[[Zawgyi/Unicode]]
ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို မီးေမာင္းထိုးျပၿပီး ျမန္မာစစ္တပ္အေပၚ ထိေရာက္တဲ့ အေရးယူမႈေတြခ်မွတ္ဖို႔ ယူေကအစိုးရကို ဖိအားေပးေတာင္းဆိုတဲ့အေနနဲ႔ ဇူလိုင္လက ႀကိဳးေပးကြပ္မ်က္ခံခဲ့ရတဲ့ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္ကိုဂ်င္မီရဲ႕ပုံကို ယူေကပါလီမန္ အေဆာက္အဦး နံရံနဲ႔ လန္ဒန္ၿမိဳ႕လယ္က Marble Arch မုဂ္ဦးႀကီးမွာ မေန႔ညက စလိုက္မီးေတြနဲ႔ ထိုးျပခဲ့ပါတယ္။
ေပၚတူဂီ ပန္းခ်ီအႏုပညာရွင္ Paulo Andringa ဆြဲထားတဲ့ ကိုဂ်င္မီရဲ႕ပုံအျပင္ ျမန္မာႏိုင္ငံအေရး ေထာက္ျပတဲ့ ပုံတခ်ိဳ႕ကို Myanmar Accountability Project လူ႔အခြင့္အေရးအဖြဲ႕က ဦးေဆာင္ၿပီး ခုလို ျပသခဲ့တာပါ။ ဒီဇင္ဘာလ ၁၀ ရက္ေန႔ က်ေရာက္မယ့္ ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္ ျမန္မာျပည္သူေတြအတြက္ ဖေယာင္းတိုင္မီးထြန္း ဆုေတာင္းပြဲတရပ္ကိုလည္း Marble Arch မုဂ္ဦးႀကီး ေရွ႕မွာ မေန႔က ျမန္မာ့အေရးလႈပ္ရွားသူေတြ စုေဝး လုပ္ခဲ့ၾကပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္း လူေပါင္း ၂၅၀၀ ေက်ာ္ သတ္ျဖတ္ခံခဲ့ရၿပီး ဖမ္းဆီး အက်ဥ္းခ်ခံရသူ ၁ ေသာင္း ၆ ေထာင္ေက်ာ္ ရွိေနတဲ့အေၾကာင္း ျမန္မာႏိုင္ငံ လူ႔အခြင့္ အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews ကလည္း ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ဆိုးဆိုး႐ြား႐ြား ႀကဳံေနရေပမဲ့ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ယူကရိန္းႏိုင္ငံကို အႀကီးအက်ယ္ ေထာက္ခံ အားေပးေနတဲ့အခ်ိန္မွာ ျမန္မာ့အေရးကိုေတာ့ ထိထိေရာက္ေရာက္ ကူညီဖို႔ ပ်က္ကြက္ေနတယ္လို႔လည္း အထူးကိုယ္စားလွယ္ Andrews က ေထာက္ျပ ေဝဖန္ပါတယ္။
ျမန္မာစစ္တပ္ကို ႏိုင္ငံတကာ ျပစ္မႈဆိုင္ရာခုံ႐ုံး ICC မွာ အေရးယူႏိုင္ေရး ေဆာင္႐ြက္ဖို႔ ၿဗိတိန္အစိုးရက ကူညီေဆာင္႐ြက္ဖို႔ Myanmar Accountability Project အပါအဝင္ လူ႔အခြင့္အေရးအဖြဲ႕ေတြကလည္း ေတာင္းဆိုေနၾကတာပါ။
=======================
[[Unicode]]
မြန်မာ့လူ့အခွင့်အရေး လန်ဒန်မြို့မှာ မီးမောင်းထိုးပြ
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြပြီး မြန်မာစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူမှုတွေချမှတ်ဖို့ ယူကေအစိုးရကို ဖိအားပေးတောင်းဆိုတဲ့အနေနဲ့ ဇူလိုင်လက ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်ကိုဂျင်မီရဲ့ပုံကို ယူကေပါလီမန် အဆောက်အဦး နံရံနဲ့ လန်ဒန်မြို့လယ်က Marble Arch မုဂ်ဦးကြီးမှာ မနေ့ညက စလိုက်မီးတွေနဲ့ ထိုးပြခဲ့ပါတယ်။
ပေါ်တူဂီ ပန်းချီအနုပညာရှင် Paulo Andringa ဆွဲထားတဲ့ ကိုဂျင်မီရဲ့ပုံအပြင် မြန်မာနိုင်ငံအရေး ထောက်ပြတဲ့ ပုံတချို့ကို Myanmar Accountability Project လူ့အခွင့်အရေးအဖွဲ့က ဦးဆောင်ပြီး ခုလို ပြသခဲ့တာပါ။ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်မယ့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မြန်မာပြည်သူတွေအတွက် ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတရပ်ကိုလည်း Marble Arch မုဂ်ဦးကြီး ရှေ့မှာ မနေ့က မြန်မာ့အရေးလှုပ်ရှားသူတွေ စုဝေး လုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း လူပေါင်း ၂၅၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီး အကျဉ်းချခံရသူ ၁ သောင်း ၆ ထောင်ကျော် ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကလည်း ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ယူကရိန်းနိုင်ငံကို အကြီးအကျယ် ထောက်ခံ အားပေးနေတဲ့အချိန်မှာ မြန်မာ့အရေးကိုတော့ ထိထိရောက်ရောက် ကူညီဖို့ ပျက်ကွက်နေတယ်လို့လည်း အထူးကိုယ်စားလှယ် Andrews က ထောက်ပြ ဝေဖန်ပါတယ်။
မြန်မာစစ်တပ်ကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ICC မှာ အရေးယူနိုင်ရေး ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရက ကူညီဆောင်ရွက်ဖို့ Myanmar Accountability Project အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း တောင်းဆိုနေကြတာပါ။