပြသစ် ငှားရမ်း


အင်္ဂလန်က ကမ္ဘာကျော်ဘောလုံးအသင်းတခုဖြစ်တဲ့ Manchester United အသင်းက နော်ဝေနိုင်ငံသား Ole Gunnar Solskjaer ကို ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးတဲ့အထိ အသင်းမန်နေဂျာ အဖြစ် ငှားရမ်းလိုက်ပါတယ်။

ကလပ်အသင်းနည်းပြ Jose Mourinho ကို ရာထူးက ထုတ်ပယ်ပြီး နောက် နောက်တရက်မှာ Ole Gunnar Solskjaer ကို ယာယီ အသင်း မန်နေဂျာ အဖြစ် ငှားရမ်းလိုက်တဲ့ကြောင်း ကြေညာလိုက်တာပါ။ အမြဲတမ်းမန်နေဂျာ မခန့်နိုင်ခင်အထိ ဆိုရှာက ယာယီအသင်းနည်းပြတာဝန်ယူသွားမယ်လို့ Man U ရဲ့ကြေညာချက်မှာဖော်ပြပါတယ်။

အရင် Ma U အသင်းကစားသမားဟောင်းဖြစ်တဲ့ ဆိုရှာဟာ ၁၉၉၆ ကနေ ၂၀၀၇ ခုနှစ်အထိ Man U ပွဲပေါင်း ၃၆၀ ကျော်မှာ ပါဝင်ခဲ့ပြီး ဂိုးပေါင်း ၁၂၆ ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက Champions League ဖိုင်ပွဲပွဲမှာ Man U အသင်းအတွက် အနိုင်ဂိုးကို သွင်းပေးခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ အရင်မန်နေဂျာဟောင်း Sir Alex Ferguson လက်ထက် ၂၀၀၈ ခုနှစ်တုန်းက Mau U ရဲ့ အရန်နည်းပြတာဝန်ကို ယူခဲ့ဖူးသလို Man U ကိုပြန်မလာခင် နော်ဝေးနိုင်ငံရဲ့ Molde ကလပ်မှာ အသင်းနည်းပြလုပ်နေသူဖြစ်ပါတယ်။ စနေနေ့မှာကစားမယ့် Man U နဲ့ Cardiff ပွဲဟာ အသက် ၄၅ နှစ်အရွယ် Man U ယာယီနည်းပြဆိုရှာအတွက် ပထမဆုံးစမ်းသပ်တဲ့ ပွဲဖြစ်ပါလိမ့်မယ်။

လောလောဆယ် Premier League ဇယားမှာ Man U အသင်းက နံပါတ် ၆ နေရာမှာရောက်နေတာပါ။ ခုလို Man U အတွက် အဆိုးဆုံးအခြေအနေဖြစ်နေချိန်မှာ မန်နေဂျာ Mourinho ကို အင်္ဂါနေ့က ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG