အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ် Augustan မှာ ကျင်းပနေတဲ့ The Masters ဂေါက်သီးပြိုင်ပွဲ စနေနေ့က တတိယနေ့ မကစားခင်မှာ ပြိုင်ပွဲတာဝန်ရှိသူတွေက နာမည်ကြီး Tiger Woods ကို ပြစ်ဒဏ်အနေနဲ့ ၂ ချက် လျှော့ချလိုက်ပါတယ်။ သောကြာနေ့တုန်းက ဒုတိယနေ့ ကစားစဉ်အတွင်းမှာ Tiger Woods ဟာ ပြိုင်ပွဲစည်းကမ်းကို ချိုးဖောက်ခဲ့တဲ့အတွက် သူ့ရဲ့ ရိုက်ချက်ထက် ၂ ချက် ထပ်ပေါင်းပြီး ပြစ်ဒဏ်ပေးလိုက်တာပါ။
သူ့ကို ပြိုင်ပွဲကနေ ထုတ်ပစ်ဖို့ မထုတ်ပစ်ဖို့ နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့အတွက် Augusta အမျိုးသားဂေါက်ကလပ် တာဝန်ရှိသူတွေဟာ စနေနေ့ အစောပိုင်းက ဗွီဒီယိုတွေကို ပြန်ပြီးတော့ လေ့လာခဲ့ကြပါတယ်။ Tiger Woods ရဲ့ လုပ်ရပ်ဟာ ပြစ်ဒဏ်ပေးရမယ့်ကိစ္စဆိုပေမဲ့ ပြိုင်ပွဲကနေတော့ မထုတ်ပယ်သင့်ဘူးလို့ သူတို့က နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။
တတိယနေ့ အပြီးမှာတော့ အမေရိကန်က Brandt Snedeker နဲ့ အာဂျင်တီးနားက Angel Cabrera တို့က သတ်မှတ်ရိုက်ချက်ထက် ၇ ချက် လျော့ရိုက်ပြီး၊ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ Tiger Woods ကတော့ သတ်မှတ်ရိုက်ချက်ထက် ၃ ချက် လျော့ရိုက်ပြီး အဆင့် ၇ မှာ ရှိနေပါတယ်။