သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာတင် လူသာကင်း အထိမ်းအမှတ်ရုပ်တု ဖွင့်ပွဲ


မာတင် လူသာကင်း အထိမ်းအမှတ်ရုပ်တု ဖွင့်ပွဲ
မာတင် လူသာကင်း အထိမ်းအမှတ်ရုပ်တု ဖွင့်ပွဲ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့လယ်က အမျိုးသားရင်ပြင် National Mall မှာ ထင်ရှားတဲ့ တန်းတူ အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ (Martin Luther King Jr) ကို အောက်မေ့ သတိရဂုဏ်ပြုတဲ့ အခမ်းအနားကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပတဲ့အခါ အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက အာဖရိကန် အမေရိကန် ပြည်သူတွေအတွက် တန်းတူအခွင့်အရေးရဖို့ ကြိုးပမ်းမှုမှာ အသက်ပေးသွားခဲ့တဲ့ ဒေါက်တာ ကင်းကို ဂုဏ်ပြုတဲ့ ဒီအခမ်းအနားမှာ တန်းတူအခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေနဲ့ ဒေါက်တာ ကင်း ရဲ့ မိသားစုဝင်တွေကို ဖိတ်ကြားထားပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

အခုလို ဒေါက်တာကင်း ရဲ့ တန်းတူအခွင့်အရေး လှုပ်ရှားမှုအမွေကို အမေရိကန်ပြည်သူတွေက အောက်မေ့ အလေးပြုနေကြစဉ်မှာ စနေနေ့ကတော့ အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာဟာ အလုပ်အကိုင်နဲ့ စီးပွားရေးဆိုင်ရာ တရားမျှတမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။

အမျိုးသားရင်ပြင်ရဲ့ အောက်မေ့ဖွယ် ပန်းခြံမှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကုန်ကျတဲ့ ဒေါက်တာကင်း ရဲ့ ရုပ်တုဖွင့်ပွဲ အထိမ်းအမှတ်ကို သြဂုတ်လ ၂၈ ရက်နေ့ ဒေါက်တာကင်း ရဲ့ “I have a Dream” ဆိုတဲ့ ကမ္ဘာကျော် တန်းတူအခွင့်အရေးလှုပ်ရှားမှု မိန့်ခွန်းနဲ့ လူထုချီတက်ပွဲ (၄၈) နှစ်မြောက် အထိမ်းအမှတ် တိုက်ဆိုင်ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အပူပိုင်းမုန်တိုင်း Irene တိုက်ခတ်မယ့်အန္တရာယ်ကြောင့် အခမ်းအနားစီစဉ်သူတွေက ဒီအထိမ်းအမှတ် အခမ်းအနားကို ပြန်ပြီး ရက်ပြောင်းရွှေ့ စီစဉ်ခဲ့ရတာဖြစ်ပါတယ်။

ဂရင်းနစ်ကျောက်နဲ့ ထုလုပ်ထားပြီး ၉ မီတာမြင့်မားတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာကင်း ရဲ့ ရုပ်တုမှာ သူ့ရဲ့ ကျော်ကြားလှတဲ့ အဆိုအမိန့်တချို့ကို ထွင်းထု ဖော်ပြထားပါတယ်။

XS
SM
MD
LG