သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အသံတိတ္သပိတ္ျဖစ္ၿပီးေနာက္ မႏၲေလးလုံၿခဳံေရးပိုတင္းၾကပ္


ဒီဇင္ဘာ ၁၀ ရက္ေန႔က မႏၱေလးၿမိဳ႕ အသံတိတ္သပိတ္ ျမင္ကြင္း။

[[Zawgyi/Unicode]]

ဒီဇင္ဘာ ၁၂ ရက္ေန႔က မႏၲေလးၿမိဳ႕မွာသူနာျပဳဆရာမနဲ႔ ခင္ပြန္းျဖစ္သူတို႔ ပစ္သတ္ခံရမႈအပါအဝင္ ရပ္ကြက္အုုပ္ခ်ဳပ္ေရးမႉးတဦးနဲ႔ ကပၸိယတဦးတို႔ ပစ္ခတ္ခံရမႈေတြဟာ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႔ေတြရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ မႏၲေလး ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြကေတာ့ ဒီကိစၥဟာ သူတို႔လက္ခ်က္ လုံးဝမဟုတ္ေၾကာင္း ျငင္းဆိုပါတယ္။ မႏၲေလးၿမိဳ႕မွာေတာ့ ဒီဇင္ဘာလ ၁၀ ရက္ အသံတိတ္ သပိတ္ ျပဳလုပ္ၾကၿပီးေနာက္ပိုင္းရက္ေတြကစလို႔ လုံၿခဳံေရး ပိုမိုတင္းၾကပ္ စစ္ေဆးမႈေတြ ရွိလာၿပီး ပစ္ခတ္မႈေတြ ပိုမ်ားလာေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း နန္းေလာဝ္က တင္ျပထားပါတယ္။

ဒီဇင္ဘာ ၁၂ ရက္ တနဂၤေႏြေန႔က မႏၲေလးၿမိဳ႕ ၆၂ လမ္းေပၚမွာရွိတဲ့ ကုတင္ ၃၀၀ ဆံ့ သင္ၾကားေရး ေဆး႐ုံအနီးမွာ သူနာျပဳနဲ႔ ခင္ပြန္းျဖစ္သူတို႔ပစ္သတ္ခံရမႈ၊ ေအာင္ပင္လယ္ရပ္ကြက္အတြင္း ကပၸိယတဦး ပစ္သတ္ခံရမႈ၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (ဇ) ရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉးတဦး ပစ္ခတ္ခံရမႈေတြဟာ ျပည္သူကာကြယ္ေရး တပ္ဖြဲ႔ PDF ေတြရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ စစ္ေကာင္စီဖက္က စာထုတ္ျပန္ခ်က္အေနနဲ႔ေရာ Video သက္ေသနဲ႔ပါ ထုတ္ျပန္ပါတယ္။

အဲ့ဒီ ဒီဇင္ဘာ ၁၂ ရက္ေန႔ညေနမွာပဲ ပစ္ခတ္မႈေတြလုပ္ခဲ့ၾကတဲ့ ျပည္သူကာကြယ္ေရး တပ္ဖြဲ႔ဝင္ေတြထဲကတဦးကို ညေန ၆ နာရီခြဲ ဝန္းက်င္မွာ ဖမ္းဆီးရမိခဲ့ၿပီး သူ႔ရဲ႕ ထြက္ဆိုခ်က္ေတြအရ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ဝင္ေတြကို လိုက္လံဖမ္းဆီးရာမွာ ျပန္လည္ခုခံတာေၾကာင့္ ၈ ဦး အေသပစ္ခတ္ ဖမ္းဆီးရမိခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

၆၂ လမ္းေပၚမွာရွိတဲ့ ကုတင္ ၃၀၀ ဆံ့ သင္ၾကားေရး ေဆး႐ုံအနီးဟာ စစ္ေကာင္စီတပ္ေတြက တပ္စြဲထားတဲ့ေနရာျဖစ္တဲ့အတြက္ လုံၿခဳံေရး အလြန္တင္းၾကပ္တဲ့ ေနရာျဖစ္တာေၾကာင့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြက ဒီလို ပစ္ခတ္မႈေတြကို လုပ္ႏိုင္တဲ့ အေျခအေနမဟုတ္ဘူးလို႔ ေဒသခံတခ်ိဳ႕ကယူဆပါတယ္။ ဖမ္းဆီးခံရမႈေတြရွိခဲ့တဲ့ မႏၲေလး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔တဖြဲ႔ကေတာ့ ဒီလုပ္ႀကံမႈေတြ သူတို႔လုပ္တာမဟုတ္ဘူးလို႔ ျငင္းဆိုပါတယ္။

“မေန႔ညက က်ေနာ္တို႔ GEN Z ေတြအဖြဲ႔က ၉ ေယာက္ အဖမ္းခံရတယ္ဗ်။ ၉ ဦးဖမ္းခံရတာမွာ ၃ ဦးက်ဆုံးတဲ့အေနအထားလို႔ ကြၽန္ေတာ္တို႔ သတင္းရတယ္။ အဲ့မွာ သူတို႔ က ဒီ GEN Z ေတြအဖြဲ႔ကပဲ မနက္က ကပၸိယရယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးရယ္၊ ဒီ သူနာျပဳဆရာမ လင္မယား ႏွစ္ေယာက္ရယ္ကို သတ္တယ္ဆိုၿပီးေတာ့ ထုတ္ျပန္တာကေတာ့ လုံးဝကို မဟုတ္ပါဘူးလို႔ လုံးဝကို ျငင္းဆိုပါတယ္။”

ဒီကေန႔မနက္ အေစာပိုင္းကလည္း မႏၲေလးၿမိဳ႕ ၃၇ လမ္း၊ အခြန္လြတ္ေစ်းမွာ ေစ်းလာဝယ္တဲ့ အရပ္ဝတ္ အမ်ိဳးသားႏွစ္ဦး ပစ္ခတ္ခံခဲ့ရတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

“စစ္တပ္နဲ႔ ခုအာဏာသိမ္း စစ္ေကာင္စီကလူေတြ အသိမ္းအဝိုင္းေတြ သြားလို႔လာလို႔ ရတဲ့ လြယ္ကူတဲ့ ေနရာမ်ိဳးေတြျဖစ္ေတာ့ အဲ့မွာ သူတို႔ ခဏခဏ ေစ်းလာဝယ္တာတို႔ ၾကားမိတယ္၊ ခါတိုင္းလည္း က်ေနာ္တို႔ ျမင္ျမင္ေနရတာကိုး၊ ဒီအေပၚမွာ ဒီလို ေဆာင္႐ြက္သြားတယ္လို႔ပဲ ျမင္တယ္ဗ်။ ဒါက ျဖစ္ဖို႔ေတာ့မ်ားတယ္။ စစ္သားေတြပဲ ပစ္ခံရတာျဖစ္ဖို႔မ်ားတယ္။ ျပည္သူအခ်င္းခ်င္းေတာ့ ဘယ္သူမွ ပစ္မေနဘူး။”

မႏၲေလးၿမိဳ႕မွာ ဒီဇင္ဘာလ ၁၀ ရက္ တိတ္ဆိတ္ျခင္း သပိတ္ျပဳလုပ္ၾကၿပီးတဲ့ ေနာက္ေန႔ကစလို႔ စစ္ေကာင္စီတပ္ေတြက အရပ္ဝတ္ေတြနဲ႔ေရာ ယူနီေဖာင္းေတြနဲ႔ပါ လုံၿခဳံေရးတင္းၾကပ္ စစ္ေဆးမႈေတြ လုပ္ေနၾကၿပီး ပစ္ခတ္မႈေတြလဲ ရက္ဆက္ဆိုသလို ရွိေနတယ္လို႔ မႏၲေလးေဒသခံတဦးက ခုလိုေျပာပါတယ္။

“ဒီမွာက ၁၀ ရက္ေန႔ အသံတိတ္သပိတ္ၿပီးကတည္းက မႏၲေလးမွာ အေရွ႕အေနာက္ ေတာင္ေျမာက္ အပိတ္အဆို႔ေတြက အေတာ္မ်ားတယ္။ ဘယ္ေလာက္ထိမ်ားလဲဆို စက္ဘီးနဲ႔သြားတဲ့သူေတြေတာင္မွ တားၿပီး စစ္ေနတဲ့ဟာေတြ၊ အဲ့ေတာ့ ဘယ္နားသြားသြားကို ေတာ္ေတာ္ေလးကို အႏၲရာယ္မ်ားတယ္။ ဟိုနားမွာ ေပါက္ကြဲလိုက္၊ ဒီနားမွာ ပစ္ခတ္လိုက္နဲ႔ အမ်ားျပည္သူအတြက္က လုံၿခဳံမႈက မရွိဘူး။ သတင္းေတြ ရွိရင္၊ ဆႏၵျပတဲ့သတင္းေတြ၊ ႏိုင္ငံတကာသတင္းဌာနက သတင္းေတြ ၾကည့္ေနတာမ်ိဳး ေတြ႔ရင္ေတာင္ အနည္းဆုံးတခါေတာ့ နားရင္း႐ိုက္ခံရတာပဲ။ အဲ့ေတာ့ က်ေနာ္တို႔က အျပင္ထြက္လည္း စိတ္က မလုံၿခဳံဘူး။ ဆိုင္ကယ္ေတြဆိုရင္ ဆိုင္ကယ္ေဘာက္ လွန္တာေပါ့၊ အထဲမွာ ဘာပါလဲေပါ့။ လူကိုၾကည့္တယ္၊ အက်္ီေတြကို ခြၽတ္ခိုင္းတယ္။ ၿပီးေတာ့ လက္ေတြကို ဆြဲလွန္တယ္။ တက္တူးေတြ ရွိလားေပါ့၊ တက္တူးထဲမွာ ေႏြဦးေတာ္လွန္ေရးတို႔၊ ေဒၚေအာင္ဆန္းစုၾကည္ပုံေတြ ေတြ႔ရင္ အနည္းဆုံးကေတာ့ နာၿပီသာ မွတ္ေတာ့ပဲ။”

မႏၲေလးၿမိဳ႕မွာ အခုလို တင္းၾကပ္မႈေတြၾကာမွာပဲ စစ္အာဏာသိမ္းမႈဆန႔္က်င္တဲ့လွ်ပ္တျပတ္ဆႏၵျပမႈေတြကလည္း ရွိေနပါတယ္။ ဆႏၵျပသူေတြကို စစ္ေကာင္စီလုံၿခဳံေရးတပ္ေတြက ကားနဲ႔တိုက္ၿပီး ဖမ္းဆီးတာအျပင္ ဆိုက္ကယ္စီးသူေတြကို ရပ္မေပးရင္ ပစ္ခတ္ဖမ္းဆီးတာမ်ိဳးေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အသံတိတ်သပိတ်ဖြစ်ပြီးနောက် မန္တလေးလုံခြုံရေးပိုတင်းကြပ်

ဒီဇင်ဘာ ၁၂ ရက်နေ့က မန္တလေးမြို့မှာသူနာပြုဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံရမှုအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးနဲ့ ကပ္ပိယတဦးတို့ ပစ်ခတ်ခံရမှုတွေဟာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ မန္တလေး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဒီကိစ္စဟာ သူတို့လက်ချက် လုံးဝမဟုတ်ကြောင်း ငြင်းဆိုပါတယ်။ မန္တလေးမြို့မှာတော့ ဒီဇင်ဘာလ ၁၀ ရက် အသံတိတ် သပိတ် ပြုလုပ်ကြပြီးနောက်ပိုင်းရက်တွေကစလို့ လုံခြုံရေး ပိုမိုတင်းကြပ် စစ်ဆေးမှုတွေ ရှိလာပြီး ပစ်ခတ်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း နန်းလောဝ်က တင်ပြထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့က မန္တလေးမြို့ ၆၂ လမ်းပေါ်မှာရှိတဲ့ ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံအနီးမှာ သူနာပြုနဲ့ ခင်ပွန်းဖြစ်သူတို့ပစ်သတ်ခံရမှု၊ အောင်ပင်လယ်ရပ်ကွက်အတွင်း ကပ္ပိယတဦး ပစ်သတ်ခံရမှု၊ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက်က အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရမှုတွေဟာ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီဖက်က စာထုတ်ပြန်ချက်အနေနဲ့ရော Video သက်သေနဲ့ပါ ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဒီဇင်ဘာ ၁၂ ရက်နေ့ညနေမှာပဲ ပစ်ခတ်မှုတွေလုပ်ခဲ့ကြတဲ့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေထဲကတဦးကို ညနေ ၆ နာရီခွဲ ဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ ထွက်ဆိုချက်တွေအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးရာမှာ ပြန်လည်ခုခံတာကြောင့် ၈ ဦး အသေပစ်ခတ် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

၆၂ လမ်းပေါ်မှာရှိတဲ့ ကုတင် ၃၀၀ ဆံ့ သင်ကြားရေး ဆေးရုံအနီးဟာ စစ်ကောင်စီတပ်တွေက တပ်စွဲထားတဲ့နေရာဖြစ်တဲ့အတွက် လုံခြုံရေး အလွန်တင်းကြပ်တဲ့ နေရာဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီလို ပစ်ခတ်မှုတွေကို လုပ်နိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ ဒေသခံတချို့ကယူဆပါတယ်။ ဖမ်းဆီးခံရမှုတွေရှိခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ကတော့ ဒီလုပ်ကြံမှုတွေ သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

“မနေ့ညက ကျနော်တို့ GEN Z တွေအဖွဲ့က ၉ ယောက် အဖမ်းခံရတယ်ဗျ။ ၉ ဦးဖမ်းခံရတာမှာ ၃ ဦးကျဆုံးတဲ့အနေအထားလို့ ကျွန်တော်တို့ သတင်းရတယ်။ အဲ့မှာ သူတို့ က ဒီ GEN Z တွေအဖွဲ့ကပဲ မနက်က ကပ္ပိယရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ ဒီ သူနာပြုဆရာမ လင်မယား နှစ်ယောက်ရယ်ကို သတ်တယ်ဆိုပြီးတော့ ထုတ်ပြန်တာကတော့ လုံးဝကို မဟုတ်ပါဘူးလို့ လုံးဝကို ငြင်းဆိုပါတယ်။”

ဒီကနေ့မနက် အစောပိုင်းကလည်း မန္တလေးမြို့ ၃၇ လမ်း၊ အခွန်လွတ်ဈေးမှာ ဈေးလာဝယ်တဲ့ အရပ်ဝတ် အမျိုးသားနှစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“စစ်တပ်နဲ့ ခုအာဏာသိမ်း စစ်ကောင်စီကလူတွေ အသိမ်းအဝိုင်းတွေ သွားလို့လာလို့ ရတဲ့ လွယ်ကူတဲ့ နေရာမျိုးတွေဖြစ်တော့ အဲ့မှာ သူတို့ ခဏခဏ ဈေးလာဝယ်တာတို့ ကြားမိတယ်၊ ခါတိုင်းလည်း ကျနော်တို့ မြင်မြင်နေရတာကိုး၊ ဒီအပေါ်မှာ ဒီလို ဆောင်ရွက်သွားတယ်လို့ပဲ မြင်တယ်ဗျ။ ဒါက ဖြစ်ဖို့တော့များတယ်။ စစ်သားတွေပဲ ပစ်ခံရတာဖြစ်ဖို့များတယ်။ ပြည်သူအချင်းချင်းတော့ ဘယ်သူမှ ပစ်မနေဘူး။”

မန္တလေးမြို့မှာ ဒီဇင်ဘာလ ၁၀ ရက် တိတ်ဆိတ်ခြင်း သပိတ်ပြုလုပ်ကြပြီးတဲ့ နောက်နေ့ကစလို့ စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေနဲ့ပါ လုံခြုံရေးတင်းကြပ် စစ်ဆေးမှုတွေ လုပ်နေကြပြီး ပစ်ခတ်မှုတွေလဲ ရက်ဆက်ဆိုသလို ရှိနေတယ်လို့ မန္တလေးဒေသခံတဦးက ခုလိုပြောပါတယ်။

“ဒီမှာက ၁၀ ရက်နေ့ အသံတိတ်သပိတ်ပြီးကတည်းက မန္တလေးမှာ အရှေ့အနောက် တောင်မြောက် အပိတ်အဆို့တွေက အတော်များတယ်။ ဘယ်လောက်ထိများလဲဆို စက်ဘီးနဲ့သွားတဲ့သူတွေတောင်မှ တားပြီး စစ်နေတဲ့ဟာတွေ၊ အဲ့တော့ ဘယ်နားသွားသွားကို တော်တော်လေးကို အန္တရာယ်များတယ်။ ဟိုနားမှာ ပေါက်ကွဲလိုက်၊ ဒီနားမှာ ပစ်ခတ်လိုက်နဲ့ အများပြည်သူအတွက်က လုံခြုံမှုက မရှိဘူး။ သတင်းတွေ ရှိရင်၊ ဆန္ဒပြတဲ့သတင်းတွေ၊ နိုင်ငံတကာသတင်းဌာနက သတင်းတွေ ကြည့်နေတာမျိုး တွေ့ရင်တောင် အနည်းဆုံးတခါတော့ နားရင်းရိုက်ခံရတာပဲ။ အဲ့တော့ ကျနော်တို့က အပြင်ထွက်လည်း စိတ်က မလုံခြုံဘူး။ ဆိုင်ကယ်တွေဆိုရင် ဆိုင်ကယ်ဘောက် လှန်တာပေါ့၊ အထဲမှာ ဘာပါလဲပေါ့။ လူကိုကြည့်တယ်၊ အကျ်ီတွေကို ချွတ်ခိုင်းတယ်။ ပြီးတော့ လက်တွေကို ဆွဲလှန်တယ်။ တက်တူးတွေ ရှိလားပေါ့၊ တက်တူးထဲမှာ နွေဦးတော်လှန်ရေးတို့၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ တွေ့ရင် အနည်းဆုံးကတော့ နာပြီသာ မှတ်တော့ပဲ။”

မန္တလေးမြို့မှာ အခုလို တင်းကြပ်မှုတွေကြာမှာပဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့လျှပ်တပြတ်ဆန္ဒပြမှုတွေကလည်း ရှိနေပါတယ်။ ဆန္ဒပြသူတွေကို စစ်ကောင်စီလုံခြုံရေးတပ်တွေက ကားနဲ့တိုက်ပြီး ဖမ်းဆီးတာအပြင် ဆိုက်ကယ်စီးသူတွေကို ရပ်မပေးရင် ပစ်ခတ်ဖမ်းဆီးတာမျိုးတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MyanmarViolence #MyanmarProtest #Mandalay #VOABurmese

#မန္တလေး #သူနာပြုလင်မယား #ကပ္ပိယ #GenZ#ဗွီအိုအေ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG