{Zawgyi/Unicode}
မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ စဥ့္ကိုင္ဘူတာနဲ႔ ပလိပ္ဘူတာၾကားမွာ ရထားတစင္းကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေပမယ့္ ရထားကိုမထိဘဲ လမ္းပိုင္းကိုပဲ ထိသြားတယ္လို႔ Local PDF Sintgaing (LPDF) အဖြဲ႔ကေျပာပါတယ္။
“ရထားေတာ့ ဟိုလို … ထိခိုက္မႈအား မထိခိုက္လိုက္ဘူးဗ်၊ ရထားရဲ႕အရွိန္နဲ႔က်ေတာ့ က်ေနာ္တို႔ အဖြဲ႕ခြဲတာက နည္းနည္းေနာက္က်သြားတယ္၊ ရထားကလြတ္သြားတယ္၊ ရထားလမ္းကိုေတာ့ ထိခိုက္မႈေတာ့ရွိတယ္ဗ်၊ အဲ့မွာ သူတို႔က အဲ့ဟာကို လာစစ္တဲ့ စစ္ေကာင္စီဘက္က ေရာက္လာတဲ့ အခ်ိန္မွာ က်ေနာ္တို႔က ေနာက္တလုံးကို ထပ္ခြဲတယ္ဗ်။"
စစ္ေကာင္စီထုတ္ျပန္ခ်က္မွာေတာ့ မိုင္တိုင္အမွတ္ ၃၇၁/၂၃ မွာ လက္လုပ္မိုင္းတလုံးေပါက္ကြဲခဲ့ေၾကာင္းနဲ႔ေပါက္ကြဲမႈေၾကာင့္ မီးရထားလမ္းေအာက္က သံကူကြန္ကရစ္ ဇလီဖားတုံးႏွစ္ခု က်ိဳးေၾကပ်က္စီးခဲ့တယ္လို႔ေျပာပါတယ္။
ျပည္သူပိုင္မီးရထားလမ္းကို မိုင္းေထာင္ေဖာက္ခြဲတာနဲ႔ပတ္သက္လို႔ LPDF ကိုေမးရာမွာေတာ့ သူတို႔အေနနဲ႔ အမ်ားျပည္သူသြားလာေရး ေျပးဆြဲေနတဲ့ ရထားေတြမဟုတ္ဘဲ စစ္တပ္ေထာက္ပို႔ပစၥည္းသယ္ယူတဲ့ ရထားေတြကို တိုက္ခိုက္တာလို႔ဆိုပါတယ္။
စစ္တပ္အာဏာသိမ္းယူၿပီးေနာက္ စစ္အာဏာရွင္စနစ္ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြ အၾကမ္းမဖက္အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈေတြမွာ မီးရထားဝန္ထမ္းအမ်ားအျပား ပါဝင္ေနၾကတဲ့အတြက္ တခ်ိဳ႕ မီးရထားခရီးစဥ္ေတြ ပုံမွန္ေျပးဆြဲႏိုင္ျခင္း မရွိေသးပါဘူး။
----------
{Unicode}
စဉ့်ကိုင်နဲ့ပုလိပ်ကြား ရထားတိုက်ခိုက်မှု ရထားလမ်းပိုင်းပျက်စီး
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ စဉ့်ကိုင်ဘူတာနဲ့ ပလိပ်ဘူတာကြားမှာ ရထားတစင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် ရထားကိုမထိဘဲ လမ်းပိုင်းကိုပဲ ထိသွားတယ်လို့ Local PDF Sintgaing (LPDF) အဖွဲ့ကပြောပါတယ်။
“ရထားတော့ ဟိုလို … ထိခိုက်မှုအား မထိခိုက်လိုက်ဘူးဗျ၊ ရထားရဲ့အရှိန်နဲ့ကျတော့ ကျနော်တို့ အဖွဲ့ခွဲတာက နည်းနည်းနောက်ကျသွားတယ်၊ ရထားကလွတ်သွားတယ်၊ ရထားလမ်းကိုတော့ ထိခိုက်မှုတော့ရှိတယ်ဗျ၊ အဲ့မှာ သူတို့က အဲ့ဟာကို လာစစ်တဲ့ စစ်ကောင်စီဘက်က ရောက်လာတဲ့ အချိန်မှာ ကျနော်တို့က နောက်တလုံးကို ထပ်ခွဲတယ်ဗျ။"
စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ မိုင်တိုင်အမှတ် ၃၇၁/၂၃ မှာ လက်လုပ်မိုင်းတလုံးပေါက်ကွဲခဲ့ကြောင်းနဲ့ပေါက်ကွဲမှုကြောင့် မီးရထားလမ်းအောက်က သံကူကွန်ကရစ် ဇလီဖားတုံးနှစ်ခု ကျိုးကြေပျက်စီးခဲ့တယ်လို့ပြောပါတယ်။
ပြည်သူပိုင်မီးရထားလမ်းကို မိုင်းထောင်ဖောက်ခွဲတာနဲ့ပတ်သက်လို့ LPDF ကိုမေးရာမှာတော့ သူတို့အနေနဲ့ အများပြည်သူသွားလာရေး ပြေးဆွဲနေတဲ့ ရထားတွေမဟုတ်ဘဲ စစ်တပ်ထောက်ပို့ပစ္စည်းသယ်ယူတဲ့ ရထားတွေကို တိုက်ခိုက်တာလို့ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေမှာ မီးရထားဝန်ထမ်းအများအပြား ပါဝင်နေကြတဲ့အတွက် တချို့ မီးရထားခရီးစဉ်တွေ ပုံမှန်ပြေးဆွဲနိုင်ခြင်း မရှိသေးပါဘူး။
#WhatIsHappeningInMyanmar #MyanmarMilitaryCoup #PDF #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း