သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ကျဂိုးတွေနဲ့ မန်ချက်စတာ ယူနိုက်တက် အနိုင်ရ


မန်ယူအသင်းအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူနေသည့် Sanchez ။ အောက်တိုဘာ ၁၀၊ ၂၀၁၈။
မန်ယူအသင်းအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူနေသည့် Sanchez ။ အောက်တိုဘာ ၁၀၊ ၂၀၁၈။

စနေနေ့ကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေမှာ ဒီနှစ်ကစားပွဲရာသီ အစကတည်းက ရလဒ်မကောင်းလှတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ နယူးကက်ဆယ်လ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပါတယ်။

ပွဲစပြီးလို့ ၁၀ မိနစ်အတွင်းမှာ နယူးကက်ဆယ်လ်အသင်းက ၂ ဂိုး သွင်းယူလိုက်နိုင်ပြီး မိနစ် ၇၀ အထိ ဦးဆောင်ကစားခဲ့ပေမဲ့ လည်း နောက်ထပ်ဂိုးမသွင်းနိုင်ဘဲ မန်ယူအသင်းက မိနစ် ၇၀ နဲ့ ၇၆ မိနစ်တွေမှာ ချေပဂိုးနှစ်ဂိုး၊ ပွဲပြီးခါနီး မိနစ် ၉၀ မှာ Sanchez က အနိုင်ဂိုးသွင်းယူူပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။

ဒီ ပွဲစဉ် ၈ ကို ကစားပြီးတဲ့နောက် လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၈ မှာ ရောက်နေပါတယ်။

တခြားပွဲတွေမှာတော့ ဘရိုက်တန်က အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ၁ ဂိုး ဂိုးမရှိ၊ Wolves က အဝေးကွင်းမှာ ခရစ္စတယ်လ် ပဲလေ့စ် ကို ၁ ဂိုး ဂိုးမရှိ၊ ဘုန်းန်မောက်သ်က အဝေးကွင်းမှာ ဝတ်တ်ဖို့သ်ကို ၄ ဂိုး ဂိုးမရှိ၊ အဲဗာတန်က အဝေးကွင်းမှာ လက်စတာစီးတီးကို ၂ ဂိုး ၁ ဂိုး၊ စပါးက အိမ်ကွင်းမှာ ကားဒစ်ဖ်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရကြပါတယ်။ ဘန်လေနဲ့ ဟတ်ဒါစ်ဖီးလ်ဒ်ပွဲက တော့ တဘက် ၁ ဂိုးစီနဲ့ သရေကျပါတယ်။

တနင်္ဂနွေနေ့ပွဲတွေအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတဲ့ အသင်းသုံးသင်းထဲက လီဗာပူးလ်နဲ့ မန်စီးတီးတို့ လီဗာပူးလ်ကွင်း မှာ ကစားဖို့ရှိသလိုပွဲစဉ် ၇ အပြီး တတိယနေရာမှာရှိခဲ့တဲ့ ချယ်လ်ဆီးက ဆောက်သမ်ပ်တန်နဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်းမ်နဲ့ အာဆင်နယ်လ်တို့ကတော့ ဖူလ်ဟမ်းကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG