သုံးရလွယ်ကူစေသည့် Link များ

အိုးလ်ထရက်ဖို့မှာ စနေ့နေ ကစားတဲ့ မန်ချက်စတာဒါဘီပွဲမှာတော့ မန်ချက်စတာစီးတီးအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ မန်စီးတီးက De Bruyne က ၁၅ မိနစ်မှာ ပထမဂိုးသွင်းပြီး၊ ဒုတိယဂိုးကိုတော့ Iheanacho က ၃၅ မိနစ်မှာ သွင်းခဲ့တာပါ။ မန်ယူအတွက် ဂိုးကိုတော့ ဇလာတန်အီဗာရာဟီမိုဗစ်ခ်ျက ၄၂ မိနစ်မှာ ပြန်သွင်းခဲ့ပေမယ့် ၊ နောက်ပိုင်းမှာ ထပ်ပြီး မသွင်းနိုင်တာကြောင့် မန်စီးတီးအသင်းက နောက်ဆုံး ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားတာကြောင့် မန်ယူအသင်းဟာ နည်းပြသစ် မိုရင်ညိုလက်ထက်မှာ အိမ်ကွင်းမှာ ပထမဆုံးရှုံးပွဲနဲ့ တွေ့သွားပါတယ်။ မန်စီးတီးအသင်းက ဒီပွဲနိုင်လိုက်တဲ့အတွက် အခုနှစ် ပရီမီယာလိဂ်ဘောလုံးရာသီမှာ ၄ ပွဲစလုံးနိုင်ပြီး၊ ၁၂ မှတ် နဲ့ ဇယားထိပ်ကနေ ဦးဆောင်နေပါတယ်။

XS
SM
MD
LG