သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ကိုရွေးချယ်

1/8
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ အစည်းအဝေး(သတင်းဓါတ်ပုံ-NLD chairperson Facebook)
အသေးစိတ် ဖတ်ရှုရန် Show less
2/8
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ အစည်းအဝေး(သတင်းဓါတ်ပုံ-NLD chairperson Facebook)
အသေးစိတ် ဖတ်ရှုရန် Show less
3/8
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ အစည်းအဝေး(သတင်းဓါတ်ပုံ-NLD chairperson Facebook)
အသေးစိတ် ဖတ်ရှုရန် Show less
4/8
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ အစည်းအဝေး(သတင်းဓါတ်ပုံ-NLD chairperson Facebook)
အသေးစိတ် ဖတ်ရှုရန် Show less
5/8
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ အစည်းအဝေး(သတင်းဓါတ်ပုံ-NLD chairperson Facebook)
အသေးစိတ် ဖတ်ရှုရန် Show less
6/8
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ အစည်းအဝေး(သတင်းဓါတ်ပုံ-NLD chairperson Facebook)
အသေးစိတ် ဖတ်ရှုရန် Show less
7/8
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ အစည်းအဝေး(သတင်းဓါတ်ပုံ-NLD chairperson Facebook)
အသေးစိတ် ဖတ်ရှုရန် Show less
8/8
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ အစည်းအဝေး(သတင်းဓါတ်ပုံ-NLD chairperson Facebook)
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ခေါ်ယူတဲ့ အမျိုးသားလွှတ်တော်ကို ဒီကနေ့ စတင်ရာမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ်နဲ့ မန်းဝင်းခိုင်သန်း၊ ဒု ဥက္ကဋ္ဌ အဖြစ်နဲ့ ဦးအေးသာအောင် တို့ကို ဆန္ဒမဲပေး ရွေးချယ်အတည်ပြုလိုက်ပါပြီ။ သူတို့နှစ်ဦးစလုံးကို အများစုအနိုင်ရတားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေကို နေရာပေးခဲ့တဲ့ အမျိုးသားလွှတ်တော်ကနေ ငြိမ်းချမ်းရေး နဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ဥပဒေတွေ ရေးဆွဲပြဌာန်းကြဖို့ လွှတ်တော်ဥက္ကဋ္ဌသစ် မန်းဝင်းခိုင်သန်းက သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ လွှတ်တော်ကျင်းပရာ နေပြည်တော်မှာ သတင်းသွားယူနေတဲ ဗွီအိုအေ သတင်းထောက်ကိုစည်သူ သတင်းပေးပို့ထားပါတယ်။

ပထမအကြိမ် လွှတ်တော်ကျင်းပခဲ့စဉ်တုန်းက လွှတ်တော်ဥက္ကဋ္ဌတွေ ဒုတိယ ဥက္ကဋ္ဌ
တွေ နေရာမှာ စစ်တပ်ခေါင်းဆောင်တွေကို အရပ်ဝတ်လဲစေပြီး ခန့်အပ်ခဲ့တာဖြစ်ပေမယ့် အခု ဒုတိယအကြိမ် လွှတ်တော်မှာတော့ တိုင်းရင်းသားတွေကို နေရာပေးခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကြိုတင်အဆိုပြုထားတဲ့အတိုင်း NLD ပါတီဝင် ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ပြီး ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်ကို ဒု-ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ရည်ရွယ်ပြီး ခေတ်နဲ့အညီဥပဒေတွေပြဌာန်းဖို့၊ ခေတ်နဲ့မညီတော့တဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်ကြဖို့ အမျိုးသားလွှတ်တော် ဥက္ကဌသစ် မန်းဝင်းခိုင်သန်းက သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

“ကျနော်တို့ရဲ့နိုင်ငံကို ချမ်းသာကြွယ်၀ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးရရှိဖို့ ၊ တရားဥပဒေစိုးမိုးရေးရရှိဖို့ ၊ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့ အထူးပဲလိုအပ်ပါတယ်။ အဲဒီအတွက် ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ဖော်ဆောင်ပေးမယ့် တရားဥပဒေတွေ လိုအပ်မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့အမျိုးသားလွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ အာဏာကြီး ၃ ရပ်နဲ့ ဥပဒေပြုရေးအာဏာ ရရှိထားတဲ့ အဖွဲကြီးဖြစ်တဲ့အားလျှော်စွာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့အတွက် လိုအပ်တဲ့ ဥပဒေများကို ရေးစွဲပြဌာန်းဖို့ ၊ မလိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။”

တိုင်းရင်းသားအများစုနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားလွှတ်တော်ဖြစ်တာကြောင့် အသစ်ရောက်လာတဲ့ အမျိုးသားလွှတ်တော်အမတ်တွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အတွက်တွေဦးစားပေးကြိုးစားသွားမယ်လို့ ကချင်ပြည်နယ် လွှတ်တော်အမတ် ဦး ခင်မောင်မြင့်က အခုလို ပြောပါတယ်။

“ပထမဦးဆုံး လုပ်ချင်တဲ့အချက်ကတော့ ငြိမ်းချမ်းရေးပေါ့ဗျာ။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ ငြိမ်းချမ်းရေးမရှိပဲနဲ့ ဘာလုပ်ငန်းမှ မအောင်မြင်နိုင်တဲ့အတွက် ငြိမ်းချမ်းရေးကတော့ အဓိက အချက်လို့ ကျနော်ပြောချင်ပါတယ်။”

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မာန်ကတော့ အရင် လွှတ်တော်အမတ်တွေရဲ့ လုပ်ဆောင်ချက်တွေကို သင်ခန်းစာယူပြီး ပြည်သူလူထုအတွက် အကောင်းဆုံးဆောင်ရွက်သွားဖို့စိတ်လှုပ်ရှားနေကြောင်း ပြောပါတယ်။

“စိတ်လှုပ်ရှားတာထက် ကိုယ့်ဒေသ ၊ ကိုယ့်လူမျိုးအတွက်က ခြေလှမ်း လှမ်းပြီ ဆိုတဲ့ဟာကို သူတို့ရဲ့ကိုယ်စား သူတို့ ကိုယ့်ကို ယုံကြည်အားကိုးလို့ ဒီနေရာကိုပို့တာ ကျမတို့တွေက ကိုယ်စားလှယ်တွေဆိုတာ ပြည်သူ့ကိုယ်စားပါပဲ။ အဲဒီအတွက်ကြောင့် သူတို့ကိုယ်စားဆောင်ရွက်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ပြီခဲ့တဲ့ ပထမ လွှတ်တော်တုန်းကလည်း ကိုယ်စားလှယ်တွေလည်း ကြိုးစားခဲ့ကြပါတယ်။ အားလုံးကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုးစားမှုလို ကျမတို့ ဆက်လက်ဆောင်ရွက်ပြီးတော့ ကျမတို့ ကြိုးစားကြရမှာပါ။ လုပ်ဆောင် ရမှာပါ။ ပြည်သူတွေ ယုံကြည်အားကိုးလို့ ဒီနေရာရောက်ရှိလာတာပါ။ ရောက်ရှိလာတဲ့ ကိုယ်စားလှယ်တွေအားလုံးလည်း ပြည်သူတွေရဲ့ အားကိုးတဲ့လူတွေပဲဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကောင်းလာမယ်လို့မြင်ပါတယ်။ ဒါပေမယ့် အရာအားလုံးက တဟုန်တည်းဖြစ်သွားတာတော့ မရှိပါဘူး။ တဖြည်းဖြည်းနဲ့တော့ ကောင်းလာမှာပါ၊ ကောင်းသွားမှာပါ။”

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ NLD နာယက သူရဦးတင်ဦး နဲ့ ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းတို့ လေ့လာသူအဖြစ်တက်ရောက်ခဲ့ကြပါတယ်။ ရွေးကောက်ခံ NLD အမတ်တွေ အများစုပါဝင်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေကို မနက်ဖြန် ဖေဖော်ဝါရီလ(၄) ရက်နေ့မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတရွေးချယ်တင်မြောက်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ခေါ်ယူရေးကိုတော့ နောက်သတင်းပတ်အတွင်းလောက်မှ စတင်နိုင်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG