သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မႏၲေလး ခ်မ္းျမသာစည္နဲ႔ တန႔္ဆည္မွာ ေပါက္ကြဲမႈမ်ားျဖစ္


မႏၱေလးတုိင္းတြင္း ခ်မ္းျမသာစည္နဲ႔ တန္႔ဆည္ၿမိဳ႕ျပေျမပံု။ (Poto MIMU)

[[Zawgyi/Unicode]]

မႏၲေလးတိုင္းေဒသႀကီးက ခ်မ္းျမသာစည္နဲ႔ တန႔္ဆည္ၿမိဳ႕ေတြမွာ ဒီကေန႔မနက္ ေပါက္ကြဲမႈေတြ ျဖစ္ပြါးခဲ့ပါတယ္။

မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ ခ႐ိုင္တရား႐ုံးမွာ မနက္ ၁၀ နာရီေက်ာ္ေက်ာ္က ေပါက္ကြဲခဲ့တာမွာ အေဆာက္အအုံပ်က္စီးခဲ့ေပမဲ့ လူ အ‌ေသအေပ်ာက္ေတာ့မရွိဘူးလို႔ ေဒသခံေတြ က ေျပာပါတယ္။ ေပါက္ကြဲၿပီးေနာက္ စစ္ေကာင္စီတပ္ေတြ ေရာက္ရွိ စစ္ေဆးေနတာေၾကာင့္ ညေန ၄ နာရီအထိ ေရွ႕ေနတခ်ိဳ႕နဲ႔ ဝန္ထမ္းတခ်ိဳ႕ ႐ုံးအတြင္းမွာ ပိတ္မိေနခဲ့တယ္လို႔ အနီးမွာ ေနထိုင္သူတဦးက ေျပာပါတယ္။

ဘယ္အဖြဲ႔က ခုလို ေဖာက္ခြဲခဲ့သလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

စစ္ကိုင္းတိုင္း တန႔္ဆည္ၿမိဳ႕ရဲ႕ ၿမိဳ႕လယ္အဝိုင္းမွာလည္း မနက္ ၉ နာရီ ေက်ာ္ေက်ာ္ေလာက္ က ေပါက္ကြဲခဲ့ရာမွာ စစ္ေကာင္စီတပ္သားတခ်ိဳ႕အျပင္ အနီးက ေနအိမ္အခ်ိဳ႕လည္း ထိခိုက္ ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဝိုင္းမွာ လႊင့္ထူထားတဲ့ အလံနက္ကို တက္ျဖဳတ္ၾကတဲ့ တပ္သားတခ်ိဳ႕ ထိခိုက္ခဲ့တာပါ။

တန္ဆည္ၿမိဳ႕မွာ အလံနက္ထူခဲ့တာဟာ သူတို႔လုပ္ခဲ့တာ မဟုတ္ဘူးလို႔ ေဒသခံ ျပည္သူ႔ ကာကြယ္ေရး အဖြဲ႔က ဒီကေန႔မနက္ပိုင္း မွာ ထုတ္ျပန္ေၾကညာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

မန္တလေး ချမ်းမြသာစည်နဲ့ တန့်ဆည်မှာ ပေါက်ကွဲမှုများဖြစ်

မန္တလေး ချမ်းမြသာစည်နဲ့ တန့်ဆည်မြို့တွေမှာ ဒီကနေ့မနက် ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ ခရိုင်တရားရုံးမှာ မနက် ၁၀ နာရီကျော်ကျော်က ပေါက်ကွဲခဲ့တာမှာ အဆောက်အအုံပျက်စီးခဲ့ပေမဲ့ လူ အ‌သေအပျောက်တော့မရှိဘူးလို့ ဒေသခံတွေ က ပြောပါတယ်။ ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိ စစ်ဆေးနေတာကြောင့် ညနေ ၄ နာရီအထိ ရှေ့နေတချို့နဲ့ ဝန်ထမ်းတချို့ ရုံးအတွင်းမှာ ပိတ်မိနေခဲ့တယ်လို့ အနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။

ဘယ်အဖွဲ့က ခုလို ဖောက်ခွဲခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ရဲ့ မြို့လယ်အဝိုင်းမှာလည်း မနက် ၉ နာရီ ကျော်ကျော်လောက် က ပေါက်ကွဲခဲ့ရာမှာ စစ်ကောင်စီတပ်သားတချို့အပြင် အနီးက နေအိမ်အချို့လည်း ထိခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဝိုင်းမှာ လွှင့်ထူထားတဲ့ အလံနက်ကို တက်ဖြုတ်ကြတဲ့ တပ်သားတချို့ ထိခိုက်ခဲ့တာပါ။

တန်ဆည်မြို့မှာ အလံနက်ထူခဲ့တာဟာ သူတို့လုပ်ခဲ့တာ မဟုတ်ဘူးလို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ဒီကနေ့မနက်ပိုင်း မှာ ထုတ်ပြန်ကြေညာပါတယ်။

#MyanmarViolence #MandalayBombing #VOABurmese #ချမ်းမြသာစည် #တန့်ဆည် #ပေါက်ကွဲမှု #အလံနက် #စစ်ကောင်စီ #ဗွီအိုအေ #စစ်ကိုင်း #မန္တလေး

==================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG