သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ကျန်းမာရေးအခြေအနေ တိုးတက်လာ


တောင်အာဖရိကနိုင်ငံက အသားရောင်ခွဲခြား အုပ်ချုပ်မှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ရဆဲ အခြေအနေမှာ ရှိနေတုန်းပဲလို့ သမ္မတ ဂျကော့ ဇူးမား (Jacob Zuma) က ပြောပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်အတွင်း မစ္စတာ မန်ဒဲလားရဲ့ အခြေအနေဟာ တိုးတက် ကောင်းမွန်လာနေတယ်လို့ သူ့ဆရာဝန်တွေက ယုံကြည်ကြောင်း ပြောပါတယ်။

မစ္စတာ မန်ဒဲလားရဲ့ ကျန်းမာရေး အခြေအနေဟာ တိုးတက် ကောင်းမွန်လာနေပြီး တနင်္ဂနွေနေ့က ကျရောက်တဲ့ ဖခင်များနေ့မှာ Madiba လို့ ချစ်စနိုးနဲ့ခေါ်တဲ့ မစ္စတာ မန်ဒဲလား အမြန်ဆုံး ကျန်းမာလာစေဖို့ သူနဲ့အတူ ဝိုင်းပြီး ဆုတောင်းပေးကြဖို့ ဖိတ်ခေါ်ကြောင်း သမ္မတ ဇူးမား က ပြောပါတယ်။

အသက် ၉၄ နှစ်အရွယ် မစ္စတာ မန်ဒဲလားဟာ သူ့မိသားစုဝင်တွေကို လက်ခံ တွေ့ဆုံနေတယ်လို့လည်း သမ္မတ ဇူးမားက တနင်္ဂနွေနေ့မှာ ပြောပါ တယ်။

တောင်အာဖရိကနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ လူနည်းစု လူဖြူအစိုးရကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ၁၉၇၆ ခုနှစ်တုန်းက ဖြစ်သွားခဲ့တဲ့ Soweto ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ Newcastle မြို့ကို ရောက်ရှိနေစဉ် သမ္မတ ဇူးမား က အဲ့ဒီလို ပြောကြားလိုက်တာပါ။

မစ္စတာ မန်ဒဲလားဟာ သူခံစားနေရတဲ့ အဆုပ်ရောဂါ ဝေဒနာကို ကုသဖို့ Pretoria ဆေးရုံကို လွန်ခဲ့တဲ့ ၉ ရက်လောက်ကတည်းက ရောက်နေတာပါ။ ဒါဟာ သူ့အနေနဲ့ ၄ ကြိမ်မြောက် ဆေးရုံတင် ကုသရခြင်းလည်း ဖြစ်ပါတယ်။
XS
SM
MD
LG