(Zawgyi/Unicode)
[Unicode Version]
Maria Sharapova တင်းနစ်ကစားတာက အနားယူပြီ
ရုရှားနိုင်ငံက ကမ္ဘာကျော် တင်းနစ်အလှမယ် မာရီယာရှာရာပိုဗာကတော့ တင်းနစ်ကစားတာကနေ အနားယူလိုက်ပြီလို့ ကြေငြာလိုက်ပါပြီ။ အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ ရှာရာပိုဗားဟာ သူ့အနေနဲ့ ဒဏ်ရာကြောင့် အခုလို အနားယူလိုက်တာဖြစ်တယ်လို့ ကမ္ဘာကျော် Vogue နဲ့ Vanity Fairs မဂ္ဂဇင်းတွေက ကြေငြာလိုက်တာဖြစ်ပါတယ်။
ရှာရာပိုးဗားဟာ ဂရန်းစလမ်းပြိုင်ပွဲ ၄ ခုစလုံးကို ဗိုလ်စွဲပြီး ပြင်သစ်အိုးပင်း ၂ ကြိမ် နဲ့ ကျန်တဲ့ ဂရန်းစလမ်းတွေကို ၁ ကြိမ်စီ ရပြီး စုစုပေါင်း ၅ ကြိမ် ဗိုလ်စွဲထားတာဖြစ်ပါတယ်။
အခုလို အနားယူလိုက်တဲ့အတွက် ပြီးခဲ့တဲ့ သြစတြေးလျအိုးပင်းပြိုင်ပွဲဟာ သူမ နောက်ဆုံးကစားခဲ့တဲ့ တင်းနစ်ပြိုင်ပွဲဖြစ်ပါတယ်။