သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပင္လယ္သမုဒၵရာေတြ တခါသံုးႏွာေခါင္းစည္း အမိႈက္အႏၲရာယ္နဲ႔ ႀကံဳေနရၿပီ


ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕တြင္ ႏွာေခါင္းစည္းတပ္ သြားလာေနသူမ်ား။ (ေမ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ပလတ္စတစ္အမိႈက္ ျပႆနာနဲ႔ ရင္ဆုိင္ေနရတဲ့ ကမာၻ႔ပင္လယ္သမုဒၵရာ ေရထုဟာ ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ ကာကြယ္ေရးအတြက္ အသုံးျပဳရတဲ့ တခါသုံး ႏွာေခါင္းစည္း အမႈိက္အႏၲရာယ္ကိုပါ စတင္ ရင္ဆုိင္ေနရတဲ့အတြက္ သဘာ၀ပတ္၀န္းက်င္ေရး လႈပ္ရွားသူေတြ စိုးရိမ္ေနၾကပါတယ္။ AFP သတင္းေဆာင္းပါးကို အေျခခံၿပီး နန္းေလာင္၀္က တင္ျပထားပါတယ္။

ေဟာင္ေကာင္ကၽြန္းက ကမ္းစပ္ေတြမွာ ခြဲစိတ္ခန္းသုံး ႏွာေခါင္းစည္းေတြ အမ်ားအျပား စၿပီး ေတြ႔လာေနရပါတယ္။ ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ေဟာင္ေကာင္ၿမိဳ႕ခံေတြ ႏွာေခါင္းစည္းေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ အသုံးျပဳေနၾကတာပါ။ ဒီႏွာေခါင္းစည္းေတြဟာ ပလတ္စတစ္ အမႈိက္ျပႆနာရွိေနတ့ဲ ပင္လယ္သမုဒၵရာ ေရထုကို ပိုၿပီး ညစ္ညမ္းေစတယ္လုိ႔လည္း သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးသမားေတြက ေျပာပါတယ္။ ေဟာင္ေကာင္အေျခစိုက္ OceanAsia သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖြဲ႔ ပူးတြဲတည္ေထာင္သူ Gary Stokes က -

“ေဟာဒီလို ပလတ္စတစ္နဲ႔ လုပ္ထားတဲ့ တခါသုံး ႏွာေခါင္းစည္းကေတာ့ အနာဂတ္မ်ိဳးဆက္ေတြအတြက္ ကမ္းစပ္ေတြမွာ က်ေနာ္တုိ႔ ထပ္ၿပီး ခ်န္ထားေပးမယ့္ ေနာက္ထပ္ ဆိုးေမြတခုေပါ့ဗ်ာ။" လုိ႔ ေျပာပါတယ္။

ပင္လယ္ေရထုထဲက အမႈိက္ေတြနဲ႔ လူမေနတဲ့ကၽြန္းက ေရထုထဲ ေတြ႔ရတဲဲ့ ပလတ္စတစ္ အမႈန္အမႊားေတြအေၾကာင္း တႏွစ္ၾကာ သုေတသနတခုကို OceanAsia အဖြဲ႔က ကပ္ေရာဂါမျဖစ္ခင္မွာပဲ စတင္ခ့ဲပါတယ္။

ကမ္းစပ္ေတြမွာ ေတြ႔ျမင္ေနက် အမႈိက္ ၅ မိ်ဳးကေတာ့ ပုလင္းခြံ၊ ေဖာ့ဘူးခြံ၊ ဓာတ္မီးျခစ္၊ ပလတ္စတစ္ ေရေသာက္ပိုက္ေတြ၊ ဇြန္းခက္ရင္းလို ပစၥည္းေတြ ျဖစ္ေပမယ့္ ေနာက္ပုိင္းမွာ တခါသုံး ႏွာေခါင္းစည္းေတြ ႐ုတ္တရက္ ေတြ႔လာပါတယ္။ ကမ္းစပ္တေလွ်ာက္ မီတာ ၁၀၀ ေလာက္မွာ ႏွာေခါင္းစည္း အခု ၇၀ ေလာက္ ေတြ႔ပါတယ္။ ေနာက္တပတ္မွာလည္း ႏွာေခါင္းစည္း အခု ၃၀ ေလာက္ ထပ္ေတြ႔ပါတယ္။

“လူေတြ ႏွာေခါင္းစည္း စသုံးလာတာနဲ႔ သူ႔ရဲ႕အက်ိဳးဆက္ကို ကမ္းစပ္ေတြမွာ ေတြ႔ရပါတယ္။ ေဟာင္ေကာင္ကၽြန္းရဲ႕ ေတာင္ဘက္စြန္းက လူမေနတဲ့ ကမ္းစပ္ေတြထိကို ဒီႏွာေခါင္းစည္းေတြ ေရာက္ပါတယ္။" လို႔ Gary Stokes က ေျပာပါတယ္။

လူဦးေရ ၇ သန္းခြဲရွိတဲ့ ေဟာင္ေကာင္ကၽြန္းမွာ ႏွစ္စဥ္ အမိႈက္တန္ခ်ိန္ ၆ သန္းေလာက္ ထြက္တာပါ။ အဲဒီအမႈိက္ထဲက ၃၀ ရာခုိင္ႏႈန္းေလာက္ကိုပဲ ျပန္အသုံးျပဳလို႔ ရပါတယ္။

"ကမ္းေပၚတင္လာတဲ့ လင္းပုိင္ေတြ၊ လိပ္အေသေကာင္ေတြရဲ႕ ဗုိက္ထဲမွာ ႏွာေခါင္းစည္းေတြ ျမင္ရေတာ့မွာပါ။ အဲဒီအျဖစ္မ်ိဳးကိုေတာ့ မေတြ႔ျမင္ခ်င္ပါဘူး။ ဒါက ေရထုထဲေရာက္လာတဲ့ ေနာက္ထပ္ျပႆနာတခုဆိုတာ ထင္ရွားပါတယ္။ လူသားေတြရဲ႕ အစားအစာ ရင္းျမစ္တခုကို ထိခိုက္ေစႏုိင္တဲ့ ျဖစ္ရပ္တခုလည္း ျဖစ္ပါတယ္။" လို႔ Gary Stokes က ေျပာပါတယ္။

ကပ္ေရာဂါမေပၚခင္ တုပ္ေကြးအျဖစ္မ်ားတဲ့ ေဆာင္းရာသီမ်ိဳးမွာ ေဟာင္ေကာင္ၿမဳိ႕ခံေတြ ႏွာေခါင္းစည္းတပ္ေလ့ ရွိပါတယ္။ ေဆာက္လုပ္ေရးအလုပ္သမား Amand ကလည္း စြန္႔ပစ္ႏွာေခါင္းစည္းေတြကို ခုတေလာ သတိထားမိပါတယ္။

"ကို႐ုိနာဗုိင္းရပ္စ္ ကပ္ေရာဂါ မျဖစ္ခင္တုန္းကေတာ့ ဒီလုိမဟုတ္ပါဘူး။ ႏွာေခါင္းစည္းေတြကို ေတြ႔ကရာ ပစ္ထားတာမ်ိဳး၊ သစ္ပင္ေတြေပၚမွာ တြဲေလာင္းခ်ိတ္ေနတာမိ်ဳး ဘယ္တုန္းကမွ မျမင္ဖူးပါဘူး။ ခုေတာ့ ဒါမ်ိဳးေတြကို မၾကာခဏ ေတြ႔ေနရပါတယ္။"

COVDI-19 ကပ္ေရာဂါ ေပၚလာတဲ့အခ်ိန္မွာေတာ့ လူတုိင္းနီးပါး ႏွာေခါင္းစည္း တပ္လာၾကပါတယ္။ တ႐ုတ္ႏုိင္ငံကေန ကို႐ိုနာဗုိင္းရပ္စ္ စတင္ခဲ့ေပမယ့္ ေဟာင္ေကာင္မွာေတာ့ ေရာဂါထိန္းခ်ဳပ္ေရး ေကာင္းေကာင္း စီမံခန္႔ခြဲႏုိင္ခဲ့တဲ့အတြက္ ပုိးကူးစက္သူ ၁,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၄ ဦးသာ ရွိခဲ့ပါတယ္။ အေရာင္း၀န္ထမ္းတဦးျဖစ္သူ Percy က -

"ဗုိင္းရပ္စ္ေၾကာင့္ ဘယ္သြားသြား ႏွာေခါင္းစည္းတပ္ရပါတယ္။ အျပင္သြားရင္ ဒါမွမဟုတ္ ရပ္ကြက္ထဲက ပန္းၿခံကို သြားတဲ့အခါ လူသိပ္မ႐ႈပ္ဘူးရင္ေတာ့ ႏွာေခါင္းစည္းေတြ ခၽြတ္ထားလို႔ရပါတယ္။" လုိ႔ ေျပာပါတယ္။

ေဟာင္ေကာင္အစိုးရန႔ဲ ကုမၸဏီ အေတာ္မ်ားမ်ားကလည္း ေလွ်ာ္ဖြပ္ၿပီး ျပန္အသုံးျပဳလို႔ရတဲ့ အ၀တ္စနဲ႔ ခ်ဳပ္ထားတဲ့ ႏွာေခါင္းစည္းေတြ ေပးအပ္ေနတာပါ။ ဒါေပမယ့္လည္း တခါသုံး ႏွာေခါင္းစည္းေတြကိုေတာ့ သုံးစြဲသူေတြက ပိုၿပီး သေဘာက်ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပင်လယ်သမုဒ္ဒရာတွေ တခါသုံးနှာခေါင်းစည်း အမှိုက်အန္တရာယ်နဲ့ ကြုံနေရပြီ

ပလတ်စတစ်အမှိုက် ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာ ရေထုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုရတဲ့ တခါသုံး နှာခေါင်းစည်း အမှိုက်အန္တရာယ်ကိုပါ စတင် ရင်ဆိုင်နေရတဲ့အတွက် သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

ဟောင်ကောင်ကျွန်းက ကမ်းစပ်တွေမှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေ အများအပြား စပြီး တွေ့လာနေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဟောင်ကောင်မြို့ခံတွေ နှာခေါင်းစည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပါ။ ဒီနှာခေါင်းစည်းတွေဟာ ပလတ်စတစ် အမှိုက်ပြဿနာရှိနေတဲ့ ပင်လယ်သမုဒ္ဒရာ ရေထုကို ပိုပြီး ညစ်ညမ်းစေတယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။ ဟောင်ကောင်အခြေစိုက် OceanAsia သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ပူးတွဲတည်ထောင်သူ Gary Stokes က -

“ဟောဒီလို ပလတ်စတစ်နဲ့ လုပ်ထားတဲ့ တခါသုံး နှာခေါင်းစည်းကတော့ အနာဂတ်မျိုးဆက်တွေအတွက် ကမ်းစပ်တွေမှာ ကျနော်တို့ ထပ်ပြီး ချန်ထားပေးမယ့် နောက်ထပ် ဆိုးမွေတခုပေါ့ဗျာ။" လို့ ပြောပါတယ်။

ပင်လယ်ရေထုထဲက အမှိုက်တွေနဲ့ လူမနေတဲ့ကျွန်းက ရေထုထဲ တွေ့ရတဲ့ ပလတ်စတစ် အမှုန်အမွှားတွေအကြောင်း တနှစ်ကြာ သုတေသနတခုကိုOceanAsia အဖွဲ့က ကပ်ရောဂါမဖြစ်ခင်မှာပဲ စတင်ခဲ့ပါတယ်။

ကမ်းစပ်တွေမှာ တွေ့မြင်နေကျ အမှိုက် ၅ မျိုးကတော့ ပုလင်းခွံ၊ ဖော့ဘူးခွံ၊ ဓာတ်မီးခြစ်၊ ပလတ်စတစ် ရေသောက်ပိုက်တွေ၊ ဇွန်းခက်ရင်းလို ပစ္စည်းတွေ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တခါသုံး နှာခေါင်းစည်းတွေ ရုတ်တရက် တွေ့လာပါတယ်။ ကမ်းစပ်တလျှောက် မီတာ ၁၀၀ လောက်မှာ နှာခေါင်းစည်း အခု ၇၀ လောက် တွေ့ပါတယ်။ နောက်တပတ်မှာလည်း နှာခေါင်းစည်း အခု ၃၀ လောက် ထပ်တွေ့ပါတယ်။

“လူတွေ နှာခေါင်းစည်း စသုံးလာတာနဲ့ သူ့ရဲ့အကျိုးဆက်ကို ကမ်းစပ်တွေမှာ တွေ့ရပါတယ်။ ဟောင်ကောင်ကျွန်းရဲ့ တောင်ဘက်စွန်းက လူမနေတဲ့ ကမ်းစပ်တွေထိကို ဒီနှာခေါင်းစည်းတွေ ရောက်ပါတယ်။" လို့ Gary Stokes က ပြောပါတယ်။

လူဦးရေ ၇ သန်းခွဲရှိတဲ့ ဟောင်ကောင်ကျွန်းမှာ နှစ်စဉ် အမှိုက်တန်ချိန် ၆ သန်းလောက် ထွက်တာပါ။ အဲဒီအမှိုက်ထဲက ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ ပြန်အသုံးပြုလို့ ရပါတယ်။

"ကမ်းပေါ်တင်လာတဲ့ လင်းပိုင်တွေ၊ လိပ်အသေကောင်တွေရဲ့ ဗိုက်ထဲမှာ နှာခေါင်းစည်းတွေ မြင်ရတော့မှာပါ။ အဲဒီအဖြစ်မျိုးကိုတော့ မတွေ့မြင်ချင်ပါဘူး။ ဒါက ရေထုထဲရောက်လာတဲ့ နောက်ထပ်ပြဿနာတခုဆိုတာ ထင်ရှားပါတယ်။ လူသားတွေရဲ့ အစားအစာ ရင်းမြစ်တခုကို ထိခိုက်စေနိုင်တဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။" လို့ Gary Stokes က ပြောပါတယ်။

ကပ်ရောဂါမပေါ်ခင် တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီမျိုးမှာ ဟောင်ကောင်မြို့ခံတွေ နှာခေါင်းစည်းတပ်လေ့ ရှိပါတယ်။ ဆောက်လုပ်ရေးအလုပ်သမား Amand ကလည်း စွန့်ပစ်နှာခေါင်းစည်းတွေကို ခုတလော သတိထားမိပါတယ်။

"ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မဖြစ်ခင်တုန်းကတော့ ဒီလိုမဟုတ်ပါဘူး။ နှာခေါင်းစည်းတွေကို တွေ့ကရာ ပစ်ထားတာမျိုး၊ သစ်ပင်တွေပေါ်မှာ တွဲလောင်းချိတ်နေတာမျိုး ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။ ခုတော့ ဒါမျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။"

COVDI-19 ကပ်ရောဂါ ပေါ်လာတဲ့အချိန်မှာတော့ လူတိုင်းနီးပါး နှာခေါင်းစည်း တပ်လာကြပါတယ်။ တရုတ်နိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့ပေမယ့် ဟောင်ကောင်မှာတော့ ရောဂါထိန်းချုပ်ရေး ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တဲ့အတွက် ပိုးကူးစက်သူ၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄ ဦးသာ ရှိခဲ့ပါတယ်။ အရောင်းဝန်ထမ်းတဦးဖြစ်သူ Percy က -

"ဗိုင်းရပ်စ်ကြောင့် ဘယ်သွားသွား နှာခေါင်းစည်းတပ်ရပါတယ်။ အပြင်သွားရင် ဒါမှမဟုတ် ရပ်ကွက်ထဲက ပန်းခြံကို သွားတဲ့အခါ လူသိပ်မရှုပ်ဘူးရင်တော့ နှာခေါင်းစည်းတွေ ချွတ်ထားလို့ရပါတယ်။" လို့ ပြောပါတယ်။

ဟောင်ကောင်အစိုးရနဲ့ ကုမ္ပဏီ အတော်များများကလည်း လျှော်ဖွပ်ပြီး ပြန်အသုံးပြုလို့ရတဲ့ အဝတ်စနဲ့ ချုပ်ထားတဲ့ နှာခေါင်းစည်းတွေ ပေးအပ်နေတာပါ။ ဒါပေမယ့်လည်း တခါသုံး နှာခေါင်းစည်းတွေကိုတော့ သုံးစွဲသူတွေက ပိုပြီး သဘောကျကြပါတယ်။

XS
SM
MD
LG