သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ပဋိပက္ခ ပါဝင်သူ ၁၁ ဦး ထောင်ဒဏ် နှစ်ရှည် ကျ


 ၂၀၁၄ခုနှစ် ဇူလိုင်လတွင်းက မန္တလေးမြို့ပဋိပက္ခ လုံုခြုံရေး ချထားစဉ်။
၂၀၁၄ခုနှစ် ဇူလိုင်လတွင်းက မန္တလေးမြို့ပဋိပက္ခ လုံုခြုံရေး ချထားစဉ်။

၂၀၁၄ခုနှစ် ဇူလိုင်လအတွင်း မန္တလးမြို့မှာ ဖြစ်ပွားခဲ့ရတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ ကိုထွန်းထွန်းနဲ့ ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရသူ ၁၁ဦးကို မန္တလေးခရိုင် တရားရုံးကနေ ထောင်ဒဏ် ၁၀နှစ်ကနေ ၁၆နှစ်ထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါတယ်။ ဒီ့ထဲမှာ ၅ဦးဟာ သက်သေမရှိပဲ ပြစ်ဒဏ်ပေးခံရတာဖြစ်လို့ တိုင်းတရား လွှတ်တော်ထိ အယူခံတင်ဖို့ လုပ်နေတယ်လို့ တရားခံအဖြစ် စွပ်စွဲခံရသူတချိုရဲ့ ရှေ့နေက ဆိုပါတယ်။ အပြည့်အစုံ ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် ဇူလိုင်လမှာ မန္တလေးမြို့က ဘာသာရေး ပဋိပက္ခ အသွင် ဖြစ်ပွားခဲ့ရတဲ့ ဆူပူအကြမ်းဖက်မူတွေအတွင်း လူ၂ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာတွေလည်း ရရှိခဲ့တာပါ။

သေဆုံးသူ ကိုထွန်းထွန်းရဲ့ အဖွား
သေဆုံးသူ ကိုထွန်းထွန်းရဲ့ အဖွား

ဒီထဲမှာ ကိုထွန်းထွန်းဆိုတဲ့ လူတဦး သေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ တရားခံအဖြစ် အစ္စလာမ် ဘာသာဝင် ၁၁ ဦး စွပ်စွဲခံထားရပြီး ဒီဇင်ဘာလ ၃၀ရက်နေ့မှာ ခရိုင်တရားရုံးကနေ သူတို့ကို လူသတ်မှု အပါအဝင် တခြားပြစ်မူတွေနဲ့ အနည်းဆုံးထောင်ဒဏ် ၁၀နှစ်ကနေ အမြင့်ဆုံး ၁၆နှစ်ထိ ပြစ်ဒဏ်များချခဲ့ပါတယ်။ တရားခံတွေထဲက တချို့ကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က ရှေ့နေ ဦးသိန်းသန်းဦးကတော့ စွပ်စွဲခံရသူအားလုံး ပြစ်ဒဏ်များ ချမှတ်ခံရတယ်လို့ ဆိုပါတယ်။

" ၁၁ယောက်စလုံး ချတယ်။ တစ်ယောက်မှ မလွတ်ဘူး။ ခရိုင်တရားရုံးက ချတာ။ ၁၀နှစ်စီ ချတယ်။ အားလုံး။ တချို့က လက်နက်မှုနဲ့ ၃နှစ် ထပ်ပိုတယ်။ နောက်တခါ အကျိုးဖျက်ဆီးမှုက ခြောက်လ။ ပုံမှန်အားဖြင့် လူသတ်မှုနဲ့ ၁၀နှစ်ချတယ်။"

ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲမှာ အသက် ၆၂အရွယ် ဗိုလ်ကြီးဟောင်းမြင့်ဦး အပါဝင် ၅ဦးလောက်ဟာ သက်သေခိုင်လုံမူမရှိပဲ ပြစ်ဒဏ်များ ချမှတ်ခဲ့တာဖြစ်ကြောင်း ဒီ့အတွက် တိုင်းတရားလွှတ်တော်အထိ အယူခံ ဆက်တက်မယ်လို့ ဦးသိန်းသန်းဦးက ဆိုပါတယ်။

"အယူခံ ၄ယောက်တင်ပေးရမယ်။ အယူခံ တရားလွှတ်တော်ကို တင်ရမှာလေ။ တိုင်းဒေသကြီး တရားလွှတ်တော်ကို အယူခံတက်ရမှာ။ ငါးယောက်က လုံးဝ အပြစ်မရှိဘူး။ ၁၁ယောက်ထဲမှာ ငါးယောက်က သက်သေအထောက်အထား လုံးဝ မရှိဘူး။ သက်သေမရှိပဲနဲ့ချတာ။ ကျနော်တို့ အယူခံတက်မယ်။ တရားလွှတ်တော် အယူခံတက်ပြီး ဥပဒေကြောင်းအရ ဆက်ပြီးတော့ လုပ်သွားမယ်။ မန္တလေးတိုင်း တရားလွှတ်တော်ကို တက်ရမှာ။ ငါးယောက်က သက်သေ လုံးဝ မရှိဘူး။ အငြိမ်းစားဗိုလ်ကြီးတစ်ယောက်ပါတယ်။ ဗိုလ်ကြီးမြင့်ဦးဆိုတာ အငြိမ်းစား။ အငြိမ်းစား။ ၆၂နှစ်။"

မန္တလေးြမိုမှာ ၂၀၁၄ခုနှစ် ဇူလိုင်၁ရက်နေ့ကစလို့ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုအတွင်းမှာ လူနှစ်ဦးသေဆုံးပြီး လူ ၁ ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တာပါ။

မန္တလေးပဋိပက္ခအတွင်း သေဆုံးသူအစ္စလာမ်ဘာသာဝင်ရဲ့မိသားစု
မန္တလေးပဋိပက္ခအတွင်း သေဆုံးသူအစ္စလာမ်ဘာသာဝင်ရဲ့မိသားစု

မန္တလေးမြို့က ဆူပူအကြမ်းဖက်မှုတွေမှာ သံသယရှိသူ တွေ နဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သူ ၄၀၀လောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အဲဒီ့အချိန်တုန်းက မန္တလေးတိုင်း ရဲတပ်ဖဲ့ွက ပြောပါတယ်။ အဲဒီအချိန်က ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် ဆူပူမှုတွေကို ထိန်းသိမ်းဖို့အတွက် မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်းက အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ မြို့နယ် ပုသိမ်ကြီးမြို့နယ် တွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG