သုံးရလွယ်ကူစေသည့် Link များ

ဒီလ ဂျူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်တွေ ကျဆုံးခဲ့တာ ၆၄ နှစ်ပြည့်ခဲ့ပြီဆိုပေမဲ့ ၁၉၄၇ ခုနှစ်တုန်းက ဒီအဖြစ်အပျက်ကို မှီလိုက်တဲ့ မြန်မာအမျိုးသမီးတွေကတော့ အခုထိတိုင်အောင် အဲ့ဒီကြေကွဲဖွယ်ဖြစ်ရပ်ကို မေ့မရနိုင်ပဲရှိဆဲပါ။ ဒီအချိန်မှာ သူတို့ ဘယ်လိုခံစားခဲ့ကြရပါသလဲ။ အဲ့ဒီခေတ်တုန်းက မြန်မာ့လွတ်လပ်ရေးအတွက် အမျိုးသမီးတွေ ဘယ်လိုပါဝင် လှုပ်ရှားခဲ့ကြပါသလဲ။ အခုခေတ်မှာရော မြန်မာအမျိုးသမီးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို သူတို့ ဘယ်လိုရှုမြင်ကြသလဲဆိုတာကိုတော့ ဒီတပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်ရှင်။

XS
SM
MD
LG