သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စီတုံး တဦးတည်းမြေး အသက်အငယ်ဆုံး ဗိုလ်ချုပ်ဖြစ်

ကွယ်လွန်သူ တရုတ်နိုင်ငံ ခေါင်းဆောင် ဥက္ကဋ္ဌ မော်စီတုံး (Mao Zedong) ရဲ့ တဦးတည်းသော မြေးဖြစ်သူ အသက် ၄၀ အရွယ် စီနီယာဗိုလ်မှူးကြီးမော်ရှင်းယု (Mao Xinyu) ဟာ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ အသက်အငယ်ဆုံး ဗိုလ်ချုပ်အဖြစ် သြဂုတ်လ ၂ ရက်နေ့က ရာထူးတိုးမြှင့် ခံခဲ့ရပါတယ်။

ဗိုလ်ချုပ်မော်ရှင်းယုဟာ စစ်မှုထမ်း ဘဝတလျှောက် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အခုလို သူ့ကို ဗိုလ်ချုပ်ရာထူး တိုးပေးလိုက်တာဟာ လျော်ကန် သင့်မြတ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ရဲ့ တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတိုက်က ထပ်မံထုတ်ဝေတဲ့ The Global Times သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်မော်ရှင်းယုဟာ စစ်သမိုင်းပညာရှင် ဖြစ်ပြီး PLA ရဲ့ စစ်တက္ကသိုလ်က စစ်ဘက်သိပ္ပံ ပညာရေးဌာနမှာ တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

အခုလို ရာထူးတိုးမြှင့်တာဟာ လူတိုင်းက သူ့ရဲ့ အဖိုးဖြစ်သူအပေါ် ထားရှိကြတဲ့ မေတ္တာ စေတနာတွေကို သူ့ဆီကို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်လို့ ဗိုလ်ချုပ်မော်ရှင်းယုက တုံ့ပြန် ကျေးဇူးစကား ပြောကြားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG