သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ဈာပန ဒီဇင်ဘာ ၁၅ ရက်နေ့


တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ Nelson Mandela (1918-2013)
တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ Nelson Mandela (1918-2013)
တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားကို နိုင်ငံတော် ဈာပန အခမ်းအနားနဲ့ ဂုဏ်ပြုပြီးတဲ့နောက် သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ Qunu မြို့မှာ ဒီဇင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့မှာ ဂူသွင်းမြှုပ်နှံသွားမှာ ဖြစ်တယ် လို့ တောင်အာဖရိကနိုင်ငံက ပြောလိုက်ပါတယ်။
တောင် အာဖရိကပြည်သူတွေ ဟာ သူတို့ရဲ့ သမ္မတဟောင်း ကွယ်လွန်ခဲ့တဲ့ အပေါ်မှာ ဝမ်းနည်းပူဆွေးနေကြတဲ့တချိန်တည်းမှာပဲ မစ္စတာမန်ဒဲလားအတွက် တရားဝင်ပြုလုပ် သွားမယ့် အမှတ်တရဂုဏ်ပြုအခမ်းအနား အစီအစဉ် အသေးစိတ်ကို တောင်အာဖရိကသမ္မတ Jacob Zuma က ကြေညာခဲ့ပါတယ်။

အခုလာမယ့် တနင်္ဂနွေနေ့ကို တောင်အာဖရိကနိုင်ငံမှာ ဝတ်ပြုဆုတောင်းပွဲတွေနဲ့ မစ္စတာမန်ဒဲလားရဲ့ ကျေးဇူးတွေနဲ့ ပတ်သက်ပြီး ဂုဏ်ပြုပြောဆိုမယ့်နေအဖြစ် သမ္မတ ဇူးမားက ကြေညာ ခဲ့ပြီး တောင်အာဖရိက ပြည်သူတွေကို ဘုရားရှိခိုးကျောင်းတွေ၊ ပလီတွေ၊ ဘုရားကျောင်းတွေ နဲ့ မိမိတို့ရဲ့ နေအိမ်တွေမှာ စုဝေးပြီး ဝတ်ပြုဆုတောင်းကြဖို့၊ မစ္စတာမန်ဒဲလားရဲ့ ဘဝနဲ့ ပတ်သက်တာတွေကို ပြန်လည်အောက်မေ့ သတိရဂုဏ်ပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

တရားဝင်ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို လာမယ့် အင်္ဂါနေ့ကျရင် ဂျိုဟန်းနက်စ်ဘာဂ့်မြို့ က ၂၀၁၀ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ ကစားခဲ့တဲ့တဲ့ Soccer City အားကစားကွင်းကြီးမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သမ္မတ ဇူးမားက ပြောပါတယ်။

မစ္စတာမန်ဒဲလားရဲ့ ရုပ်အလောင်းကို (Pretoria) မြို့မှာရှိတဲ့ တောင်အာဖရိက အစိုးရရုံးအဆောက်အအုံးမှာ ၃ ရက်ကြာ ထားရှိသွားမှာဖြစ်ပါတယ်။ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာ မန်ဒဲလားဟာ အချိန်ကာလ အတော်ကြာ နေမကောင်းဖြစ်ရာ ကနေ တောင်အာဖရိကဒေသစံတော်ချိန် ကြာသာပတေးနေ့ နှောင်းပိုင်းမှာ သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG