သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nelson Mandela မွေးနေ့


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Times Square ရင်ပြင်က မန်ဒဲလားမွေးနေ့ အမှတ်တရဆိုင်းဘုတ်။ (ဇူလိုင် ၁၈၊ ၂၀၁၃၊
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Times Square ရင်ပြင်က မန်ဒဲလားမွေးနေ့ အမှတ်တရဆိုင်းဘုတ်။ (ဇူလိုင် ၁၈၊ ၂၀၁၃၊
တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးမှာ ထင်ရှားခဲ့သူ နယ်လ်ဆင် မန်ဒဲလား အသက် ၉၅ နှစ်ပြည့် မွေးနေ့ အခါသမယကို တောင်အာဖရိကနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက အမှတ်တရ ကျင်းပကြပါတယ်။ Pretoria မြို့ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ တောင်အာဖရိက သမ္မတဟောင်း မန်ဒဲလား ကတော့ အခြေအနေဟာ စိုးရိမ်နေရဆဲ ဖြစ်ပေမဲ့ တဖြည်းဖြည်း တိုးတက်မှုလည်း ရှိတဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သမီးဖြစ်သူ Zindzi Mandela ကလည်း ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိတဲ့အကြောင်းနဲ့ မကြာခင် ဆေးရုံက ဆင်းနိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့အကြောင်း ပြောခဲ့တာပါ။ တောင်အာဖရိက နိုင်ငံမှာတော့ နယ်လ်ဆင်မန်ဒဲလား အထိမ်းအမှတ်နေ့အဖြစ် လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ အတွက် သူတိုက်ပွဲဝင် ကြိုးပမ်းခဲ့တဲ့ တနှစ်ချင်းစီအတွက် ရည်စူးပြီး ၆၇ မိနစ်ကြာ ကောင်းမှုကုသိုလ်ပြုတဲ့ အစီအစဉ်မှာ လူပေါင်းထောင်ဂဏန်းချီပြီး ပါဝင်ခဲ့ကြပါတယ်။ သမ္မတ Jacob Zuma ကလည်း မွေးနေ့ ဆုတောင်းစကား ပြောကြားခဲ့သလို နိုင်ငံတကာအလယ်မှာ ထင်ရှားသူ ပုဂ္ဂိုလ်တဦးရှိတဲ့ တောင်အာဖရိကအဖြစ် အသိအမှတ်ပြု ခံရတာကို ဂုဏ်ယူတဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တန်းတူညီမျှရေးနဲ့ တရားမျှတမှု အတွက် တိုက်ပွဲဝင်ခဲ့သူ ပုဂ္ဂိုလ်တဦးအဖြစ် ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကွန်ဂရက် လွှတ်တော်မှာလည်း တောင်အာဖရိက သမ္မတဟောင်းရဲ့ မွေးနေ့အဖြစ် အမှတ်တရ ကျင်းပခဲ့ကြ တာပါ။ တောင်အာဖရိက ရိုးရာဝတ်စုံတွေ ဝတ်ဆင် ထားကြတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့အတူ အမေရိကန် လွှတ်တော် အမတ်တွေ၊ လူမှုအခွင့်အရေး လှုပ်ရှားသူတွေ က တောင်အာဖရိက ခေါင်းဆောင်ဟောင်းရဲ့ အကျဉ်းသား ဘဝ၊ တော်လှန်ရေးသမားဘဝတွေနဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်နဲ့ သမ္မတအဖြစ် ဖြတ်သန်းခဲ့ရစဉ် ကာလတလျှောက် ရေးသားချက်တွေထဲက တချို့ကိုလည်း ကောက်နှုတ်ဖတ်ကြား ကြပါတယ်။
XS
SM
MD
LG