ဂျပန် ကမ်းလွန်ပင်လယ်ပြင်မှာ အမေရိကန် ရေတပ်ရဲ့ လေယာဉ်နှစ်စင်းပျက်ကျသွားတဲ့အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေရပါတယ်။ အခုအခါမှာ မရင်းတပ်သားတဦးကို ကယ်ဆယ်ရရှိပြီး လေယာဉ်နှစ်စင်းက စုစုပေါင်း (၇)ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
Iwakuni ဂျပန်လေတပ်စခန်းကနေ လေ့ကျင့်ပျံသန်းစဉ် စစ်လေယာဉ် နှစ်စင်း ဘာကြောင့် ပျက်ကျခဲ့သလဲဆိုတဲ့ အကြောင်းအရင်းကို အခုထိ မသိရှိရသေးပါဘူး။ ဂျပန်နိုင်ငံမှာ လောလောဆယ် အမေရိကန်စစ်သား ငါးသောင်းလောက်ရှိနေပါတယ်။