သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒေသအများစု နှစ် (၂၀) အတွင်း အအေးဆုံးစံချိန်တင်


အမေရိကန်ပြည်ထောင်စုနေရာအတော်များများမှာ နှစ် (၂၀) အတွင်း အအေးဆုံးရာသီဥတုအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ North Dakota ကနေ မြောက်ပိုင်း နယူးယောက်အထိ တနင်္လာနေ့ အေးခဲတဲ့ ဆောင်းလေကြမ်း တိုက်ခိုက်မယ်ဆိုပြီး သတိပေးထားပါတယ်။

ဒီ အအေးဒဏ်ဟာ အသက်အန္တရာယ်တွေကိုပါ ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ Indianapolis မြို့တော်ဝန်ကလည်း သတိပေးခဲ့ပါတယ်။ အအေးဟာ အမေရိကန်အရှေ့ဘက်ခြမ်းမြို့တွေမှာ သုညဒီဂရီ ဆဲဆီးယက် (Celsius) အောက် ၂၀- ၃၀ အထိကို ကျဆင်းလာနိုင်တယ်လို့ သတိပေးထားပါတယ်။
XS
SM
MD
LG