မာလီ နိုင်ငံမြောက်ပိုင်း မြို့ သုံးမြို့ကို သိမ်းပိုက်ထားတဲ့ Tuareg သူပုန်တွေဟာလျင်လျင်မြန်မြန် ထိုးစစ်ဆင်နွှဲပြိး စစ်ရေးတိုက်ခိုက်မှု တွေကို မကြာခင်အဆုံးသတ်တော့မယ်လို့ ပြောဆိုလိုက်ပါတယ်။
ခွဲထွက်ရေးသမားတွေ ရဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု NMLA အဖွဲ့က ရည်မှန်းထား တဲ့ အတိုင်း အောင်မြင်အောင် ဆောင်ရွက် ခဲ့ ပြီး ပြီမို့ ကြာသာပတေးနေ့မှာ အပြစ်အခတ်ရပ်စဲ မယ်လို့ ကျေညာ လိုက်ပါတယ်။ အစ္စလမ် တိုက်ခိုက်ရေးသမားတွေနဲက Tuareg သူပုန်တချို့ကို Kida, Gao နဲ့ Timbuktu မြို့ တွေက အစ္စလမ်စစ်သွေးကြွ Ansar Dine အုပ်စု က တိုက်ပွဲ အဆုံးသတ် မသတ် ကို တော့ မသိရသေးပါဘူး။
မြောက်အာဖရိက Al Qaida အဖွဲ့ AQIM နဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ ဒီအုပ်စုက မာလီတချို့ဒေသတွေမှာ အစ္စလမ်ဥပဒေကို ပြဠာန်းဖို့ ကြိုးစားခဲ့ပါတယ်။ ကြာသပတေးနေ့ကတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppe က Tuareg သူပုန်ကိစ္စကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရ ဘဲ၊ ဆွေးနွေးညှိနိုင်းမှု နဲ့ သာ ဖြေရှင်းနိုင်မယ်လို့ သတိပေးပြောဆိုပါတယ်။