သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၄ သန်းကျော်ချန်ခဲ့တဲ့ မန်ဒဲလား သေတမ်းစာ


ဒုတိယ တရားသူကြီးချုပ် Dikgang Moseneke က ကွယ်လွန်သူ မစ္စတာမဲန်ဒဲလားရဲ့ သေတမ်းစာကို ဖတ်ပြစဉ်။ (ဖေဖော်ဝါရီ ၄၊ ၂၀၁၄)
ဒုတိယ တရားသူကြီးချုပ် Dikgang Moseneke က ကွယ်လွန်သူ မစ္စတာမဲန်ဒဲလားရဲ့ သေတမ်းစာကို ဖတ်ပြစဉ်။ (ဖေဖော်ဝါရီ ၄၊ ၂၀၁၄)
ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ဟာ ဒေါ်လာ ၄ သန်း၊ ၁ သိန်း တန်ဖိုးရှိတဲ့ အိမ်ခြံမြေကို မိသားစုဝင်တွေ၊ သူ့ရဲ့ဝန်ထမ်းတွေ၊ ပညာသင်ယူခဲ့တဲ့ ကျောင်းတွေနဲ့ အာဏာရပါတီအတွက် ချန်ထားခဲ့တဲ့အကြောင်း သေတမ်းစာ အတည်ပြု ထုတ်ပြန်သူတွေက ပြောပါတယ်။

တောင်အာဖရိ သမ္မတဟောင်းရဲ့သေတမ်းစာကို အတည်ပြုပေးခဲ့သူ တစ်ဦးဖြစ်တဲ့ ဒုတိယ တရားသူကြီးချုပ် Dikgang Moseneke က မိသားစုကို သေတမ်းစာ အရင်ဖတ်ပြခဲ့ပြီးနောက် တနင်္လာနေ့မှာပဲ သတင်းထောက်တွေကိုလည်း အကျဉ်းရုံးရှင်းပြခဲ့တာပါ။

ငွေကြေးအများစုကိုတော့ သူ့ရဲ့အိမ်ထောင် ၃ ခုက သားသမီးတွေ၊ မြေးတွေနဲ့ ဆွေမျိုးတွေအတွက် ချန်ခဲ့သလို ဒေါ်လာ ၄,၅၀၀ ကိုတော့ သူ့ရဲ့အတွင်းရေးမှူး အပါအဝင် ဝန်ထမ်းတချို့ကို ပေးအပ်ခဲ့ပါတယ်။

သူပညာသင်ယူခဲ့တဲ့ ကျောင်းတစ်ကျောင်းချင်းစီနဲ့ သူနေထိုင်ရာ အရပ်က ကျောင်း ၂ ကျောင်းအတွက်လည်း ဒေါ်လာ ၉ ထောင်စီ ချန်ရစ်ခဲ့တာပါ။

ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ မန်ဒဲလားအနေနဲ့ သူ့ရဲ့သေတမ်းစာကို ကန့်ကွက်မှာ မဟုတ်ဘူးဆိုတာ ကြိုတင် နားလည်ထားတဲ့အကြောင်းလည်း ဒုတိယ တရားသူကြီးချုပ်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG