သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နေရာအများအပြား တိုက်ပွဲဆက်လက်ဖြစ်ပွား


မူဆယ်- ကျင်စန်းကျော့ ကားကြီးဝင်း ဗုံးကျပြီးမီးလောင်နေစဉ် (ဓာတ်ပုံ-CJ)
မူဆယ်- ကျင်စန်းကျော့ ကားကြီးဝင်း ဗုံးကျပြီးမီးလောင်နေစဉ် (ဓာတ်ပုံ-CJ)

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နေရာတော်တော်များများမှာ တိုင်းရင်းသားတွေ၊ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ စစ်ရေးတင်းမာမှုတွေ ရှိခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ပဲ Viber လူမှုကွန်ရက်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

တရုတ်−မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ကျင်းစန်းကြော့ နယ်စပ်ဂိတ်ကို တိုင်းရင်းသား လက်နက်ကို မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA တအောင်း၊ MNDAA ကိုးကန့် နဲ့ AA ရခိုင်တပ်ဖွဲ့တွေက မနေ့ကပဲ ကြေညာခဲ့အပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပေါ်ပေါက်နေတာပါ။

စစ်ကိုင်းတိုင်း ထီးချိုင့်မှာလည်း KIA ကချင်လွတ်မြောက်ရေး၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြောင်းလည်း စစ်ကောင်စီပြောခွင့်ရက ပြောခဲ့ပါတယ်။ စစ်ရေးပဋိပက္ခတွေအတွင်း လျှပ်စစ်ဓာတ်အားပေးစနစ်တွေကို လက်နက်ကိုင် အင်အားစုတွေက ပစ်မှတ်ထား တိုက်ခိုက်တာတွေ အများအပြား ရှိခဲ့တယ်လို့လည်း စစ်ကောင်စီပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG