သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္ကမ္းလြန္မွာ ငါးအေသအေျမာက္အျမား စြန႔္ပစ္မႈ စုံစမ္းစစ္ေဆးေန


Bay of Biscay ကမ္းလြန္ပင္လယ္ျပင္မွာ ငါးအေသေတြ ေမ်ာေနတာကုိ စူးစမ္းေလ့လာဖုိ႔ သြားေရာက္ေနသူအခ်ဳိ႕။ (ေဖေဖာ္ဝါရီ ၃၊ ၂၀၂၂)

(Zawgyi / Unicode)

ျပင္သစ္ႏုိင္ငံကမ္းလြန္ အတၱလႏၱိတ္ သမုဒၵရာထဲက ဆြဲပိုက္ခ်သေဘၤာႀကီးကေန ငါးအေသေတြ ဘာေၾကာင့္စြန္႔ပစ္ခဲ့သလဲဆိုတာ ဥေရာပသမဂၢ EU က စုံစမ္းစစ္ေဆးေနပါတယ္။ သဘာဝပတ္ဝန္းက်င္ေရးရာအဖြဲ႔က ဒီျဖစ္ရပ္ကို ဗြီဒီယိုန႔ဲ ဓာတ္ပုံေတြ ထုတ္ျပန္အၿပီးမွာ EU က စုံစမ္းေနတာပါ။

ျပင္သစ္ႏိုင္ငံ အေနာက္ေတာင္ဘက္ Bay of Biscay ကမ္းလြန္ပင္လယ္ျပင္ထဲမွာ ငါးအေသေတြ မ်က္စိတဆုံး ေပါေလာေမ်ာေနတာကို Sea Shepherd အဖြဲ႔က ထုတ္ျပန္တဲ့ ပုံရိပ္ေတြမွာ ေတြ႔ရပါတယ္။ ေသေနတဲ့ငါးေကာင္အရ အနည္းဆုံး တသိန္းေလာက္ရွိမယ္လို႔ Sea Shepherd အဖြဲ႔က ခန္႔မွန္းပါတယ္။

အဲဒီငါးအေသေတြကို ေတြ႔ျမင္ခဲ့ၿပီးတဲ့ေနာက္ ဒီကိစၥကို စုံစမ္းစစ္ေဆးဖို႔ ငါးဖမ္းလုပ္ငန္း ေစာင့္ၾကည့္ေလ့့လာေရး အမ်ိဳးသားဌာနကို တာဝန္ေပးထားေၾကာင္း ျပင္သစ္ အဏၰဝါေဗဒဌာန ဝန္ႀကီး Annick Girardin က ေသာၾကာေန႔က တြစ္တာ လူမႈစာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

EU အဖြဲ႔ရဲ႕ သမုဒၵရာနဲ႔ ငါးဖမ္းလုပ္ငန္းဌာနကလည္း ဒီကိစၥကို စုံစမ္းေနေၾကာင္း သတင္းထုတ္ျပန္ပါတယ္။

လစ္သူေယးနီးယားႏုိင္ငံမွာ မွတ္ပုံတင္ထားတဲ့ Margiris ငါးဖမ္းသေဘၤာက ပိုက္ေပါက္လို႔ အဲဒီငါးေတြ လြတ္ကုန္တာလို႔ The Pelagic Freezer-Trawler Association ဆြဲပုိက္ခ်သေဘၤာအသင္းက ၾကာသပေတးေန႔မွာ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ပြင်သစ်ကမ်းလွန်မှာ ငါးအသေအမြောက်အမြား စွန့်ပစ်မှု စုံစမ်းစစ်ဆေးနေ

ပြင်သစ်နိုင်ငံကမ်းလွန် အတ္တလန္တိတ် သမုဒ္ဒရာထဲက ဆွဲပိုက်ချသင်္ဘောကြီးကနေ ငါးအသေတွေ ဘာကြောင့်စွန့်ပစ်ခဲ့သလဲဆိုတာ ဥရောပသမဂ္ဂ EU က စုံစမ်းစစ်ဆေးနေပါတယ်။ သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့က ဒီဖြစ်ရပ်ကို ဗွီဒီယိုနဲ့ ဓာတ်ပုံတွေ ထုတ်ပြန်အပြီးမှာ EU က စုံစမ်းနေတာပါ။

ပြင်သစ်နိုင်ငံ အနောက်တောင်ဘက် Bay of Biscay ကမ်းလွန်ပင်လယ်ပြင်ထဲမှာ ငါးအသေတွေ မျက်စိတဆုံး ပေါလောမျောနေတာကို Sea Shepherd အဖွဲ့က ထုတ်ပြန်တဲ့ ပုံရိပ်တွေမှာ တွေ့ရပါတယ်။ သေနေတဲ့ငါးကောင်အရ အနည်းဆုံး တသိန်းလောက်ရှိမယ်လို့ Sea Shepherd အဖွဲ့က ခန့်မှန်းပါတယ်။

အဲဒီငါးအသေတွေကို တွေ့မြင်ခဲ့ပြီးတဲ့နောက် ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ငါးဖမ်းလုပ်ငန်း စောင့်ကြည့်လေ့လာရေး အမျိုးသားဌာနကို တာဝန်ပေးထားကြောင်း ပြင်သစ် အဏ္ဏဝါဗေဒဌာန ဝန်ကြီး Annick Girardin က သောကြာနေ့က တွစ်တာ လူမှုစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

EU အဖွဲ့ရဲ့ သမုဒ္ဒရာနဲ့ ငါးဖမ်းလုပ်ငန်းဌာနကလည်း ဒီကိစ္စကို စုံစမ်းနေကြောင်း သတင်းထုတ်ပြန်ပါတယ်။

လစ်သူယေးနီးယားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Margiris ငါးဖမ်းသင်္ဘောက ပိုက်ပေါက်လို့ အဲဒီငါးတွေ လွတ်ကုန်တာလို့ The Pelagic Freezer-Trawler Association ဆွဲပိုက်ချသင်္ဘောအသင်းက ကြာသပတေးနေ့မှာ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG