သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလား ကျန်းမာရေး သက်သာပေမဲ့ စိုးရိမ်ရဆဲ


Nelson Mandela
ပြန်ဖြစ်လာတဲ့ အဆုပ်ရောဂါ ဝေဒနာကြောင့် ၃ ရက်မြောက်နေ့အဖြစ်နဲ့ Pretoria ဆေးရုံမှာ ကုသမှု ခံယူနေရတဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ရဲ့ အခြေအနေဟာ စိုးရိမ်ရပေမဲ့ ပုံမှန်အခြေအနေမှာ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မစ္စတာ မန်ဒဲလားရဲ့ အခြေအနေဟာ စနေနေ့က သူ့ကို ဆေးရုံ စတင်တဲ့ အနေအထားတိုင်းပဲ ရှိနေတယ်လို့ တောင်အာဖရိကသမ္မတ ဂျကော့ ဇူးမား (Jacob Zuma) ရဲ့ရုံးက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အသားရောင် ခွဲခြားအုပ်ချုပ်မှုကို ဆန့်ကျင် တိုက်ခိုက်ခဲ့သူ အသက် ၉၄ နှစ်အရွယ် မစ္စတာ မန်ဒဲလားဟာ ဒီဇင်ဘာလကစပြီး ဆေးရုံ ၄ ကြိမ် တင်ခဲ့ရပြီး ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ ဖခင်ကြီးအဖြစ် နိုင်ငံသားတွေက ခံယူထားတဲ့ မစ္စတာ မန်ဒဲလား ကျန်းမာရေး ပြန်ကောင်းလာဖို့ တိုင်းပြည်တ၀ှမ်း တနင်္ဂနွေနေ့က ၀တ်ပြု ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

မစ္စတာ မန်ဒဲလားအနေနဲ့ ကျန်းမာရေး ပြန်ကောင်းလာနိုင်စရာ အခြေအနေမရှိတာကြောင့် မိသားစုက သူ့ကို စိတ်လျော့လိုက်ကြဖိုပ မစ္စတာ မန်ဒဲလားရဲ့ မိတ်ဆွေ Andrew Mlangeni က Sunday Times သတင်းစာကို ပြောခဲ့ပါတယ်။
XS
SM
MD
LG