သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ မဏိပူပြည်နယ်တွင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်


အဏိပူပြည်နယ်မှ မီးလောင်နေတဲ့ လူနေအိမ်များ၊ မေ ၂၈ ၊ ၂၀၂၃
အဏိပူပြည်နယ်မှ မီးလောင်နေတဲ့ လူနေအိမ်များ၊ မေ ၂၈ ၊ ၂၀၂၃

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့တွေကြား အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပွားနေပြီး တနင်္ဂနွေနေ့ကလူ (၅) ဦးသေဆုံးခဲ့ပါတယ်။ ကျေးရွာအချို့မှာ နေအိမ်တွေနဲ့တခြား အဆောက်အအုံတွေ မီးလောင်ခဲ့ပြီး ကောင်းကင်မှာ မီးခိုးငွေ့တွေ အပြည့် ဖြစ်နေတယ်လို့ အိန္ဒိယက လာတဲ့ သတင်းတွေကို ကိုးကား ပြီး အေပီ သတင်းက ဆိုပါတယ်။

မဏိပူ ပြည်နယ်က အကြမ်းဖက်မှုတွေအတွက် အိန္ဒိယမြို့တော် ဒေလီမှာလည်း တနင်္လာနေ့က ဆန္ဒပြခဲ့ကြပြီး ဗဟိုအစိုးရက ကြားဝင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကူကီးလူမျိုးဆန္ဒပြသူတွေဟာ ပြည်နယ် အစိုးရကို အလိုမရှိဘူးလို့ ကြွေးကြော်ကြပါတယ်။ မဏိပူမှာလူသားချင်းစာနာမှု အကူအညီ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နေအိမ်တွေ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရသလို လူမျိုးစုတွေရဲ့ အသက် အန္တရာယ် စိုးရိမ်ရတဲ့အတွက်လူမျိုးစုတွေ သီးခြားအုပ်ချုပ်ခွင့်ရဖို့ အိန္ဒိယသမ္မတကို တောင်းဆိုကြပါတယ်

အဏိပူပြည်နယ်ကလူနည်းစုတွေသတ်ဖြတ်ခံနေရတဲ့အပေါ် နယူးဒေလီမြို့မှာ ဆန့်ကျင်ဆန္ဒပြကြသူများ၊ မေ ၂၉ ၊ ၂၀၂၃
အဏိပူပြည်နယ်ကလူနည်းစုတွေသတ်ဖြတ်ခံနေရတဲ့အပေါ် နယူးဒေလီမြို့မှာ ဆန့်ကျင်ဆန္ဒပြကြသူများ၊ မေ ၂၉ ၊ ၂၀၂၃

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဏိပူပြည်နယ်မှာ အထူးစီးပွားရေးအရ အကျိုးအမြတ်တွေပေးဖို့ တောင်းဆိုမှုတွေအတွက် ဟိန္ဒူအများစုနဲ့ ခရစ်ယာန်ဘာသာဝင် အများစု ဖြစ်ကြတဲ့ မျိုးနွယ်စုတွေ ထိပ်တိုက်တွေ့ပြီး ရက်သီတင်းပတ်များစွာ အကြမ်းဖက်မှုတွေ ပြင်းထန်နေတာပါ။

ရုန်းရင်းဆန်ခတ်မှုတွေ အတွင်း လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဆယ်စုနှစ်တွေထဲမှာ အဆိုးရွားဆုံးလူမျိုးရေး ပဋိပက္ခအတွင်း လူရာနဲ့ချီ ဒဏ်ရာရခဲ့ပြီး ၃၅,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် အိန္ဒိယဗဟို အစိုးရက အရံတပ်နဲ့ စစ်တပ်အင်အား ထောင်နဲ့ချီကို မဏိပူပြည်နယ်ထဲ စေလွှတ်ထားပြီး အခုလတ်တလော လူ သေဆုံးမှုအများစုမှာ လုံခြုံရေးတပ်ဖွဲ့တွေကြောင့် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG