သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook အကြီးအကဲ Mark Zuckerberg သတင်းစာတွေမှာ တောင်းပန်စာထည့်


인도네시아 웨스트자바주의 시아미스에서 이슬람 신자들이 낭갈라 잠수함 침몰 희생자들을 위해 추모식을 열었다. 인도네시아 해군 소속 잠수함은 지난 21일 어뢰 실사격 연습 중 침몰했다.
인도네시아 웨스트자바주의 시아미스에서 이슬람 신자들이 낭갈라 잠수함 침몰 희생자들을 위해 추모식을 열었다. 인도네시아 해군 소속 잠수함은 지난 21일 어뢰 실사격 연습 중 침몰했다.

Facebook ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ရဲ့ စာတမျက်နှာအပြည့် တောင်းပန်စုတခု ဗြိတိန်နဲ့ အမေရိကန်က အဓိက သတင်းစာကြီးကိုးခုမှာ ပါလာပါတယ်။ Facebook အသုံးပြုသူ သန်းပေါင်းများစွာရဲ့ ကိုယ်ရေး အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ ယုံကြည်မှုဆိုင်ရာ ကြီးမားတဲ့ချိုးဖောက်မှုကြီးအတွက် အခုလို တောင်းပန်လိုက်တာပါ။

အဲဒီအချက်အလက်တွေကို ရယူခဲ့တဲ့ ဗြိတိန်အခြေစိုက် မဲဆန္ဒရှင် အချက်အလက်စာရင်း ပြုစုတဲ့ Cambridge Analytica ကုမ္ပဏီ ကိုတော့ Zuckerberg က သူ့တောင်းပန်စာထဲမှာ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ ဗြိတိသျှသုတေသီ Alexsandr Kogan ဆီကနေ အဲဒီအချက်အလက်တွေကို Cambridge Analytica ကုမ္ပဏီက ရယူခဲ့တာပါ။ ပညာရပ်ဆိုင်ရာ လေ့လာသုတေသနပြုမှု တခုရဲ့ တစိတ်တပိုင်းအနေနဲ့ အချက်အလက်တွေကို ရယူူဖို့ Alexsandr Kogan ကို Facebook က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေရဲ့ အချက်အလက်စာရင်းတွေကို ပြုစုဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေးအဖွဲ့က Cambridge Analytica ကုမ္ပဏီကို ဒေါ်လာ ၆ သန်းပေးပြီး အပ်ခဲ့တာပါ။

“ဒါဟာ ယုံကြည်မှုကို ချိုးဖောက်တာဖြစ်ပါတယ်၊ အဲဒီအချိန်က ကျနော်တို့ ဂရုတစိုက် မလုပ်ဆောင်ခဲ့တဲ့အတွက် ကျနော် တောင်းပန်ပါတယ်၊ ဒီလိုမျိုး နောက်ထပ်မဖြစ်စေဖို့အတွက် အခု ကျနော်တို့ လုပ်ဆောင်နေပါပြီ” လို့ တောင်းပန်စာထဲမှာ Zuckerberg က ပြောထားပါတယ်။

Facebook အသုံးပြုသူ ၂၇၀,၀၀၀ က သူတို့ကိုယ်တိုင်ရဲ့ အချက်အလက်တွေကို ပေးလာစေဖို့ app တခုကို Kogan က တီထွင် ရေးသားခဲ့ပါတယ်။ အဲဒီ Facebook အသုံးပြုသူ ၂၇၀,၀၀၀ ရဲ့ Facebook တွေကနေ သူတို့မိတ်ဆွေတွေနဲ့ ဆက်စပ်ပတ်သက်သူ တွေကို ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်လိုက်တာကြောင့် နောက်ထပ် Facebook သုံးစွဲသူပေါင်း သန်း ၅၀ ရဲ့ ပုဂ္ဂိုလ်ရေး အချက် အလက်တွေပါ ပေါက်ထွက်ကုန်တာဖြစ်ပါတယ်။

“ခင်ဗျားတို့ရဲ့ အချက်အလက်တွေကို ကာကွယ်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်၊ ကျနော်တို့ အဲဒီလိုမလုပ်နိုင်ရင် ကျနော်တို့ အတွက် မထိုက်တန်ပါဘူး။” လို့ Zuckerberg ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG