သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလားဈာပန ကျင်းပပြီးစီး


တောင်အာဖရိကခေါင်းဆောင်ဟောင်းရဲ့ ရုပ်ကလာပ်ကို မြှုပ်နှံမယ့် Qunu အရပ်ဆီ သယ်ဆောင်စဉ် မြင်ကွင်း။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၃)
တောင်အာဖရိကခေါင်းဆောင်ဟောင်းရဲ့ ရုပ်ကလာပ်ကို မြှုပ်နှံမယ့် Qunu အရပ်ဆီ သယ်ဆောင်စဉ် မြင်ကွင်း။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၃)
တောင်အာဖရိကနိုင်ငံမှာ ကွယ်လွန်သူခေါင်းဆောင်ကြီး Nelson Mandela ကို သူငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့တဲ့ Qunu ရွာမှာ မြေမြှုပ် သင်္ဂြိုဟ် လိုက်ပါပြီ။ ကွယ်လွန်သူခေါင်းဆောင်ကြီးကို ဂုဏ်ပြုပြီး တေးဂီတနဲ့ တီးမှုတ်ဖျော်ဖြေမှုတွေ ဂုဏ်ပြုစကားပြောကြားမှုတွေ ပြုလုပ်ခဲ့တဲ့ Qunu ရွာက ဈာပနအခမ်းအနားကို တက်ရောက်ဖို့ သူ့ရဲ့မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ Qunu ရွာငယ်လေးဆီ ရောက်လာခဲ့ကြပါတယ်။

နောက် သချုႋင်းမြေမှာ မြေမြှုပ်သင်္ဂြိုဟ်တဲ့ အခမ်းအနားကိုတော့ ဧည့်ပရိသတ် နည်းနည်းနဲ့ပဲ ကျင်းပခဲ့ပြီး သေနတ် ၂၁ ချက်ပစ်ဖောက်၊ ကောင်းကင်မှာ စစ်ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေ ပျံသန်းဂုဏ်ပြုခဲ့ကြပြီး Mr. Mandela ရဲ့ ခေါင်းတလားကို မြေမြှုပ် သင်္ဂြိုဟ်လိုက်ကြပါတယ်။

တောင်အာဖရိကနိုင်ငံက လူဖြူလူမည်းခွဲခြားတဲ့ အစိုးရ ချုပ်ငြိမ်းသွားဖို့ အဓိကကြိုးပမ်းပေးခဲ့သူ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးလူမည်းသမ္မတ Nelson Mandela ကွယ်လွန်သွားခဲ့လို့ ပူဆွေးအောက်မေ့မှုတွေ ၁၀ ရက်ကြာ ပြုလုပ်နေခဲ့ကြပြီး အခုနောက်ဆုံး ဈာပန အခမ်းအနားကျင်းပတာပါ။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော် ဈာပန အခမ်းအနားမှာ သမ္မတ Jacob Zuma က ကွယ်လွန်သူ Mr Nelson Mandela ဟာ ဉာဏ်ပညာကြီးမားသူ ဖြစ်တယ်၊ အားအင်တွေအတွက် မဏ္ဍိုင်ဖြစ်ပြီး တရားမျှတမှုရှိတဲ့ သာတူညီမျှ အခွင့်အရေးနဲ့ ကမ္ဘာကြီးဖြစ်အောင် ကြိုးစားနေကြသူတွေအတွက် မျှော်လင့်ချက်ရဲ့ရောင်ခြည်ဖြစ်တယ်လို့ ပြောသွားပါတယ်ရှင်။
XS
SM
MD
LG