သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးဆႏၵျပပြဲ ၿဖိဳခြင္းဖို႔သြားတဲ့ စစ္တပ္ကပစ္လို႔ လူငယ္တစ္ဦးေသဆံုး


မႏၲေလးဆႏၵျပပြဲ ၿဖိဳခြင္းဖို႔သြားတဲ့ စစ္တပ္ကပစ္လို႔ လူငယ္တစ္ဦးေသဆံုး

{{Zawgyi/Unicode}}

ဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္ကအာဏာသိမ္းလိုက္တဲ့အေပၚ ကန႔္ကြက္ ဆႏၵျပေနၾကသူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ၿဖိဳခြင္းတာေတြ ပိုဆိုးလာေနၿပီး ေသဆုံးသူအေရအတြက္လည္း ပိုတိုးလာေနပါတယ္။ ဒီကေန႔ မတ္လ ၅ ရက္ေန႔မွာလည္း မႏၲေလးက အင္ဂ်င္နီယာ သပိတ္စစ္ေၾကာင္းကို ၿဖိဳခြင္းဖို႔လာတဲ့ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ လမ္းေဘးမွာ ရပ္ၾကည့္ေနသူလူငယ္တစ္ဦး လည္ပင္းက်ည္ဆံထိမွန္ၿပီး ေသဆုံးသြားပါတယ္။ အျပည့္အစုံကိုေတာ့ မဆုမြန္က တင္ျပေပးပါမယ္။

မႏၲေလးၿမိဳ႕မွာ ဒီကေန႔ ေသဆုံးသြားသူဟာ ၄၉ လမ္း ၁၁၁ လမ္းမွာ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က လာေရာက္ၿဖိဳခြင္းတာကို ေဘးနားမွာ ရပ္ၾကည့္ေနတဲ့အခ်ိန္ ေသနတ္နဲ႔ပစ္ခတ္ခံရတာေၾကာင့္ အသက္ဆုံးခဲ့ရတယ္လို႔ ဒီျဖစ္စဥ္ကို မ်က္ျမင္ေတြ႕သူေတြက ဗြီအိုေအကို ေျပာျပပါတယ္။

“အမတို႔က ဒီဘက္မွာ ရပ္ေနတာေပါ့။ ေကာင္ေလး ၃ ေယာက္က လာတယ္။ အမ က်ေနာ္တို႔ေတြ အကုန္လုံး လြတ္လာၿပီ က်န္တဲ့ဆင့္ကဲဆင့္ကဲကို ေျပာေပးအုံးတဲ့ ဘာလို႔လည္းဆိုေတာ့ ပိတ္ၿပီးေတာ့ အဖမ္းခံရမွာဆိုးလို႔ေပါ့ေနာ္။ ကြၽန္ေတာ္ကအဲ့လိုလွမ္းေျပာေနတုန္ းရွိေသးတယ္။ ဟိုဘက္ေထာင့္မွာ ဒိုင္းဒိုင္းနဲ႔ ၃ ခ်က္ပစ္လိုက္တာ ပစ္လိုက္ရင္းနဲ႔ တခ်က္တည္း လဲသြားတာ က်ေနာ္ကလည္း ဆိုင္ကယ္ေအာက္ ဝမ္းလ်ားထိုးလိုက္တာ အဲ့ေကာင္ေလးကို ထိသြားၿပီဆိုေတာ့ က်ေနာ္တို႔က ဟိုဘက္ကိုဆြဲၿပီး ပို႔လိုက္တာ။ ပို႔လိုက္ၿပီးကားကို ေခၚလာၿပီး ကားနဲ႔သယ္သြားတာ။ ေသသြားတယ္လို႔ၾကားတာပဲ။ ရင္အုံကို မွန္သြားတာ။ အဲ့ဟိုဘက္ သစ္ပင္ေအာက္မွာ ရပ္ေနတာ။ သူက သူ႔ဘာသာသူရပ္ေနတာ။ (ဟုတ္တယ္ သူ႔က သူ႔ဘာသာသူရပ္ေနတာ) ဒီနားေလးက အကုန္လုံး သူ႔ဟာသူ ေဘးေတြမွာ ရပ္ေနတာကို ေသနတ္ေတြနဲ႔ တဒိုင္းဒိုင္း ပစ္လိုက္တဲ့အခ်ိန္မွာ က်ေနာ္တို႔ကလည္း ပစ္ၿပီပစ္ၿပီဆိုၿပီး ဒီနားမွာဆိုင္ကယ္ တစီးရွိတာနဲ႔ ေမွာက္ထိုးလိုက္ၿပီး အဲ့သစ္ပင္ေအာက္က ေကာင္ေလးကိုမွန္သြားတာပဲ။”

ဒီကေန႔မနက္ပိုင္း အင္ဂ်င္နီယာေတြ နဲ႔အတူ လူေသာင္းခ်ီပါဝင္တဲ့ သပိတ္စစ္ေၾကာင္းဟာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနခ်ိန္ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ၿဖိဳခြင္းဖို႔လာေရာက္ခဲ့တာျဖစ္လို႔ အျမန္လူစုခြဲလိုက္တဲ့အတြက္ ထိပ္တိုက္ေတြ႕ဆုံခဲ့ျခင္းေတာ့မရွိပါဘူး။ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ေသနတ္ေတြနဲ႔ ပစ္တဲ့အျပင္ ေနအိမ္အတြင္း ပုန္းခိုေနတဲ့သူေတြကိုပါ ေလးခြနဲ႔ပစ္ခတ္သြားလို႔ ဒဏ္ရာရတာေတြလည္းရွိပါတယ္။ ပုန္းေအာင္းေနတဲ့အခ်ိန္ ေလးဂြနဲ႔ ပစ္ခံလို႔ ဒဏ္ရာရရွိခဲ့တယ္လို႔ ေျပာျပပါတယ္။

“က်ေနာ္တို႔ကက်ေတာ့ သူတို႔လာေတာ့ၾကေတာ့ ပုန္းေနၾကတာ။ ပုန္းေနၾကေတာ့ အကာအကြယ္ေအာက္မွာေနရင္းနဲ႔ သူတို႔က အိမ္ေနထဲဝင္လာတာ။ အဲ့ေကာင္ေတြက ဘာတုန္း ၾကက္ေတြ႕ၾကက္ပစ္မယ္ကြာ ငွက္ေတြ႕ငွက္ပစ္ကြာဆိုၿပီး အကုန္လုံးဝင္ခ်လာတာ။ က်ေနာ္တို႔ကို ဝင္ၾကမ္းေတာ့တာပဲ။ က်ေနာ္တို႔က ဘယ္လိုလုပ္အင္အားမွ်မွာလဲ။ သူတို႔က ၁၅ ေယာက္ေလာက္ ရွိတယ္ အကုန္ပတ္ပတ္လည္ႀကီး ဝိုင္းထားတာ။ ဖိနပ္ရာေတြလည္း အကုန္ရွိတယ္။ အမ်ားႀကီးပဲ။ ရပ္ကြက္ကို မဝင္ႏိုင္ေအာင္ အကုန္လံုးပိတ္ထားရတာ က်ေနာ္တို႔က မလုပ္ပါဘူးဗ်။”

ဒါ့အျပင္ လမ္းေဘးမွာရွိတဲ့ ကားမွန္ေတြနဲ႔ေနအိမ္ေတြကို စစ္တပ္နဲ႔ရဲတပ္ဖြဲ႔က ေလးခြေတြနဲ႔ပစ္ခတ္တာေတြလည္းျပဳလုပ္ခဲ့ပါေသးတယ္။ အင္ဂ်င္နီယာ သပိတ္စစ္ေၾကာင္းကို စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ၿဖိဳခြင္းဖို႔လာေရာက္ခဲ့ေပမယ့္ လမ္းေတြပိတ္ဆို႔ၿပီး အျမန္လူစုခြဲခဲ့တဲ့အတြက္ ဖမ္းဆီးခံရတာေတာ့မရွိခဲ့ပါဘူး။

မႏၲေလးမွာ စစ္အာဏာသိမ္းဆန႔္က်င္ေရး ဆႏၵျပပြဲေတြ စတင္ခဲ့တဲ့ေန႔ကစၿပီး စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ ေသဆုံးသူ ဦးေရ အနည္းဆုံး ၁၀ ဦးအထိ ရွိသြားၿပီ ျဖစ္ပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အပေါ် ကန့်ကွက် ဆန္ဒပြနေကြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းတာတွေ ပိုဆိုးလာနေပြီး သေဆုံးသူအရေအတွက်လည်း ပိုတိုးလာနေပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့မှာလည်း မန္တလေးက အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့လာတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လမ်းဘေးမှာ ရပ်ကြည့်နေသူလူငယ်တစ်ဦး လည်ပင်းကျည်ဆံထိမှန်ပြီး သေဆုံးသွားပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။

မန္တလေးမြို့မှာ ဒီကနေ့ သေဆုံးသွားသူဟာ ၄၉ လမ်း ၁၁၁ လမ်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က လာရောက်ဖြိုခွင်းတာကို ဘေးနားမှာ ရပ်ကြည့်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက်ဆုံးခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို မျက်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပြပါတယ်။

“အမတို့က ဒီဘက်မှာ ရပ်နေတာပေါ့။ ကောင်လေး ၃ ယောက်က လာတယ်။ အမ ကျနော်တို့တွေ အကုန်လုံး လွတ်လာပြီ ကျန်တဲ့ဆင့်ကဲဆင့်ကဲကို ပြောပေးအုံးတဲ့ ဘာလို့လည်းဆိုတော့ ပိတ်ပြီးတော့ အဖမ်းခံရမှာဆိုးလို့ပေါ့နော်။ ကျွန်တော်ကအဲ့လိုလှမ်းပြောနေတုန် းရှိသေးတယ်။ ဟိုဘက်ထောင့်မှာ ဒိုင်းဒိုင်းနဲ့ ၃ ချက်ပစ်လိုက်တာ ပစ်လိုက်ရင်းနဲ့ တချက်တည်း လဲသွားတာ ကျနော်ကလည်း ဆိုင်ကယ်အောက် ဝမ်းလျားထိုးလိုက်တာ အဲ့ကောင်လေးကို ထိသွားပြီဆိုတော့ ကျနော်တို့က ဟိုဘက်ကိုဆွဲပြီး ပို့လိုက်တာ။ ပို့လိုက်ပြီးကားကို ခေါ်လာပြီး ကားနဲ့သယ်သွားတာ။ သေသွားတယ်လို့ကြားတာပဲ။ ရင်အုံကို မှန်သွားတာ။ အဲ့ဟိုဘက် သစ်ပင်အောက်မှာ ရပ်နေတာ။ သူက သူ့ဘာသာသူရပ်နေတာ။ (ဟုတ်တယ် သူ့က သူ့ဘာသာသူရပ်နေတာ) ဒီနားလေးက အကုန်လုံး သူ့ဟာသူ ဘေးတွေမှာ ရပ်နေတာကို သေနတ်တွေနဲ့ တဒိုင်းဒိုင်း ပစ်လိုက်တဲ့အချိန်မှာ ကျနော်တို့ကလည်း ပစ်ပြီပစ်ပြီဆိုပြီး ဒီနားမှာဆိုင်ကယ် တစီးရှိတာနဲ့ မှောက်ထိုးလိုက်ပြီး အဲ့သစ်ပင်အောက်က ကောင်လေးကိုမှန်သွားတာပဲ။”

ဒီကနေ့မနက်ပိုင်း အင်ဂျင်နီယာတွေ နဲ့အတူ လူသောင်းချီပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေချိန် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့လာရောက်ခဲ့တာဖြစ်လို့ အမြန်လူစုခွဲလိုက်တဲ့အတွက် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းတော့မရှိပါဘူး။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ ပစ်တဲ့အပြင် နေအိမ်အတွင်း ပုန်းခိုနေတဲ့သူတွေကိုပါ လေးခွနဲ့ပစ်ခတ်သွားလို့ ဒဏ်ရာရတာတွေလည်းရှိပါတယ်။ ပုန်းအောင်းနေတဲ့အချိန် လေးဂွနဲ့ ပစ်ခံလို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ကကျတော့ သူတို့လာတော့ကြတော့ ပုန်းနေကြတာ။ ပုန်းနေကြတော့ အကာအကွယ်အောက်မှာနေရင်းနဲ့ သူတို့က အိမ်နေထဲဝင်လာတာ။ အဲ့ကောင်တွေက ဘာတုန်း ကြက်တွေ့ကြက်ပစ်မယ်ကွာ ငှက်တွေ့ငှက်ပစ်ကွာဆိုပြီး အကုန်လုံးဝင်ချလာတာ။ ကျနော်တို့ကို ဝင်ကြမ်းတော့တာပဲ။ ကျနော်တို့က ဘယ်လိုလုပ်အင်အားမျှမှာလဲ။ သူတို့က ၁၅ ယောက်လောက် ရှိတယ် အကုန်ပတ်ပတ်လည်ကြီး ဝိုင်းထားတာ။ ဖိနပ်ရာတွေလည်း အကုန်ရှိတယ်။ အများကြီးပဲ။ ရပ်ကွက်ကို မဝင်နိုင်အောင် အကုန်လုံးပိတ်ထားရတာ ကျနော်တို့က မလုပ်ပါဘူးဗျ။”

ဒါ့အပြင် လမ်းဘေးမှာရှိတဲ့ ကားမှန်တွေနဲ့နေအိမ်တွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လေးခွတွေနဲ့ပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့လာရောက်ခဲ့ပေမယ့် လမ်းတွေပိတ်ဆို့ပြီး အမြန်လူစုခွဲခဲ့တဲ့အတွက် ဖမ်းဆီးခံရတာတော့မရှိခဲ့ပါဘူး။

မန္တလေးမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့နေ့ကစပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူ ဦးရေ အနည်းဆုံး ၁၀ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG