သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာ-မန္တလေးလမ်းမပေါ် စစ်ကောင်စီကားတန်းမိုင်းဆွဲခံရ


မန္တလေးမြို့ လုံခြုံရေးတင်းကျပ်ထားတဲ့မြင်ကွင်း။ (ယခင်ပုံဟောင်း)
မန္တလေးမြို့ လုံခြုံရေးတင်းကျပ်ထားတဲ့မြင်ကွင်း။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

မုံရွာ မန္တလေးလမ်းမပေါ်မှာ မုံရွာကနေ စစ်ကိုင်းသွားတဲ့ စစ်ကောင်စီကားတန်းကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မနက်ပိုင်းကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။ မန္တလေးမြို့က ၄၁ လမ်း ကုန်ဈေးတန်းညဈေးမှာလည်း ဒီကနေ့မနက်ပိုင်း ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဒီကနေ့ မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးမှာ မုံရွာကနေ စစ်ကိုင်းကို သွားတဲ့ စစ်ကောင်စီကားတွေကို မြင်းမူမြို့က Black Eagle Defence Force-MMU အဖွဲ့က ဦးဆောင်ပြီး မြင်းမူမြို့ ပြည်သူကာကွယ်ရေးအဖွဲ့တွေ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၅ ဖွဲ့က မဟာမိတ်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲ တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ Black Eagle Defence Force-MMU က ထုတ်ပြန်ထားပါတယ်။

ဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီကားတချို့ ပျက်စီးခဲ့ပြီး ထိခိုက်မှုတွေရှိနိုင်ပေမယ့် အတိအကျတော့ မသိသေးဘူးလို့ ဒီကနေ့ မုံရွာ-မန္တလေးလမ်းမပေါ်က အခြေအနေတွေကို အချိန်နဲ့တပြေးညီ သတင်းတွေ တင်ဆက်ပေးနေတဲ့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ခုလိုပြောပြပါတယ်။

“မနက် ၇ နာရီ ၃၅ မိနစ်လောက်မှာ မြင်းမူမြို့နယ်က ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းရွာနားမှာ စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်တာ ပထမ တကြိမ်ဖြစ်တယ်ပေါ့နှော်။ နောက်တခုက မနက် ၉ နာရီခွဲလောက်မှာ အလ္လက္ကပနဲ့ ဝမ်းပြည့်ရွာပေါ့၊ အဲ့ဒါလည်း မြင်းမူမြို့နယ်ထဲမှာပဲ။ အဲ့ဒီကြားမှာ စစ်ကား ၂ စီးကို ထပ်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်တာ။ အဲ့ဒီဖြစ်စဉ်ကြောင့်မို့လို့ မနက်ပိုင်းမှာ မုံရွာမန္တလေးကားလမ်းက ပိတ်ဆို့မှုတွေ ဖြစ်ပြီးတော့ ညနေ ၃ နာရီလောက်မှာတော့ ပြန်ပြီး သွားလာလို့ ရပြီဆိုပြီး ကြေညာထားပါတယ်။ (အပျက်အစီးက) ဘယ်နှစ်စီးလို့တော့ အတိအကျမသိဘူး။ ဒါပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုတွေ အများအပြားရှိနိုင်တယ်လို့တော့ ခန့်မှန်းထားပါတယ်။ ဖြစ်စဉ်အပြီးမှာ စစ်ကောင်စီဘက်က လိုက်လံ ပစ်ခတ်မှုတွေရှိတာကြောင့် Black Eagle အဖွဲ့က အသေအချာ အတည်ပြုမှုမလုပ်နိင်ခဲ့ဘူးပေါ့။”

ဒီကနေ့ မုံရွာ-မန္တလေးလမ်းမပေါ်က ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရကို VOA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကနေ့ မနက်အစောပိုင်းကပဲ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ၄၁ လမ်း ကုန်စိမ်းတန်းညဈေးအနီးမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါသေးတယ်။ ဒီပေါက်ကွဲမှုအကြောင်းကို မန္တလေး ဒေသခံတဦးက ခုလို ပြောပြပါတယ်။

“ဒီနေ့မနက် ၇ နာရီကျော်လောက်ပေါ့၊ အဲ့လောက်မှာ အုန်း...အုန်း ဆိုတဲ့အသံပေါ့၊ အဲ့လိုကြားလိုက်တော့ ဗုံးပေါက်တယ်ဆို သိလိုက်တယ်။ အထိအခိုက်ကတော့ အဲဒီမှာ ဈေးလာဝယ်တဲ့ စစ်သားတွေပေါ့။ ၂ ယောက် ၃ ယောက်လောက်တော့ ထိတယ်ကြားတယ်။ တချို့တွေလည်း ဒဏ်ရာ ရတယ်။ တချို့တွေလည်း အဲ့ဒီမှာ ဆုံးတယ်လို့လည်း ကြားတယ်။ သူတို့တွေကလည်း အဲ့ဒီမှာ ရမ်းသမ်းပြီး သေနတ်တွေနဲ့ပစ်ကြတော့ ဈေးလာဝယ်ကြတဲ့သူတွေလည်း တချို့ ထိခိုက်တယ်လို့ ကြားတယ်ဗျ။ ၄၁ လမ်းက ဒီဘက် ၈၁ လမ်းထိ ၈၄၊ ၈၆ တကြောမှာ သူတို့ လုံခြုံရေးတွေ ယူလိုက်တာတွေ အရမ်းများတယ်။ လမ်းတောင်ဘက်ခြမ်းမှာ သူတို့ရဲ့ လုံခြုံရေးတပ်ရင်းအဟောင်းကလည်း ရှိတယ်။ မြို့နယ် ရဲမှူးရုံးကလည်း အဲ့ဒီနားမှာရှိတယ်။ အဲဒီတော့ စစ်တာဆေးတာတွေကတော့ အင်အားအများကြီးနဲ့ လုပ်နေတယ်ဗျ ဒီနေ့ကတော့။”

ဒီ ၄၁ လမ်းဈေးဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစစ်အာဏာသိမ်း ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် ကျဆုံးခဲ့သူတွေရှိခဲ့တဲ့ နေရာဖြစ်ပြီး မောင်ဝေယံထွန်း ကျဆုံးခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ဝေယံထွန်းဈေး ဆိုပြီး ဒေသခံတွေ ခေါ်ဝေါ်နေကြတဲ့ဈေးဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်၊ ကန့်ကွက်ဆန္ဒပြမှုတွေကို စစ်တပ် က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက်၊ စစ်ကောင်စီတပ်တွေကို ပြန်လှန်ပစ်ခတ်တာ်တွေ ဆန့်ကျင်တော်လှန်တာတတွေ နိုင်ငံအနှံ့ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပါတယ်။

===========

{{Unicode}}










#MyanmarViolence #VOABurmese


===========

XS
SM
MD
LG