သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် နောက်ဆုံးနေ့ စာအုပ်ထွက်


ဘင်လာဒင်ကို သုတ်သင်သည့်စစ်ဆင်ရေးမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးရေးတဲ့ "No Easy Day: စာအုပ်အဖုံး။
ဘင်လာဒင်ကို သုတ်သင်သည့်စစ်ဆင်ရေးမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးရေးတဲ့ "No Easy Day: စာအုပ်အဖုံး။
စက်တင်ဘာလ ၄ ရက်နေ့က ကမ္ဘာတလွှားနဲ့ အမေရိကန်ပြည်ထောင်စုက စာအုပ်ဆိုင်တွေမှာ စတင် ရောင်းချတဲ့ No Easy Days မလွယ်ကူလှတဲ့ နေ့- အမည်ရှိ စာအုပ်ဟာ မနှစ်က ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သွားရောက် သုတ်သင်စဉ်က သတင်းအချက်အလက်တွေ ပါဝင်နေပါတယ်။

ဒီ အချက်အလက်တွေဟာ အချိန်မတန်သေးခင် ဖော်ထုတ်ခြင်းမပြုရမယ့်၊ အတိမ်းအစောင်းမခံတဲ့ သတင်း အချက်အလက်တွေ ဖြစ်တယ်လို့ အင်္ဂါနေ့က အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ George Little က ပြောကြားခဲ့ပါတယ်။

အမေရိကန် တပ်မတော်အရာရှိတွေဟာ ဒီစာအုပ်ကို ဖတ်ရှုသုံးသပ်ထားပြီးတော့ စာရေးသူကို တရားဥပဒေ ကြောင်းအရ အရေးယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့လည်း George Little က ဆိုပါတယ်။

No Easy Day စာအုပ်ကို မာ့ခ် အိုဝင် (Mark Owen) အမည်နဲ့ရေးသားသူဟာ မက်တ် ဘင်ဆင်နက်(တ်) (Matt Bissonnette) ဆိုသူ Navy Seal ကွန်မန်ဒို တပ်ဖွဲ့ဝင်ဖြစ်ပြီးတော့ သူဟာ မနှစ်က အိုစမာ ဘင်လာဒင်ကို သွားရောက်သုတ်သင်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG