သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၲေလးေက်ာက္ဝိုင္း ေက်ာက္ဝယ္ေရာင္းလုပ္သူ ၄၀၀ ခန႔္ဖမ္းဆီးခံရ


မႏၱေလးေက်ာက္ဝိုင္း

[[Zawgyi/Unicode]]

မႏၲေလးမွာ အြန္လိုင္းကေနတိုက္႐ိုက္ ေက်ာက္အေရာင္းအဝယ္လုပ္သူ ၄၀၀ ေလာက္ကို စစ္ေကာင္စီကဖမ္းဆီးထိမ္းသိမ္းခဲ့ပါတယ္။ လူစု အေရာင္းအဝယ္ လုပ္ေနတဲ့ ၂ ေနရာကို တနလၤာေန႔က ဝင္ေရာက္ဖမ္းဆီးခဲ့တာမွာ အေယာက္ ၄၀၀ ေလာက္ဖမ္းဆီးခံရတာလို႔ ေက်ာက္ပြဲစားေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

တရုတ္ႏိုင္ငံက Message အျပန္အလွန္ပို႔သူေတြအသံုးမ်ားတဲ့ Wechat လူမႈကြန္ ယက္ Mobile app ကိုသံုးၿပီး အြန္လိုင္းကေန ေက်ာက္စိမ္းအေရာင္းဝယ္လုပ္ေနတဲ့ ၂ ေနရာကို ဒီဇင္ဘာ ၂၀ ရက္ တနလၤာေန႔ မနက္ပိုင္းမွာ ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။ အင္အားအေျမာက္အမ်ားနဲ႔ ဝင္ေရာက္ဖမ္းဆီးခဲ့မႈအတြင္း ရာနဲ႔ခ်ီဖမ္းဆီးခံခဲ့ရပါတယ္။ ဖမ္းဆီးခံရသူေတြထဲမွာ ျမန္မာႏိုင္ငံသားေတြသာမက တရုတ္လူမ်ဳိးေတြလည္းပါပါတယ္။ သူတို႔ကို မႏၱေလး အိုးဘိုေထာင္မွာ ဖမ္းဆီးစစ္ေဆးေနၿပီးဒီကေန႔ ဒီဇင္ဘာ ၂၁ ရက္အထိ ျပန္လည္ လြတ္ေျမာက္လာသူ မရွိေသးဘူးလို႔ ေက်ာက္ပြဲစားတေယာက္က ေျပာျပပါတယ္။

“မေန႔က ၂ ခုေပါင္းကို အားလံုးေပါင္း ၄၀၀ နီးပါးေလာက္ ပါတယ္ခင္ဗ်။ အဲ့ဒါေတာ့ ဗမာကုန္သည္ပြဲစားေလးေတြ မ်ားတာေပါ့။ အဓိက အမ်ားဆံုးမိတာ ပြဲစားေတြ အမ်ားဆံုးမိတာ။ ဒီေန႔ေတာ့ လႊတ္ေပးမယ္လို႔ အသံၾကားတယ္။ အခုထိေတာ့ လြတ္လာတဲ့ အသံေတာ့ မၾကားေသးဘူး။”

ေက်ာက္ပြဲစားေတြဟာ တ႐ုတ္ႏိုင္ငံဘက္က ဝယ္သူေတြကို Wechat mobile app ေပၚကတဆင့္ ေက်ာက္ေတြကို အေရာင္းအဝယ္လုပ္ေလ့႐ွိပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေက်ာက္ပြဲစားအမ်ားစုဟာ ေက်ာက္ဝိုင္းေတြကို မသြားၾကေတာ့ဘဲ နီးစပ္ရာ လူစုေဝးၿပီး အြန္လိုင္းကေန အေရာင္းအဝယ္လုပ္ေနၾကတာျဖစ္ပါတယ္။ အဲဒီလိုေရာင္းဝယ္ေနတဲ့ ေက်ာက္ပြဲစားေတြကိုေရာ အဝယ္ဒိုင္ေတြကိုပါ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

“အာဏာမသိမ္းခင္ ကိုဗစ္ကာလတုန္းကလည္း အျပင္မွာပဲေပါ့၊ အခုလို Wechat ေတြေပါ့။ ကိုယ့္အိမ္မွာ ကိုယ္ေခၚၿပီး ေရာင္းၾကတာ ရွိတာေပါ့။ အရင္အစိုးရလက္ထက္တုန္းက ဖမ္းဆီးတာ ဘာညာမရွိဘူး။ သတိေပးျခင္းဘာျခင္းပဲ ရွိတာေလ။ အျပင္မွာမလုပ္ဖို႔ လိုက္လံေအာ္တာေတာ့ရွိတယ္။ ဒီလိုမ်ိဳးအၾကမ္းဖက္ ဖမ္းတဲ့အဆင့္ေတာ့မရွိဘူး။ ဒီေတာ္လွန္ေရးၾကေတာ့ အကုန္လံုးက ဝိုင္းထဲမဝင္ဘဲ Boycott လုပ္ထားတဲ့သေဘာမ်ိဳးနဲ႔ အျပင္မွာပဲ လုပ္ၾကတာကို။ ေကာင္စီကို အခြန္ မေပးခ်င္လို႔ ဘယ္သူမွ ဝိုင္းထဲဝင္ၿပီး မလုပ္ၾကဘူးေလ။ သူတို႔က ဝုိင္းထဲဝင္ခိုင္းတာေလ။ ဝိုင္းထဲဝင္ရင္ အခြန္ဘာညာရတာကို။ အခုက်ေတာ့ ေက်ာက္သမား အမ်ားစုက ျပည္သူအမ်ားစုက Boycott လုပ္ေတာ့ မဝင္ၾကဘူး။ ဝုိင္းထဲကို အမ်ားစုမဝင္ၾကဘူး။ အဲ့ေတာ့ ဝိုင္းထဲမွာရွိတဲ့ အခန္းပိုင္ရွင္အမ်ားစုက ကိုယ့္အိမ္မွာကိုယ္ လုပ္ၾကတာေပါ့။ ကိုယ့္ကုန္သည္ကိုယ္ေခၚၿပီး ဖြင့္ၾကေတာ့ သူတို႔မွာ မ်က္စိစပါးေမႊးစူးၿပီးေတာ့ ေနျပည္ေတာ္ကေန ဆင္းဖမ္းတယ္လို႔ ၾကားတယ္။”

စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြဟာ ၈၄ လမ္း ၄၃-၄၄ လမ္းနဲ႔ ၈၉ လမ္း ၁၅-၁၆ ၾကားမွာ ေက်ာက္ဝုိင္းျပင္ပ အေရာင္းအဝယ္လုပ္ေနသူေတြကို အင္အားအလံုးအရင္းနဲ႔ ဝင္ေရာက္ဖမ္းဆီးခဲ့တာလည္း ျဖစ္ပါတယ္။ ဖမ္းဆီးထားသူေတြကို အိုးဘိုေထာင္ မွာ ထိန္းသိမ္းထားၿပီး ေငြနဲ႔ေရြးဖို႔ဆိုတဲ့ ေျပာတာေတြရွိေပမယ့္ ဒါနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္ျပဳခ်က္ေတာ့မရပါဘူး။ ေနျပည္ေတာ္မွာ ပုလဲအတြဲနဲ႔ ေက်ာက္စိမ္းအတြဲေတြကို ျပသေရာင္းခ်ပြဲ လုပ္ေနခ်ိန္မွာပဲ ခုလို မႏၱေလးက ေက်ာက္မ်က္အထည္ေတြေရာင္းတဲ့ ေက်ာက္ပြဲစားေတြကို စစ္တပ္က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းမႈေၾကာင့္ စီးပြားေရးခက္ခဲေနခ်ိန္မွာ အခုလိုအဖမ္းအဆီးလုပ္တာဟာ ေက်ာက္အေရာင္းအဝယ္ လုပ္သူေတြအတြက္ ခက္ခဲေစတယ္လို႔ ေက်ာက္အေရာင္အဝယ္လုပ္ေနသူ ကိုေအာင္ေအာင္က ေျပာပါတယ္။

“NLD အစိုးရေခတ္မွာ ၁ ႏွစ္ေက်ာ္ေလာက္ လုပ္ငန္းက ရပ္ထားရတယ္။ ၿပီးေတာ့မွ ဒီဘက္ ၂၀၂၁ ေရာက္ေတာ့ အာဏာသိမ္းလည္းသိမ္းလိုက္ေကာ လုပ္ငန္းေတြက ထပ္ၿပီးေတာ့ ရပ္ရျပန္ေကာ။ အဲ့ဒီလို ရပ္ေနတဲ့အခ်ိန္ေလးမွာ ရတဲ့အခ်ိန္ေလး ထြက္လာၿပီးေတာ့ စားဝတ္ေနေရးအတြက္ လုပ္ၾက၊ အႏၱရာယ္ေတြ ေရွာင္ၾကနဲ႔ အခု စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္း ကိုဗစ္ တတိယလိႈင္းဆိုေတာ့ လူေတြ ေတာ္ေတာ္ထိၾကတယ္။ အျပင္မထြက္ရဲသေလာက္ကို ျဖစ္ကုန္တာ။ အဲ့ေတာ့ ကိုဗစ္ ျပသာနာကိုလည္း ေရွာင္ရတယ္။ အာဏာသိမ္းတဲ့ အႏၱရာယ္ကိုလည္း ေရွာင္ေနတဲ့ၾကားကေန လူေတြက စီးပြားေရးၾကပ္တည္းလာေတာ့ ဘာပဲေျပာေျပာ ဒီေနရာေလးမွာေတာ့ လုပ္လို႔ရေသးတယ္ဆိုတဲ့ အဲဒီအသိစိတ္နဲ႔ မထြက္ခ်င္ပဲလည္း ထြက္လာရတယ္။ အခုလိုပံုစံမ်ိဳးေတြ ေဆာင္ရြက္လိုက္တာဆိုေတာ့ ဒါကပိုခက္ သြားတယ္ခင္ဗ်။ စားဝတ္ေနေရးအတြက္ ၂ ႏွစ္ေလာက္ ဒုကၡခံၿပီး ရပ္တည္ရတာျဖစ္တဲ့အတြက္ မျဖစ္မေနသြားေနရတာ ဘယ္သူမွ ေပ်ာ္လို႔သြားေနရတာေတာ့မဟုတ္ဘူး။ ဒီလိုေဆာင္ရြက္တယ္ဆိုတာ ျပည္သူကို ဒုကၡထပ္ေပးတယ္လို႔ပဲျမင္တယ္။”

မႏၱေလး ေက်ာက္ဝိုင္းဟာ မႏၱေလးၿမိဳ႕ရဲ႕ အဓိက ဝင္ေငြရရွိတဲ့ေနရာ တေနရာျဖစ္ၿပီး ေက်ာက္ေတြကို တရုတ္ျပည္နဲ႔ တိုက္ရိုက္ခ်ိတ္ဆက္ၿပီး အေရာင္းအဝယ္ျပဳလုပ္တဲ့ေနရာလည္းျဖစ္ပါတယ္။ မႏၱေလးၿမိဳ႕ ေက်ာက္ဝိုင္းမွာ ပံုမွန္ ေန႔စဥ္ ေသာင္းနဲ႔ခ်ီတဲ့ ေက်ာက္အေရာင္းအဝယ္သမားေတြနဲ႔ အရင္က စည္ကားခဲ့ေပမဲ့ ကိုဗစ္ကပ္ေရာဂါျဖစ္ထဲက လူစုလူေဝး မလုပ္ရတာေၾကာင့္ ပိတ္ထားရပါတယ္။ ဒါတင္မက စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး၊ လံုၿခံဳေရး မတည္ၿငိမ္မႈေတြေၾကာင့္ ေက်ာက္ဝိုင္းေတြကို လာသူ မ႐ွိသေလာက္ျဖစ္ေနၿပီး အျပင္မွာသာ အေရာင္းအ၀ယ္ျပဳလုပ္ေနၾကတာလည္း ျဖစ္ပါတယ္။ မႏၱေလးရဲ႕ အဓိကေနရာေတြျဖစ္တဲ့ ေစ်းခ်ိဳေတာ္နဲ႔ ေက်ာက္၀ိုင္းကို ျပန္လည္ဖြင့္လွစ္ဖို႔ စစ္ေကာင္စီက ဖိအားေပးလုပ္ေဆာင္လာတာေတြရွိေပမယ့္ ေက်ာက္ဝိုင္းအနီးမွာ မၾကာခဏဆိုသလို ေပါက္ကြဲမႈေတြ ျဖစ္ေနတာအျပင္ စစ္ေကာင္စီတပ္ေတြကပါ ရွိေနတဲ့အတြက္ အသက္အႏၱရာယ္ လံုၿခံဳေရးအတြက္ စိုးရိမ္ၿပီး ေတာ္ေတာ္မ်ားမ်ားက မလာရဲၾကတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=============

[[Zawgyi/Unicode]]

မန္တလေးကျောက်ဝိုင်း ကျောက်ဝယ်ရောင်းလုပ်သူ ၄၀၀ ခန့်ဖမ်းဆီးခံရ

မန္တလေးမှာ အွန်လိုင်းကနေတိုက်ရိုက် ကျောက်အရောင်းအဝယ်လုပ်သူ ၄၀၀ လောက်ကို စစ်ကောင်စီကဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။ လူစု အရောင်းအဝယ် လုပ်နေတဲ့ ၂ နေရာကို တနင်္လာနေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာမှာ အယောက် ၄၀၀ လောက်ဖမ်းဆီးခံရတာလို့ ကျောက်ပွဲစားတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံက Message အပြန်အလှန်ပို့သူတွေအသုံးများတဲ့ Wechat လူမှုကွန် ယက် Mobile app ကိုသုံးပြီး အွန်လိုင်းကနေ ကျောက်စိမ်းအရောင်းဝယ်လုပ်နေတဲ့ ၂ နေရာကို ဒီဇင်ဘာ ၂၀ ရက် တနင်္လာနေ့ မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အင်အားအမြောက်အများနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့မှုအတွင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေသာမက တရုတ်လူမျိုးတွေလည်းပါပါတယ်။ သူတို့ကို မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးစစ်ဆေးနေပြီးဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်အထိ ပြန်လည် လွတ်မြောက်လာသူ မရှိသေးဘူးလို့ ကျောက်ပွဲစားတယောက်က ပြောပြပါတယ်။

“မနေ့က ၂ ခုပေါင်းကို အားလုံးပေါင်း ၄၀၀ နီးပါးလောက် ပါတယ်ခင်ဗျ။ အဲ့ဒါတော့ ဗမာကုန်သည်ပွဲစားလေးတွေ များတာပေါ့။ အဓိက အများဆုံးမိတာ ပွဲစားတွေ အများဆုံးမိတာ။ ဒီနေ့တော့ လွှတ်ပေးမယ်လို့ အသံကြားတယ်။ အခုထိတော့ လွတ်လာတဲ့ အသံတော့ မကြားသေးဘူး။”

ကျောက်ပွဲစားတွေဟာ တရုတ်နိုင်ငံဘက်က ဝယ်သူတွေကို Wechat mobile app ပေါ်ကတဆင့် ကျောက်တွေကို အရောင်းအဝယ်လုပ်လေ့ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်ပွဲစားအများစုဟာ ကျောက်ဝိုင်းတွေကို မသွားကြတော့ဘဲ နီးစပ်ရာ လူစုဝေးပြီး အွန်လိုင်းကနေ အရောင်းအဝယ်လုပ်နေကြတာဖြစ်ပါတယ်။ အဲဒီလိုရောင်းဝယ်နေတဲ့ ကျောက်ပွဲစားတွေကိုရော အဝယ်ဒိုင်တွေကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“အာဏာမသိမ်းခင် ကိုဗစ်ကာလတုန်းကလည်း အပြင်မှာပဲပေါ့၊ အခုလို Wechat တွေပေါ့။ ကိုယ့်အိမ်မှာ ကိုယ်ခေါ်ပြီး ရောင်းကြတာ ရှိတာပေါ့။ အရင်အစိုးရလက်ထက်တုန်းက ဖမ်းဆီးတာ ဘာညာမရှိဘူး။ သတိပေးခြင်းဘာခြင်းပဲ ရှိတာလေ။ အပြင်မှာမလုပ်ဖို့ လိုက်လံအော်တာတော့ရှိတယ်။ ဒီလိုမျိုးအကြမ်းဖက် ဖမ်းတဲ့အဆင့်တော့မရှိဘူး။ ဒီတော်လှန်ရေးကြတော့ အကုန်လုံးက ဝိုင်းထဲမဝင်ဘဲ Boycott လုပ်ထားတဲ့သဘောမျိုးနဲ့ အပြင်မှာပဲ လုပ်ကြတာကို။ ကောင်စီကို အခွန် မပေးချင်လို့ ဘယ်သူမှ ဝိုင်းထဲဝင်ပြီး မလုပ်ကြဘူးလေ။ သူတို့က ဝိုင်းထဲဝင်ခိုင်းတာလေ။ ဝိုင်းထဲဝင်ရင် အခွန်ဘာညာရတာကို။ အခုကျတော့ ကျောက်သမား အများစုက ပြည်သူအများစုက Boycott လုပ်တော့ မဝင်ကြဘူး။ ဝိုင်းထဲကို အများစုမဝင်ကြဘူး။ အဲ့တော့ ဝိုင်းထဲမှာရှိတဲ့ အခန်းပိုင်ရှင်အများစုက ကိုယ့်အိမ်မှာကိုယ် လုပ်ကြတာပေါ့။ ကိုယ့်ကုန်သည်ကိုယ်ခေါ်ပြီး ဖွင့်ကြတော့ သူတို့မှာ မျက်စိစပါးမွှေးစူးပြီးတော့ နေပြည်တော်ကနေ ဆင်းဖမ်းတယ်လို့ ကြားတယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၈၄ လမ်း ၄၃-၄၄ လမ်းနဲ့ ၈၉ လမ်း ၁၅-၁၆ ကြားမှာ ကျောက်ဝိုင်းပြင်ပ အရောင်းအဝယ်လုပ်နေသူတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးထားသူတွေကို အိုးဘိုထောင် မှာ ထိန်းသိမ်းထားပြီး ငွေနဲ့ရွေးဖို့ဆိုတဲ့ ပြောတာတွေရှိပေမယ့် ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုချက်တော့မရပါဘူး။ နေပြည်တော်မှာ ပုလဲအတွဲနဲ့ ကျောက်စိမ်းအတွဲတွေကို ပြသရောင်းချပွဲ လုပ်နေချိန်မှာပဲ ခုလို မန္တလေးက ကျောက်မျက်အထည်တွေရောင်းတဲ့ ကျောက်ပွဲစားတွေကို စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးခက်ခဲနေချိန်မှာ အခုလိုအဖမ်းအဆီးလုပ်တာဟာ ကျောက်အရောင်းအဝယ် လုပ်သူတွေအတွက် ခက်ခဲစေတယ်လို့ ကျောက်အရောင်အဝယ်လုပ်နေသူ ကိုအောင်အောင်က ပြောပါတယ်။

“NLD အစိုးရခေတ်မှာ ၁ နှစ်ကျော်လောက် လုပ်ငန်းက ရပ်ထားရတယ်။ ပြီးတော့မှ ဒီဘက် ၂၀၂၁ ရောက်တော့ အာဏာသိမ်းလည်းသိမ်းလိုက်ကော လုပ်ငန်းတွေက ထပ်ပြီးတော့ ရပ်ရပြန်ကော။ အဲ့ဒီလို ရပ်နေတဲ့အချိန်လေးမှာ ရတဲ့အချိန်လေး ထွက်လာပြီးတော့ စားဝတ်နေရေးအတွက် လုပ်ကြ၊ အန္တရာယ်တွေ ရှောင်ကြနဲ့ အခု စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ် တတိယလှိုင်းဆိုတော့ လူတွေ တော်တော်ထိကြတယ်။ အပြင်မထွက်ရဲသလောက်ကို ဖြစ်ကုန်တာ။ အဲ့တော့ ကိုဗစ် ပြသာနာကိုလည်း ရှောင်ရတယ်။ အာဏာသိမ်းတဲ့ အန္တရာယ်ကိုလည်း ရှောင်နေတဲ့ကြားကနေ လူတွေက စီးပွားရေးကြပ်တည်းလာတော့ ဘာပဲပြောပြော ဒီနေရာလေးမှာတော့ လုပ်လို့ရသေးတယ်ဆိုတဲ့ အဲဒီအသိစိတ်နဲ့ မထွက်ချင်ပဲလည်း ထွက်လာရတယ်။ အခုလိုပုံစံမျိုးတွေ ဆောင်ရွက်လိုက်တာဆိုတော့ ဒါကပိုခက် သွားတယ်ခင်ဗျ။ စားဝတ်နေရေးအတွက် ၂ နှစ်လောက် ဒုက္ခခံပြီး ရပ်တည်ရတာဖြစ်တဲ့အတွက် မဖြစ်မနေသွားနေရတာ ဘယ်သူမှ ပျော်လို့သွားနေရတာတော့မဟုတ်ဘူး။ ဒီလိုဆောင်ရွက်တယ်ဆိုတာ ပြည်သူကို ဒုက္ခထပ်ပေးတယ်လို့ပဲမြင်တယ်။”

မန္တလေး ကျောက်ဝိုင်းဟာ မန္တလေးမြို့ရဲ့ အဓိက ဝင်ငွေရရှိတဲ့နေရာ တနေရာဖြစ်ပြီး ကျောက်တွေကို တရုတ်ပြည်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အရောင်းအဝယ်ပြုလုပ်တဲ့နေရာလည်းဖြစ်ပါတယ်။ မန္တလေးမြို့ ကျောက်ဝိုင်းမှာ ပုံမှန် နေ့စဉ် သောင်းနဲ့ချီတဲ့ ကျောက်အရောင်းအဝယ်သမားတွေနဲ့ အရင်က စည်ကားခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ထဲက လူစုလူဝေး မလုပ်ရတာကြောင့် ပိတ်ထားရပါတယ်။ ဒါတင်မက စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ လုံခြုံရေး မတည်ငြိမ်မှုတွေကြောင့် ကျောက်ဝိုင်းတွေကို လာသူ မရှိသလောက်ဖြစ်နေပြီး အပြင်မှာသာ အရောင်းအဝယ်ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။ မန္တလေးရဲ့ အဓိကနေရာတွေဖြစ်တဲ့ ဈေးချိုတော်နဲ့ ကျောက်ဝိုင်းကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်လာတာတွေရှိပေမယ့် ကျောက်ဝိုင်းအနီးမှာ မကြာခဏဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်နေတာအပြင် စစ်ကောင်စီတပ်တွေကပါ ရှိနေတဲ့အတွက် အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်ပြီး တော်တော်များများက မလာရဲကြတာလည်းဖြစ်ပါတယ်။

#Mandalay #VOABurmese

#မန္တလေးကျောက်ဝိုင်း #ကျောက်ပွဲစား #စစ်ကောင်စီ #WeChat #အိုးဘိုထောင် #ဗွီအိုအေ

=============

XS
SM
MD
LG