သုံးရလွယ်ကူစေသည့် Link များ

မာရသွန် မြန်မာ ပါဆယ်ပို့ဆောင်ရေး ၀န်ဆောင်လုပ်ငန်း


မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ၀န်ဆောင်မှု လုပ်ငန်းတွေလည်း ပြောင်းလဲမှုအတူ လိုအပ်လာနေတာပါ။ အခုဆိုရင် ရန်ကုန်မြို့အတွင်း တနေရာကနေ တနေရာကို ပါဆယ်ပို့ပေးနေတဲ့ ကုမ္ပဏီတွေပါ ပေါ်ပေါက်လာနေပါပြီ။ အမေရိကန် ပြည်ထောင်စု City College of New York ကနေ အင်ဂျင်နီယာ မဟာဘွဲ့ ရရှိထားသူ ကိုဥက္ကာဖြိုးဟာ သူရထားတဲ့ဘွဲ့ကို မြန်မာနိုင်ငံမှာ ပြန်အသုံးချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုဆိုရင် ရန်ကုန်မြို့မှာ - မာရသွန် မြန်မာပါဆယ် ပို့ဆောင်ရေး ၀န်ဆောင်လုပ်ငန်းကို စတင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ကိုဥက္ကာဖြိုးကို ဗွီအိုအေ ဌာနချုပ်မှာ ကိုဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။

XS
SM
MD
LG