သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးဘုန္းႀကီးေက်ာင္းတခ်ိဳ႕ကို စီးနင္း၊ သံဃာႏွစ္ပါးထက္မနည္းဖမ္းခံရ


စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး မႏၱေလးသံဃာ့သမဂၢ သပိတ္။ (၀၉ ၊ ၁၂၊ ၂၀၂၁။ ဓာတ္ပုံ -သံဃသမဂၢ သပိတ္စစ္ေၾကာင္း)

Zawgyi/Unicode

မႏၲေလးၿမိဳ႕က ဘုန္းႀကီးေက်ာင္းတခ်ိဳ႕ကို စက္တင္ဘာလ ၂၈ ရက္၊ အဂၤါေန႔မွာ စစ္တပ္နဲ႔ရဲေတြဝင္ၿပီး ဆႏၵျပပြဲေတြမွာ ပါဝင္တယ္ဆိုတဲ့ သံဃာေတာ္ေတြကို ရွာေဖြ ဖမ္းဆီးတာမွာ သံဃာေတာ္နဲ႔ လူတခ်ိဳ႕ ဖမ္းဆီးခံခဲ့ရတယ္လို႔ ကိုယ္တိုင္လြတ္ေအာင္ ပုန္းေရွာင္ခဲ့ရတဲ့ သံဃာေတာ္တပါးက ဗြီအိုေအကိုေျပာပါတယ္။

“ဘုန္းႀကီးက ေက်ာင္းထုိင္ဘုန္းႀကီးႏွစ္ပါးေပါ့။ အဲဒီေက်ာင္းက ဘုန္းႀကီးႏွစ္ပါးရယ္၊ ေက်ာင္းသားႏွစ္ေယာက္ရယ္ေပါ့။ တေယာက္ကဆိုလို႔ရွိရင္ ရြာကေန ေဆးကုလာတယ္။ ရြာကေန အစာအိမ္ျဖစ္လို႔ေဆးကုလာရင္း ဒါမ်ဳိးကိစၥေတြျဖစ္ေတာ့ သူ႔ပါ ေခၚသြားပံုရတယ္။ .... သတင္းအစအန ဘာတခုမွ မရဘူး။”

သံဃာ့သမဂၢ ဆႏၵျပသပိတ္စစ္ေၾကာင္းမွာ ပါတယ္ဆိုတဲ့ သံဃာေတာ္ေတြကို ရွာေဖြဖမ္းဆီးတာျဖစ္ေပမယ့္ အခု သံဃာေတာ္ မိန႔္ၾကားခဲ့တဲ့ထဲက အဖမ္းခံရတဲ့သံဃာေတာ္ေတြကေတာ့ ဆႏၵျပပြဲေတြနဲ႔ ပတ္သက္တာမဟုတ္ဘူးလို႔ ဆက္မိန႔္ပါတယ္။

ေနာက္ သံဃာေတာ္တပါးကလည္း သံဃာသုံးပါးနဲ႔ လူႏွစ္ေယာက္ အဖမ္းခံရၿပီး ကားေတြ၊ ဆိုင္ကယ္ေတြ၊ ဖုန္းေတြ၊ ကြန္ျပဴတာေတြနဲ႔ ေငြေတြကိုပါ သိမ္းသြားတယ္လို႔ ေျပာခဲ့ပါတယ္။

မေန႔ကပဲ အဲဒီလိုျဖစ္ခဲ့ေပမယ့္ ဒီကေန႔မွာလည္း မႏၲေလးမွာ ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။ သံဃာေတာ္ေတြမွာ လက္နက္မရွိဘဲ တရားစာအုပ္ေတြသာ ရွိတယ္ဆိုၿပီး တရားစာအုပ္ေတြကို ကိုင္ေဆာင္ၿပီးေတာ့ သံဃာ့သပိတ္စစ္ေၾကာင္းနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ မႏၲေလးအေျခစိုက္ တကၠသိုလ္ေက်ာင္းသားသမဂၢ အဖြဲ႔ဝင္ေတြလည္း ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။

အလားတူ ေ႐ႊဘို၊ ယင္းမာပင္၊ ကေလး၊ ၿမိဳင္၊ ထားဝယ္ေတာင္ပိုင္း၊ ေလာင္းလုံး စတဲ့ၿမိဳ႕ေတြမွာလည္း ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။

စစ္အာဏာသိမ္းတဲ့ေန႔ကေန ဒီကေန႔အထိဆိုရင္ စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးတာေၾကာင့္ ေသဆုံးသူ ၁,၁၄၆ ေယာက္ရွိၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။ ဖမ္းဆီးခံထားရသူေပါင္းကလည္း ၆,၉၀၀ ေက်ာ္ရွိၿပီလို႔ AAPP ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------

Unicode

မန္တလေးဘုန်းကြီးကျောင်းတချို့ကို စီးနင်း၊ သံဃာနှစ်ပါးထက်မနည်းဖမ်းခံရ

မန္တလေးမြို့က ဘုန်းကြီးကျောင်းတချို့ကို စက်တင်ဘာလ ၂၈ ရက်၊ အင်္ဂါနေ့မှာ စစ်တပ်နဲ့ရဲတွေဝင်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်ဆိုတဲ့ သံဃာတော်တွေကို ရှာဖွေ ဖမ်းဆီးတာမှာ သံဃာတော်နဲ့ လူတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ကိုယ်တိုင်လွတ်အောင် ပုန်းရှောင်ခဲ့ရတဲ့ သံဃာတော်တပါးက ဗွီအိုအေကိုပြောပါတယ်။

“ဘုန်းကြီးက ကျောင်းထိုင်ဘုန်းကြီးနှစ်ပါးပေါ့။ အဲဒီကျောင်းက ဘုန်းကြီးနှစ်ပါးရယ်၊ ကျောင်းသားနှစ်ယောက်ရယ်ပေါ့။ တယောက်ကဆိုလို့ရှိရင် ရွာကနေ ဆေးကုလာတယ်။ ရွာကနေ အစာအိမ်ဖြစ်လို့ဆေးကုလာရင်း ဒါမျိုးကိစ္စတွေဖြစ်တော့ သူ့ပါ ခေါ်သွားပုံရတယ်။ .... သတင်းအစအန ဘာတခုမှ မရဘူး။”

သံဃာ့သမဂ္ဂ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပါတယ်ဆိုတဲ့ သံဃာတော်တွေကို ရှာဖွေဖမ်းဆီးတာဖြစ်ပေမယ့် အခု သံဃာတော် မိန့်ကြားခဲ့တဲ့ထဲက အဖမ်းခံရတဲ့သံဃာတော်တွေကတော့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တာမဟုတ်ဘူးလို့ ဆက်မိန့်ပါတယ်။

နောက် သံဃာတော်တပါးကလည်း သံဃာသုံးပါးနဲ့ လူနှစ်ယောက် အဖမ်းခံရပြီး ကားတွေ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ ငွေတွေကိုပါ သိမ်းသွားတယ်လို့ ပြောခဲ့ပါတယ်။

မနေ့ကပဲ အဲဒီလိုဖြစ်ခဲ့ပေမယ့် ဒီကနေ့မှာလည်း မန္တလေးမှာ ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။ သံဃာတော်တွေမှာ လက်နက်မရှိဘဲ တရားစာအုပ်တွေသာ ရှိတယ်ဆိုပြီး တရားစာအုပ်တွေကို ကိုင်ဆောင်ပြီးတော့ သံဃာ့သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလည်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ ရွှေဘို၊ ယင်းမာပင်၊ ကလေး၊ မြိုင်၊ ထားဝယ်တောင်ပိုင်း၊ လောင်းလုံး စတဲ့မြို့တွေမှာလည်း ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့နေ့ကနေ ဒီကနေ့အထိဆိုရင် စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာကြောင့် သေဆုံးသူ ၁,၁၄၆ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံထားရသူပေါင်းကလည်း ၆,၉၀၀ ကျော်ရှိပြီလို့ AAPP ကပြောပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG